Connect with us

China

တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်အပေါ် အမေရိကန်ဘက်က ပြစ်တင်စွပ်စွဲမှုကို လုံခြုံရေးကောင်စီတွင် တရုတ်ကိုယ်စားလှယ် ချေပပြောဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီက အီရန်နျူကလီးယားအရေး တံခါးဖွင့်ဆွေးနွေးပွဲကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တောင်တရုတ်ပင်လယ်အရေးတွင် အမေရိကန်ကိုယ်စားလှယ်က တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ ပြစ်တင်စွပ်စွဲခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇူလိုင် ၂၂ ရက် ကျင်းပသည့် “နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် အငြင်းပွားမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ခြင်း” အဆင့်မြင့် တံခါးဖွင့်ဆွေးနွေးပွဲ၌ ချေပ ပြောကြားခဲ့သည်။

အဆိုပါနေ့က ကျင်းပသည့် တံခါးဖွင့်ဆွေးနွေးပွဲတွင် တရုတ်ကိုယ်စားလှယ်က အမေရိကန်ကိုယ်စားလှယ်၏ အရှေ့တွင် ပါဝင်ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။ ဖုချုံး၏ ပုံမှန်ဆွေးနွေးမှုများပြီးနောက် အမေရိကန်ကိုယ်စားလှယ်၏ ဆွေးနွေးမှုတွင် တောင်တရုတ်ပင်လယ်အရေးကို ဦးတည်၍ တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ ပြစ်တင်စွပ်စွဲခဲ့သည်။ ဖုချုံးက ဒုတိယအကြိမ် ပါဝင်ဆွေးနွေးပြောကြားရန် တောင်းဆိုခဲ့ပြီး အမေရိကန်ကိုယ်စားလှယ်၏ ပြောကြားချက်ကို ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် ဖုချုံးက တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ကျွန်းများနှင့် ၎င်းအနီးရှိ ပင်လယ်ပြင်အပေါ် အငြင်းပွားဖွယ်မရှိသည့် အချုပ်အခြာအာဏာရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ နယ်မြေပိုက်နက် အချုပ်အခြာအာဏာ၊ ရေကြောင်းအခွင့်အရေးနှင့် အကျိုးစီးပွားတွင် ပြည့်စုံသည့် သမိုင်းနှင့် ဥပဒေအထောက်အထားရှိကြောင်း၊ “တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” အပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်း ပြတ်ပြတ်သားသားရှိကြောင်း၊ “စီရင်ဆုံးဖြတ်ချက်” ဟူသည်ကို တရုတ်နိုင်ငံက လက်မခံသလို အသိအမှတ်မပြုကြောင်း၊ ယင်း ”စီရင်ဆုံးဖြတ်ချက်” ကို အခြေခံသော မည်သည့် အဆိုပြုချက်နှင့် လှုပ်ရှားမှုကိုမဆို လက်မခံကြောင်း၊ ယခုနှစ်များ၌ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် တောင်တရုတ်ပင်လယ် အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားသလို ရေကြောင်းသွားလာခြင်းနှင့် ဖြတ်သန်းပျံသန်းခြင်း လွတ်လပ်မှုသည် မည်သည့် ပြဿနာမျှ မရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံနှင့်အတူ သမိုင်းဖြစ်ရပ်မှန်နှင့် နိုင်ငံတကာဥပဒေကို