Connect with us

China

တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး အနာဂတ်အတွက် ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်းက တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံသူများ၏ ယေဘုယျသဘောတူညီချက် ဖြစ်လာဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဇူလိုင် ၂၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး အနာဂတ်အတွက် ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်းသည် တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံသူများ၏ ယေဘုယျသဘောတူညီချက် ဖြစ်လာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုတွင် ပါဝင်ရန်၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ပေါင်းစပ်ပါဝင်သည့် လုပ်ငန်းစဉ်အတွင်း ပိုမိုကြီးမားသော လုပ်ဆောင်မှု၊ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီရက်ပိုင်းတွင် အမေရိကန်-တရုတ် စီးပွားရေးကောင်စီက ထုတ်ပြန်သော အစီရင်ခံစာအရ အမေရိကန် လုပ်ငန်းကုမ္ပဏီပေါင်း ၈၂ ရာခိုင်နှုန်းက ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၌ အကျိုးအမြတ် ရရှိခဲ့သည်ဟု သိရကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး၏ မသေချာမရေရာမှုနှင့် စည်းကြပ်ခွန်များသည် ၎င်းတို့လက်ရှိ အပူပန်ဆုံး အကြောင်းအရာဖြစ်သော်လည်း တရုတ်ဈေးကွက်သည် အလွန်အရေးကြီးကြောင်း ယူဆနေဆဲဟု လုပ်ငန်းကုမ္ပဏီများစွာက ဆိုကြကြောင်း၊ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ထိုအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းဟု ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။

“တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး အနာဂတ်အတွက် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းက တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံသူများရဲ့ ယေဘုယျသဘောတူညီချက် ဖြစ်လာတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
ယခုနှစ် မတ်လအထိ နိုင်ငံခြားကုန်သည်များက တရုတ်နိုင်ငံ၌ စုစုပေါင်း လုပ်ငန်းကုမ္ပဏီ ၁.၂၄ သန်း ထူထောင်ထားပြီးဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ နီးပါးရှိကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုကို ကူညီတွန်းအားပေးလိုက်သည့် တစ်ချိန်တည်းတွင် ယေဘုယျအားဖြင့် တိုးတက်မှုအခွင့်အလမ်းများ၊ ပြည့်ဝသောအကျိုးခံစားမှုများ ရရှိခဲ့ကြောင်း ကောကျားခွန်းက ဆိုခဲ့သည်။

အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၌ အသစ်ထူထောင်ထားသည့် နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများသည် ဆယ်ဂဏန်းအရေအတွက် တိုးတက်မှုရှိလာကြောင်း၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ်မြောက်တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှု ကုန်စည်ပြပွဲ (CISCE) တွင် ပါဝင်ပြသသူကုန်သည်အတိုင်းအတာသည် ပထမအကြိမ်၏ နိုင်ငံနှင့်ဒေသပေါင်း ၅၅ ခုမှ ၇၅ ခုအထိ တိုးချဲ့လာခဲ့ကြောင်း၊ ၎င်းအနက် အမေရိကန်မှ ပါဝင်ပြသသူကုန်သည် ပမာဏသည် လွန်ခဲ့သည့်အကြိမ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာရာ ပြည်ပမှပါဝင်ပြသသူကုန်သည်များအနက် အများဆုံးနေရာ၌ ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ လုပ်ငန်းကုမ္ပဏီ ပမာဏအရကြည့်ပါက ပါဝင်ပြသသည့် ကုန်သည်များ၏ ၆၅ ရာခိုင်နှုန်းကျော်သည် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းဝင်ကုမ္ပဏီနှင့် လုပ်ငန်းထိပ်တန်းကုမ္ပဏီများဖြစ်ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများက လှုပ်ရှားမှုဖြင့် တရုတ်စီးပွားရေး အနာဂတ်အလားအလာအတွက် ယုံကြည်မှုမဲပေးလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရသည် မကြာသေးမီက နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံမှုကို အားပေးသည့် အစီအမံအသစ်များ ထုတ်ပြန်ခဲ့ရာ အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို တွန်းအားပေးဖော်ဆောင်လိုသည့် စေတနာနှင့် ဆုံးဖြတ်ချက်ကို ပေါ်လွင်စေကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ “အမေရိကန် အပါအဝင် နိုင်ငံအသီးသီး လုပ်ငန်းကုမ္ပဏီတွေ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုမှာပါဝင်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုမှာ ပေါင်းစပ်ပါဝင်တဲ့ လုပ်ငန်းစဉ်အတွင်း ပိုမိုကြီးမားတဲ့ လုပ်ဆောင်မှု၊ ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ဖို့ ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————
(Chinese Version)
外交部:投资中国、共赢未来,成为全球投资者普遍共识
新华社北京7月23日电(记者冯歆然、邵艺博)外交部发言人郭嘉昆23日表示,投资中国、共赢未来,成为全球投资者普遍共识。中方欢迎各国企业参与中国式现代化,在融入高质量发展进程中实现更大作为、更好发展。
当日例行记者会上,有记者问:近日,美中贸易全国委员会报告显示,82%美国企业2024年在华实现盈利。许多企业表示,中美关系的不确定性和关税是他们当前最担心的问题,但仍认为中国市场至关重要。发言人对此有何评论?
“投资中国、共赢未来,成为全球投资者普遍共识。”郭嘉昆说,截至今年3月,外商在华累计设立企业124万家,投资额近3万亿美元,在助推中国改革开放的同时,普遍获得成长机遇、得到丰厚回报。数据显示,今年上半年全国新设立外资企业实现两位数增长。在刚刚闭幕的第三届链博会上,参展商范围从首届的55个国家和地区扩大到75个,其中美国参展商数量比上届增长15%,继续位列境外参展商之首。从企业规模看,超过65%的参展商是世界500强和行业龙头企业。外资企业用行动为中国经济前景投下了信任票。
郭嘉昆表示,中国政府最近出台鼓励外商投资的新举措,体现了推进高水平对外开放的诚意和决心。“我们欢迎包括美国在内的各国企业参与中国式现代化,在融入高质量发展进程中实现更大作为、更好发展。”(完)