China
ကောင်းကင်နှင့်ကမ္ဘာမြေဗဟိုက သစ်လွင်တောက်ပလျက်ရှိသော တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့

ကျိန့်ကျိုး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ကျိန့်ကျိုးမြို့သည် ဆုန်းဆန်းတောင်၏ အရှေ့ဘက်တောင်ခြေ၊ မြစ်ဝါမြစ်၏ ကမ်းနံဘေးတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏အလယ်ပိုင်း၌ရှိရာ သမိုင်းတွင် “ကောင်းကင်နှင့် ကမ္ဘာမြေ၏ဗဟို” ဟု ခေါ်ဝေါ်ကြသည်။ ကျိန့်ကျိုးမြို့သည် တရုတ်နိုင်ငံ အလယ်ပိုင်းဒေသ၏ အရေးကြီးသည့် အချက်အချာမြို့ဖြစ်သလို နိုင်ငံသမိုင်းယဉ်ကျေးမှုနာမည်ကျော်မြို့၊ နိုင်ငံတကာအသွင် ဘက်စုံ လမ်းပန်းဆက်သွယ်ရေးအချက်အချာနှင့် ဒေသအသွင် သိပ္ပံနည်းပညာဆန်းသစ်ဖန်တီးရာ အဆင့်မြင့်နေရာလည်း ဖြစ်ပေသည်။
ကျိန့်ကျိုးမြို့တစ်ခွင်ကို အရှေ့မှ အနောက်သို့ ကောင်းကင်ပေါ်မှ ကြည့်လျှင် ကျိန့်ကျိုးအရှေ့ဘူတာ၊ ဗဟိုစီးပွားရေးဇုန်၊ ဆန်းမင်းဆက်မြို့ဟောင်း၊ အဲ့ချီအထိမ်းအမှတ်စေတီ စသည့် အထင်ကရအဆောက်အဦများ က ဤမြို့ပြ၏ ရှေးဟောင်းအမှတ်တရနှင့် ယနေ့ခေတ်၏ အငွေ့အသက်များ ချိတ်ဆက်ထားရာ ကျိန့်ကျိုး၏ ဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြလျက်ရှိသည်။
ယခုနှစ်များတွင် ကျိန့်ကျိုးမြို့သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်း၊ မြို့ပြဘက်စုံအင်အားကို မြှင့်တင်ခြင်း၊ နိုင်ငံတစ်ဝန်း တစ်သားတည်းဈေးကွက်ကြီးအား ဝန်ဆောင်မှုပေးရာ၌ ပေါင်းစည်းပါဝင်ခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျုံးယွမ်ဒေသ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းရေး စာမျက်နှာသစ်ရေးခြယ်ရာတွင် “ကြီးမားသည့်တာဝန်ထမ်းဆောင်ကာ အရှေ့တွင် ချီတက်လျက်” ရှိပေသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ကျိန့်ကျိုးမြို့၌ ကျင်းပမည် ဖြစ်ရာ ထိုအခါ ကျိန့်ကျိုးမြို့သည် ရှင်သန်တက်ကြွမှုအပြည့်ဖြင့် အရပ်ရှစ်မျက်နှာမှ လာသောဧည့်သည်များကို ကြိုဆိုနေမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့ ကျိန့်တုန်းရှင်းခရိုင်သစ်ရှိ ဗဟိုစီးပွားရေးဇုန်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့ရှိ အမြန်ရထားလမ်းများအား ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့ရှိ မီးရထားဘူတာကြီးအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့ရှိ မြစ်ဝါမြစ်အပိုင်း မြစ်ကမ်းနံဘေးတွင် ဧကရာဇ် ယန်နှင့် ဧကရာဇ် ဟွမ်၏ ရုပ်တုအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့ရှိ ဘဏ္ဍာရေးကျွန်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
天空之眼瞰祖国|郑州:“天地之中”焕新彩
新华社照片,郑州,2025年7月22日
郑州地处嵩山东麓、黄河之滨,居华夏腹地,史谓“天地之中”。郑州市是我国中部地区的重要中心城市,是国家历史文化名城、国际性综合交通枢纽及区域性科技创新高地。自东向西俯瞰郑州市区,郑州东站、中央商务区、商城遗址、二七纪念塔等地标性建筑串联起这座城市的古老记忆与现代气息,讲述着郑州的传承与发展。 近年来,郑州市在推动高质量发展、提升城市综合实力、融入服务全国统一大市场等工作中不断奋进,在谱写中原大地推进中国式现代化新篇章中“挑大梁、走在前”。
7月23日至27日,上海合作组织媒体智库峰会将在郑州市举行,届时郑州将以蓬勃的姿态迎接八方来客。
1. 这是7月19日拍摄的郑州市郑东新区中央商务区(无人机照片)。新华社记者 李嘉南 摄
2. 这是7月15日拍摄的郑州市郑东新区中央商务区(无人机照片)。新华社记者 郝源 摄
3. 3月31日在河南省郑州市拍摄的纵横交错的高铁线路(无人机照片)。新华社记者 李嘉南 摄
4. 这是7月17日拍摄的郑州市火车站(无人机照片)。新华社记者 李嘉南 摄
5. 这是7月17日拍摄的位于黄河郑州段河畔的炎黄二帝像(无人机照片)新华社记者 李嘉南 摄
6. 这是7月15日拍摄的郑州龙湖金融岛(无人机照片)。新华社记者 郝源 摄