လေးစားမှု အခြေခံအပေါ်တွင် ပင်လယ်ရေးရာနှင့်စပ်လျဉ်းသည့် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် သင့်လျော်ကောင်းမွန်စွာ စီမံသွားရန် အစဉ်အမြဲ လက်ကိုင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် တောင်တရုတ်ပင်လယ်အရေး၏ သမိုင်းဖြစ်ရပ်ရှုထောင့်နှင့် ပကတိအဖြစ်မှန်ကို အစဉ်အမြဲ မျက်ကွယ်ပြုပြီး နေရာတကာ သွေးခွဲကုန်းတိုက်၍ ဒေသတွင်းနိုင်ငံများ၏ အပြန်အလှန်ယုံကြည်မှုကို ဖျက်ဆီးလျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
အမေရိကန်သည် ယနေ့ထိတိုင် “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” တွင် ပါဝင်ခြင်း မရှိသော်လည်း “သဘောတူညီချက်၏ တရားသူကြီး” နေရာတွင် မိမိကိုယ်ကိုသတ်မှတ်လျက် အခြားနိုင်ငံအား လက်ညှိုးထိုး ပြောင်ပြောင်တင်းတင်း စွက်ဖက်နေခြင်းမှာ ပြက်ရယ်ပြုစရာ မည်မျှကောင်းလှကြောင်း၊ တောင်တရုတ်ပင်လယ်ဒေသတွင် အမေရိကန်ဘက်က မြေပြင်အခြေစိုက် တာလတ်ပစ်ဒုံးကျည်အပါအဝင် ထိုးစစ်ဆင်နိုင်စွမ်းရှိသော လက်နက်များကို ဖြန့်ကြက်လျက်ရှိသေးကြောင်း၊ “ရေကြောင်းလွတ်လပ်ရေး” အမည်တပ်၍ ခေတ်မီ ရေယာဉ်၊ လေယာဉ် အများအပြားကို တောင်တရုတ်ပင်လယ်သို့ အကြိမ်ကြိမ် စေလွှတ်၍ စစ်ရေးထောက်လှမ်းမှု၊ လေ့ကျင့်မှု၊ တရုတ်နိုင်ငံ လေပိုင်နက်သို့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်မှုပြုခဲ့ကြောင်း၊ မည်သူက တောင်တရုတ်ပင်လယ်ကို ရှုပ်ထွေးအောင်၊ ဒေသတွင်းကို ရှုပ်ထွေးအောင် ဆောင်ရွက်နေသနည်းဆိုသည်မှာ လူတိုင်းအသိပင်ဖြစ်ကြောင်း၊ မည်သူက တောင်တရုတ်ပင်လယ်တွင် ဖိအားပေး ဗိုလ်ကျအနိုင်ကျင့်နေခြင်း၊ တောင်တရုတ်ပင်လယ် ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေခြင်းတို့ လုပ်ဆောင်နေသည်မှာ ပြောကြားစရာမလိုအောင် ရှင်းလင်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————
(Chinese Version)
中国代表在安理会驳斥美方在南海问题上对中国的指责
新华社联合国7月22日电 中国常驻联合国代表傅聪22日在联合国安理会“通过多边主义与和平解决争端促进国际和平与安全”高级别公开辩论会上,驳斥美方代表在南海问题上对中国的无端指责。
当天的公开辩论会上,中国代表先于美国代表发言。傅聪进行常规发言后,美国代表在发言中针对南海问题对中国进行无端指责。傅聪要求第二轮发言,对美国代表的发言予以回击。
傅聪说,中国对南海诸岛及其附近海域拥有不可争辩的主权。中国在南海的领土主权和海洋权益具有充分的历史和法理依据。中方在“南海仲裁案”问题上的立场一贯且明确。中国不接受、不承认所谓“裁决”,不接受任何基于该“裁决”的主张和行动。近年来,在中国与东盟国家共同努力下,南海局势保持着总体稳定,航行和飞越自由不存在任何问题。中方一贯坚持同有关当事国在尊重历史事实和国际法的基础上,通过对话协商妥善处理涉海分歧。
傅聪说,美国一直罔顾南海问题的历史经纬和客观事实,到处搬弄是非、挑拨离间,损害地区国家互信。美国至今不加入《联合国海洋法公约》,但常常以“公约法官”身份自居,对他国指手画脚、横加干涉,何其可笑。美方还在南海地区部署包括陆基中程导弹在内的进攻性武器,以“航行自由”为名频繁派遣大规模先进舰机到南海搞军事侦察、演习,公然闯入中国领海领空。究竟是谁想搞乱南海、搅乱地区,人尽皆知;是谁在南海搞胁迫霸凌,威胁南海航行自由,不言自明。(完)
1. 6月24日,在位于纽约的联合国总部,安理会召开伊朗核问题公开会。新华社记者 谢锷 摄