China
အရည်ရွှမ်းပင် ချစ်မြတ်နိုးသူ လျိုလျင်က ပန်းအိုးလေးများဖြင့် လုပ်ငန်းကြီး စိုက်ပျိုးအောင်မြင်လာ

ဖူကျိုး၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
နွေရာသီကျောင်းပိတ်ရက် ခရီးသွားရာသီချိန်တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ကျိုးနင်ခရိုင်ရှိ ကျင့်ယွီ ဥယျာဉ်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်၏ အရည်ရွှမ်းပင်(Succulent) စိုက်ပျိုးရေး ဖန်လုံအိမ်အတွင်းသို့ ဝင်ရောက်သွားပါက အသွင်ပုံစံအမျိုးမျိုးဖြင့် အရည်ရွှမ်းပင်ပန်းအိုးလေးများသည် ချစ်စဖွယ်ကောင်းလှသည်။ ကုမ္ပဏီတာဝန်ခံ လျိုလျင်က လာရောက်လေ့လာကြည့်ရှုသော၊ သင်ကြားရေးအတွက် လာရောက်သော ဧည့်သည်များ တစ်သုတ်ပြီးတစ်သုတ်အား ဧည့်ခံရန် အလုပ်များလျက်ရှိသည်။
လွန်ခဲသည့် ၁၀ နှစ်ကျော်က တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျိုးနင်ခရိုင်တွင် ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း လုပ်ကိုင်သည့် လျိုလျင်သည် မထင်မှတ်ဘဲ ပထမဆုံး အရည်ရွှမ်းပင်ပန်းအိုးအား ဝယ်ယူခဲ့ပြီးနောက် အရည်ရွှမ်းပင်နှင့် ရေစက်ဆုံခဲ့ခြင်းဖြစ်ပေသည်။ ဧည့်ခန်းမှ ဝရန်တာအထိ၊ ပန်းအိုးအနည်းငယ်မှ ပန်းအိုး နှစ်ထောင်ကျော်အထိ လျိုလျင်၏အိမ်ထဲတွင် တဖြည်းဖြည်းဖြင့် အရည်ရွှမ်းပင်နိုင်ငံကြီး ဖြစ်လာခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် လျိုလျင်သည် အရည်ရွှမ်းပင်ပန်းအိုးများအား ဗီဒီယိုရိုက်၍ အွန်လိုင်းတွင်တင်ခဲ့ရာ လူအများ ချီးကျူးခြင်းခံခဲ့ရသည်။ ၎င်းသည် စမ်းသပ်လိုသည့်စိတ်သဘောထားဖြင့် အရည်ရွှမ်းပင်အား ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်တွင် ထည့်သွင်းရောင်းချခဲ့ရာ ပထမတစ်ရက်တွင်ပင် ယွမ်တစ်ထောင်ကျော် ရောင်းခဲ့ရသည်။ ထို့နောက် အကျိုးအမြတ် ခံစားရသည့် လျိုလျင်က စတုရန်းမီတာ ၃၀၀ ကျော်ရှိသည့် နေရာကိုငှား၍ အရည်ရွှမ်းပင်သီးသန့်စိုက်ပျိုးရောင်းချမှုများ လုပ်ဆောင်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျိုးနင်ခရိုင် ပန်းမန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ၏ ပံ့ပိုးမှုဖြင့် လျိုလျင်သည် ဖူယွမ်မြို့နယ် “ပန်းမံမြို့လေး” ပန်းမံအခြေစိုက်စခန်းရှိ တရုတ်မူ (Mu) ၁၀ ကျော် ရှိသည့် လစ်လပ်နေသော ဖန်လုံအိမ်အား ငှားရမ်း၍ ကုမ္ပဏီထူထောင်ကာ အရည်ရွှမ်းပင် စိုက်ပျိုးရေး နည်းပညာ သုတေသနပြုလုပ်ဖော်ဆောင်မှု၊ ပျိုးထောင်မှု၊ အသွင်ပုံစံဒီဇိုင်းရေးဆွဲမှု၊ သုတေသနလေ့လာမှု စသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ စိုက်ပျိုးထားသည့် အရည်ရွှမ်းပင်အမျိုးအစားပေါင်း ၂၀၀ ကျော် ရှိသည်။
