China
တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ချီလျန်ဆန်း အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းသို့ သွားရောက်လေ့လာမှု

ချီလျန် (ချင်းဟိုင်)၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချင်းဟိုင်-ရှီးဇန့်ကုန်းပြင်မြင့် အရှေ့မြောက်အစွန်းပိုင်းရှိ ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ချီလျန်ခရိုင်တွင် အမျိုးသားဥယျာဉ်တစ်ခုအတွင်း၌ တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းတစ်ခု တည်ရှိသည်။ ယင်းမှာ ချီလျန်ဆန်း အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်း (အောက်ဖော်ပြပါသတင်းတွင် ကူညီကယ်ဆယ်ရေးစခန်းဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) ပင်ဖြစ်သည်။
ကူညီကယ်ဆယ်ရေးစခန်းသည် အားရိုရွာပိုင်နက်အတွင်း ချီလျန်တောင်ခြေရှိ အားမီတုန်းစို 5A အဆင့် ရှုခင်းသာအတွင်း၌ တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၃၀၀၀ နီးပါးရှိပြီး ချင်းဟိုင်-ရှီးဇန့်ကုန်းပြင်မြင့်တွင် စွမ်းဆောင်ချက် အပြည့်စုံဆုံး၊ စက်ပစ္စည်းများ ခေတ်အမီဆုံး၊ ကူညီကယ်ဆယ်ရေး အလွယ်ကူဆုံး တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေး အခြေစိုက်စခန်းများအနက် တစ်ခုဖြစ်သည်။
ကူညီကယ်ဆယ်ရေးစခန်းသည် အဓိကအားဖြင့် တောရိုင်းတိရစ္ဆာန်များ ကူညီကယ်ဆယ်ရေး၊ တောရိုင်းတိရစ္ဆာန်များ စုံစမ်းစစ်ဆေး စောင့်ကြည့်ရေး၊ တောရိုင်းတိရစ္ဆာန်များ တောရိုင်းထဲပြန်လွှတ်မှု စောင့်ကြည့်ရေး၊ သိပ္ပံအသိပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်ကြားရေး စသည့် လုပ်ငန်းလုပ်ဆောင်ချက်များကို ထမ်းဆောင်ထားရသည်။
လက်ရှိအထိ အဆိုပါ ကူညီကယ်ဆယ်ရေးစခန်းတွင် တောရိုင်းတိရစ္ဆာန် အမျိုးပေါင်း ၃၆ မျိုး၊ ၂၁၁ ကောင်ကို ကူညီကယ်ဆယ်ထားရာ ၎င်းအနက် တရုတ်ကန္တာရကြောင်၊ လင်းတ၊ နှင်းကျားသစ် စသည့် နိုင်ငံတော် အဆင့် (၁) အဓိက ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်း ၁၀ မျိုးနှင့် ရေခဲတောင်ဆိတ်၊ ရှီးဇန့်ဒရယ်ငယ် စသည့် နိုင်ငံတော် အဆင့် (၂) အဓိက ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်း ၁၇ မျိုးပါဝင်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ချီလျန်ခရိုင်ရှိ ချီလျန်ဆန်း အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းတွင် ကူညီကယ်ဆယ်ထားသော တရုတ်ကန္တာရကြောင်အား ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ချီလျန်ခရိုင်ရှိ ချီလျန်ဆန်း အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းတွင် ကူညီကယ်ဆယ်ထားသော လင်းတအား ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
活力中国调研行|探访祁连山国家公园野生动物救护繁育站
新华社照片,祁连(青海),2025年7月24日
在青藏高原东北缘的青海省海北藏族自治州祁连县,坐落着一座国家公园内的野生动物救护繁育站——祁连山国家公园野生动物救护繁育站(以下简称“救护站”)。救护站地处阿柔乡境内祁连山下阿咪东索5A级景区内,海拔近3000米,是青藏高原功能齐全、设备先进、救护便捷的野生动物救护和繁育基地之一。
救护站主要承担野生动物救护、野生动物调查监测、救助动物放归监测、科普宣传及自然教育等职能。截至目前,救护站累计救助收容野生动物36种211只,其中包括荒漠猫、秃鹫、雪豹等国家一级重点保护野生动物10种,岩羊、藏原羚等国家二级重点保护野生动物17种。
1、这是7月23日在祁连山国家公园野生动物救护繁育站拍摄的被救助的国家二级重点保护野生动物岩羊。新华社记者 孙瑞博 摄
2、这是7月23日在祁连山国家公园野生动物救护繁育站拍摄的被救助的荒漠猫。 新华社记者 孙瑞博 摄
3、这是7月23日在祁连山国家公园野生动物救护繁育站拍摄的被救助的秃鹫。新华社记者 孙瑞博 摄