China
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးကာလအတွင်း ဆင်ဟွာသတင်းဌာနနှင့် မီဒီယာအဖွဲ့အစည်းအများအပြား ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

ကျိန့်ကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးကာလအတွင်း ဆင်ဟွာသတင်းဌာနသည် Turkiye’s Demiroren Media၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ သတင်းအေဂျင်စီများသမဂ္ဂ၊ Belarusian Telegraph Agency စသည့် ပြည်ပမီဒီယာအဖွဲ့အစည်းများနှင့် ဇူလိုင် ၂၄ ရက်က ကျိန့်ကျိုးမြို့တွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များလဲလှယ်ခြင်းနှင့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားများကို သီးခြားစီ ကျင်းပခဲ့သည်။ ထိုသို့ ဆောင်ရွက်သည့် ရည်ရွယ်ချက်မှာ သတင်းအချက်အလက်လဲလှယ်မှု၊ လူပုဂ္ဂိုလ် ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် ခရီးစဉ်သွားရောက်မှု၊ မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ “SCO မိသားစုကြီး” ၏ ပူးပေါင်းဆောင်ရွက်မှု အချိတ်အဆက်ကို နီးကပ်စေရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း သတင်းအချက်အလက် ဖြန့်ချိရေး ထိရောက်နိုင်စွမ်းအား မြှင့်တင်ရန်တို့ ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် Turkiye’s Demiroren Media ဒုတိယ အကြီးအကဲ Abdullah Kose၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ သတင်းအေဂျင်စီများသမဂ္ဂ ညွှန်ကြားရေးမှူးချုပ် Mohammed Alyami၊ Belarusian Telegraph Agency အကြီးအကဲ Iryna Akulovich တို့သည် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လဲလှယ်ခြင်းနှင့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အသီးသီး တက်ရောက်ခဲ့ကြသည်။
ပြည်ပမီဒီယာအဖွဲ့အစည်းတာဝန်ခံများက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ကျင်းပခြင်းမှာ အချိန်အခါနှင့်ကိုက်ညီကြောင်း၊ ယင်းကို အခွင့်အလမ်းအဖြစ်ထားရှိကာ ဆင်ဟွာသတင်းဌာန စသည့် မီဒီယာလုပ်ငန်းတူများနှင့်အတူ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးမှု မြှင့်တင်ခြင်း၊ နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းခြင်းအပေါ် သတင်းတင်ဆက်မှုနှင့် တတ်သိပညာရှင်များ သုတေသနပြုလုပ်မှုဖြင့် တစ်မူထူးခြားသည့်အခန်းကဏ္ဍမှ အပြည့်အဝပါဝင်ဆောင်ရွက်ရန်၊ နိုင်ငံအသီးသီး ပြည်သူစိတ်နှလုံးချင်းဆက်နွှယ်မှု မြှင့်တင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးအတွက် အကျိုးဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြသည်။
Abdullah Kose က သတင်းဌာနနှစ်ခု လက်မှတ်ရေးထိုးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်လဲလှယ်ခြင်းသည် တူကီယဲ- တရုတ် နှစ်နိုင်ငံ သတင်းဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ တူကီယဲနှင့် အိမ်နီးချင်းနိုင်ငံနှင့်ဒေသများ၏ ပရိသတ်များထံသို့ ကျယ်ပြန့်သည့်ကဏ္ဍ၊ ပုံစံအမျိုးမျိုးဖြင့် တရုတ်နိုင်ငံကို နားလည်သိရှိစေသည့် ပြတင်းပေါက်သစ်ကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သူလူထုကလည်း မီဒီယာပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတားမှတစ်ဆင့် တူကီယဲနိုင်ငံအပေါ် သိရှိနားလည်မှု နက်ရှိုင်းလာပြီး ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Mohammed Alyami က တရုတ်နိုင်ငံ သတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းက ကျယ်ပြန့်သည့်အလားအလာရှိသည်ဟု ယူဆသည်။ ဆင်ဟွာသတင်းဌာနနှင့်အတူ သတင်းအချက်အလက်ဖလှယ်မှု စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားရန်၊ နားလည်သိရှိမှုနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ရန်၊ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံသာယာဝပြောရေးအတွက် ထောက်ပံ့အားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Iryna Akulovich က ယနေ့ ကမ္ဘာ့တောင်ဘက်ခြမ်းသည် ထင်ထင်ရှားရှား အင်အားကြီးလာရာ ၎င်း၏အဖွဲ့ဝင်အနေဖြင့် ဘီလာရုဇ်သည် ဆင်ဟွာသတင်းဌာနနှင့်အတူ ဓာတ်ပုံသတင်း၊ ဗီဒီယို စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်၊ ကူးလူးဖလှယ်မှုများ နက်ရှိုင်းစေရန်၊ နိုင်ငံတကာအသိုက်အဝန်းအတွက် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အားကောင်းတောင့်တင်းသည့် အသံများထုတ်လွှင့်ရေးအတွက် အတူတကွ အားထုတ်အကျိုးပြုသွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင် ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့တွင် ကျင်းပလျက်ရှိရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ လမ်းညွှန်မှုဖြင့် ဆင်ဟွာသတင်းဌာန၊ တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ၊ ဟဲနန်ပြည်နယ် ပြည်သူ့အစိုးရ တို့အတူ ပူးတွဲကြီးမှူးကျင်းပခြင်း ဖြစ်သည်။ (Xinhua)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် Belarusian Telegraph Agency အကြီးအကဲ Iryna Akulovich တို့ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
上海合作组织媒体智库峰会期间 新华社同多家媒体机构签约推进合作
新华社郑州7月24日电(记者孙奕、袁月明)上海合作组织媒体智库峰会期间,新华社同土耳其德米罗兰通讯社、伊斯兰合作组织新闻通讯社联盟、白俄罗斯国家通讯社等外国媒体机构24日在郑州分别举行合作文本交换及签约仪式,旨在推动新闻信息交换、人员交流互访、媒体融合发展等领域合作,拉紧“上合大家庭”合作纽带,提升全球南方信息传播效能。
新华社社长傅华同土耳其德米罗兰通讯社副社长阿卜杜拉·柯塞、伊斯兰合作组织新闻通讯社联盟总干事穆罕默德·阿勒亚米、白俄罗斯国家通讯社社长伊琳娜·阿库洛维奇分别出席合作文本交换及签约仪式。
外方媒体机构负责人表示,上海合作组织媒体智库峰会举行恰逢其时。愿以此为契机,同新华社等媒体同行充分发挥新闻报道和智库研究对加强文明对话、深化理解互信的独特作用,为促进各国民心相通、推动世界和平与发展作出贡献。
柯塞表示,两社签署和交换合作文本标志着土中两国新闻机构合作水平提升到了新高度,为土耳其及周边国家与地区的受众打开了宽领域、多形式了解中国的崭新窗口,相信中国民众也将通过媒体合作桥梁加深对土方的了解,促进交流互鉴。
阿勒亚米认为,同中方新闻机构加强合作具有广阔前景。期待同新华社加强新闻信息交换等领域合作,增进了解与友谊,助力各自发展与共同繁荣。
阿库洛维奇说,当今全球南方卓然壮大,白俄罗斯作为其中一员,愿同新华社继续加强图文、视频等方面合作,深化交往交流,共同为在国际社会发出全球南方强有力声音贡献力量。
上海合作组织媒体智库峰会于23日至27日在河南郑州举行,由中国国务院新闻办公室指导,新华社、中国社会科学院、河南省人民政府共同主办。(完)
1. 7月24日,新华社社长傅华在郑州分别会见来华出席上海合作组织媒体智库峰会的部分外国媒体机构负责人。这是傅华会见伊斯兰合作组织新闻通讯社联盟总干事穆罕默德·阿勒亚米。 新华社记者 黄敬文 摄
2. 7月24日,新华社社长傅华在郑州分别会见来华出席上海合作组织媒体智库峰会的部分外国媒体机构负责人。这是傅华会见白俄罗斯国家通讯社社长伊琳娜·阿库洛维奇。 新华社记者 黄敬文 摄