လတ်တလောနှစ်ပိုင်းတွင် ကျိုးနင်ခရိုင်၌ “သာယာလှပသော ဥယျာဉ် + ပန်းမန်” ဖွံ့ဖြိုးတိုးတက်မှုပုံစံ လမ်းညွှန်ဦးဆောင်မှုဖြင့် လျိုလျင်သည် မိမိ၏ အရည်ရွှမ်းပင်ပန်းအိုးများကို ဒေသတွင်းရှိ ကျေးလက်မိသားစုများစွာသို့ မိတ်ဆက်ပေးခဲ့ရာ ပိုမိုများပြားသော ရွာသူ၊ ရွာသားများက အဆိုပါ သာယာလှပသော ချမ်းသာကြွယ်ဝရေးလုပ်ငန်းတွင် ပါဝင်လာကြသည်။
“ဝရန်တာ နေရာလေးတစ်ခုကနေ စိုက်ခင်းတစ်ခုလုံး မျှော်လင့်ချက်အပြည့် ရှိလာတဲ့အထိ၊ တစ်ဦးတစ်ယောက်ရဲ့ ဝါသနာကနေ လူတစ်အုပ်လိုက်ရဲ့ လမ်းကြောင်းဖြစ်လာတဲ့အထိ၊ ကျွန်မက ပိုများတဲ့ ရွာသူ၊ ရွာသားတွေနဲ့အတူ ဘဝကို အရည်ရွှမ်းပင်လေးတွေလို ပြည့်ပြည့်ဝဝ အရောင်အသွေးစုံလင်အောင် နေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု လျိုလျင်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ကျိုးနင်ခရိုင် စီးချိန်မြို့နယ် ယန်ကျွမ်းရွာတွင် လျိုလျင် (ဝဲဘက်) က ဇူလိုင် ၁၉ ရက်တွင် အရည်ရွှမ်းပင်(Succulent) အပင်ချစ်မြတ်နိုးသူနှင့် စိုက်ပျိုးရေးနည်းပညာအကြောင်း ဖလှယ်ပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ကျိုးနင်ခရိုင်ရှိ ကျင့်ယွီ ဥယျာဉ်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်၏ အရည်ရွှမ်းပင် (Succulent) စိုက်ပျိုးရေး ဖန်လုံအိမ်အတွင်း၌ လျိုလျင် (ဝဲဘက်) က ဇူလိုင် ၁၉ ရက်တွင် အမျိုးသားဖြစ်သူ ကျန်းယွင်ချန်းနှင့် ဆကူးလန့်စ် ပန်းအိုးလေးများအား စီစဉ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
图片故事丨多肉爱好者刘林:小盆栽种出大事业
新华社照片,福州,2025年7月21日
时值暑期旅游旺季,走进福建周宁静宇园艺有限公司多肉种植大棚,一盆盆形态各异的多肉植物憨态可掬,公司负责人刘林正忙着接待一批又一批前来参观、研学的客人。
十多年前,在周宁县做建材生意的刘林偶然购入第一盆多肉植物,从此与多肉结缘。从客厅到阳台,从几盆到两千多盆,刘林家里逐渐成为多肉王国。2020年,刘林将多肉拍成视频发到网上,好评如潮,她抱着试试看的态度将多肉摆到建材店门口售卖,第一天就卖出一千多元,尝到甜头的刘林随后租下300多平方米的空间开始专营多肉植物。
2023年,在周宁县花卉产业发展政策的扶持下,刘林租下浦源镇“花鲤小镇”花卉基地10多亩闲置大棚,成立公司专业从事多肉植物种植技术研发、育种、设计造型、参观研学等业务,种植的多肉植物多达200多个品种。近年来,在周宁县“美丽庭院+花卉”发展模式的引导下,刘林将自己的多肉盆栽推广到当地多个农家小院,带动更多乡亲参与到这项美丽的致富事业中来。“从一方阳台到满园希望,从一个人的爱好到一群人的路,我希望能带动更多乡亲将日子过得像多肉一样饱满、多彩。”刘林说。
1、7月19日,在周宁静宇园艺有限公司多肉种植大棚,刘林(左)在向小游客介绍多肉创意盆栽。 新华社记者 姜克红 摄
2、7月19日,在周宁县狮城镇洋庄村,刘林(左)与一名多肉植物爱好者交流种植技术。新华社记者 姜克红 摄
3、7月19日,在周宁静宇园艺有限公司多肉种植大棚,刘林(左)与丈夫张云昌共同打理多肉盆栽。新华社记者 姜克红 摄