Africa & Middle East
တရုတ်နည်းပညာက မော်ရီတေးနီးယားနိုင်ငံ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပေး

နာရာချောက် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
မော်ရီတေးနီးယားနိုင်ငံရှိ ၈၀ ရာခိုင်နှုန်းကျော် နယ်မြေများကို သဲကန္တာရက ဖုံးလွှမ်းထားရာ ပူပြင်းခြောက်သွေ့ခြင်း၊ မြေဆီလွှာ ညံ့ဖျင်းခြင်း၊ သဲမုန်တိုင်းတိုက်ခတ်မှု ပြင်းထန်ခြင်းများကြောင့် အပင်များရှင်သန်ရန် ခဲယဉ်းလှသည်။
၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံက ကူညီပေးသော မော်ရီတေးနီးယားနိုင်ငံ မွေးမြူရေးလုပ်ငန်း နည်းပညာ သရုပ်ပြစင်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို Idini ကျေးရွာတွင် တရားဝင် စတင်ခဲ့သည်။
နှစ်ပေါင်းများစွာကာလတွင် တရုတ်ပညာရှင်များက အယ်လဖားဖားပင်များကို အောင်မြင်စွာ ကူးပြောင်းစိုက်ပျိုးနိုင်ခဲ့ရာ ပမာဏအများအပြားအသွင် စိုက်ပျိုးမှုကို ဖော်ဆောင်နိုင်ပြီး ဒေသမွေးမြူရေးအစာလိုအပ်သည့် ပြဿနာကို ဖြေရှင်းခဲ့သည်။ ထို့နောက်မကြာမီ မွေးမြူရေးလုပ်ငန်းသုံး မြက်ပင်အမျိုးအစားများစွာကို ဆာဟာရ သဲကန္တာရတွင် ဆက်တိုက် ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ဖော်ဆောင်လာခဲ့သည်။ နို့စားနွား မွေးမြူရေးနှင့် အမျိုးကောင်း ပျိုးထောင်ရာတွင် သရုပ်ပြစင်တာနှင့် ၎င်းနိုင်ငံ ပြည်တွင်းမွေးမြူရေး လုပ်ငန်းကုမ္ပဏီများက နည်းပညာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ လိုက်လျောညီထွေနေနိုင်စွမ်းအားကောင်း၍ အစာကြမ်း စားသုံးနိုင်သည့် နွားအမျိုးအစားများကို ရွေးချယ်မွေးမြူခဲ့ရာ မွေးမြူရေးဧရိယာရှိ မွေးမြူရေး ထိရောက်အကျိုးဖြစ်ထွန်းစေမှုကို မြှင့်တင်ခဲ့ပြီး မွေးမြူရေးလုပ်သားများ၏ နေထိုင်မှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ဒေသတွင်မွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးတွင် အပြုသဘော အကျိုးဆောင်ပေးခဲ့ပေသည်။ (Xinhua)

မော်ရီတေးနီးယားနိုင်ငံ Idini ကျေးရွာတွင် တရုတ်နိုင်ငံက ကူညီပေးသော မော်ရီတေးနီးယားနိုင်ငံ မွေးမြူရေးလုပ်ငန်း နည်းပညာ သရုပ်ပြစင်တာ ပညာရှင်က နွားများ၏ အစာစားမှုနှင့် ကြီးထွားမှုအခြေအနေအား စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်ရီတေးနီးယားနိုင်ငံ Idini ကျေးရွာတွင် တရုတ်နိုင်ငံက ကူညီပေးသော မော်ရီတေးနီးယားနိုင်ငံ မွေးမြူရေးလုပ်ငန်း နည်းပညာ သရုပ်ပြစင်တာ၌ မွေးမြူရေးလုပ်သားတစ်ဦးက နွားများအား အယ်လဖားဖားပင် အစာကျွေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
中国技术助力毛里塔尼亚畜牧业发展
新华社照片,努瓦克肖特,2025年7月23日
毛里塔尼亚80%以上的国土被沙漠覆盖,炎热干旱,土壤贫瘠,风沙肆虐,植物不易生存。2017年,中国援毛里塔尼亚畜牧业技术示范中心技术合作项目在伊迪尼村正式启动。多年来,中国专家成功引种紫花苜蓿,实现规模化种植,解决了当地饲草料短缺问题。随后,多个牧草品种陆续在撒哈拉沙漠推广。在奶牛养殖与育种方面,示范中心与国内牧业公司开展技术合作,选育适应性强、耐粗饲的种牛,提高了牧区的养殖效益,为改善牧民生活、推动当地畜牧业可持续发展做出积极贡献。
1. 7月18日,在毛里塔尼亚伊迪尼村,牧民在中国援毛里塔尼亚畜牧业技术示范中心的紫花苜蓿田检查喷灌设备的运行情况。新华社记者 韩旭 摄
2. 7月18日,在毛里塔尼亚伊迪尼村,中国援毛里塔尼亚畜牧业技术示范中心专家检查牛群的进食和生长情况。新华社记者 韩旭 摄
3. 7月18日,在毛里塔尼亚伊迪尼村,牧民在中国援毛里塔尼亚畜牧业技术示范中心给牛群喂食紫花苜蓿饲料。新华社记者 韩旭 摄