Connect with us

China

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မီဒီယာ တာဝန်ခံများက ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး နက်ရှိုင်းစေရေး ဆွေးနွေး

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ကာဂျစ္စတန်နိုင်ငံ Kabar သတင်းဌာန အကြီးအကဲ Mederbek Shermetaliev တို့ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

 

ကျိန့်ကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့၌ တရုတ်နိုင်ငံသို့ လာရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး တက်ရောက်သည့် အချို့သော နိုင်ငံခြားမီဒီယာအဖွဲ့အစည်း တာဝန်ခံများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး မကြာမီ ကျင်းပတော့မည့် အခါသမယတွင် ယခုအကြိမ် မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးသည် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ ဖွံ့ဖြိုးတိုးတက်မှု အတူဖော်ဆောင်ရေးအတွက် ပေါင်းကူးတံတား တည်ဆောက်ပေးလိုက်ကြောင်း၊ ကူးလူးဖလှယ် တွေ့ဆုံဆွေးနွေးမှုကို တိုးချဲ့ပြီး ဉာဏ်ပညာရလဒ်များကို အတူမျှဝေသွားလိုကြောင်း၊ ဘက်အသီးသီး အတူလက်တွဲ၍ စည်းလုံးညီညွတ်မှု ဖော်ဆောင်သော၊ အပြန်အလှန် ယုံကြည်မှု မြှင့်တင်သော၊ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်သော၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သော ဦးတည်ချက်ဆီသို့ တက်လှမ်းရန် နည်းကောင်းလမ်းပြအကြံပြုချက်များ ပေးအပ်သွားလိုကြောင်း ဘက်အသီးသီး တစ်ပြေးညီယူဆကြသည်။

ဖုဟွာက SCO အဖွဲ့ဝင်နိုင်ငံမှ မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဟူသည့် တရုတ်ယဉ်ကျေးမှုနှင့် တရုတ်လူမျိုးစုတို့၏ အဓိကမြစ်ဖျားခံရာဒေသ၌ စုစည်း၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကြီးအား အတူဆွေးနွေးကာ SCO စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု သဘောတူညီချက်များ စုစည်းခြင်းကို ကြိုဆိုပါကြောင်း၊ ဘက်အသီးသီးနှင့်အတူလက်တွဲ၍ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွ သာယာဝပြောမှု၊ ငြိမ်းချမ်းရေး အတူတကွ မြှင့်တင်မှု ဟူသည့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများကို ကောင်းမွန်စွာ တင်ဆက်ခြင်းဖြင့် SCO သာယာလှပသော မိသားစုဥယျာဉ် အတူတကွတည်ဆောက်ရေးအတွက် ဉာဏ်ပညာနှင့် အင်အားဖြင့် အကျိုးထမ်းဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ သတင်းအေဂျင်စီများသမဂ္ဂ ညွှန်ကြားရေးမှူးချုပ် Mohammed Alyami က သတင်းမီဒီယာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အာရပ်ဘာသာစကား ပရိသတ်များထံသို့ တရုတ်နိုင်ငံ အကြောင်းအရာများကို တက်တက်ကြွကြွ ကောင်းမွန်စွာ ဖြန့်ချိတင်ဆက်သွားလိုကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့် သတင်းအချက်အလက်ဖလှယ်မှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ အဆက်မပြတ်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Belarusian Telegraph Agency အကြီးအကဲ Iryna Akulovich က ယခုအကြိမ် တရုတ်နိုင်ငံ ဟဲနန်ခရီးစဉ်တွင် တရုတ်ယဉ်ကျေးမှု၏ သမိုင်းကြောင်းကြာရှည်မှုနှင့် တရုတ်နိုင်ငံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အောင်မြင်မှုများကို နက်နက်ရှိုင်းရှိုင်း ခံစားရကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာစည်းစနစ်၏ အရေးကြီးစောင့်ရှောက်သူဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလိုလားသည့် ပိုမိုများပြားသူများက တရုတ်နိုင်ငံအပေါ် အာရုံစိုက်လာကြကြောင်း၊ သတင်းဌာနနှစ်ခု ကူးလူးဆက်ဆံမှုအား အစွမ်းကုန် တွန်းအားပေး၍ သတင်းဌာနနှစ်ခု လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်အား အဆက်မပြတ် ဖွင့်လှစ်သွားလိုကြောင်း ပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ Kabar သတင်းဌာန အကြီးအကဲ Mederbek Shermetaliev က Kabar သတင်းဌာနအနေဖြင့် ဆင်ဟွာသတင်းဌာန၏ လတ်တလောနှစ်ပိုင်းအတွင်း ဖော်ဆောင်သည့် မီဒီယာနှင့် တတ်သိပညာရှင်များ နိုင်ငံတကာ ကူးလူးဖလှယ်မှု အခမ်းအနားများတွင် ပါဝင်ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ သတင်းဌာနနှစ်ခုက လူပုဂ္ဂိုလ်များ သွားလာဆက်ဆံမှုကို အတူတကွ မြှင့်တင်ပြီး ကူးလူးဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုကို တွန်းအားပေးကာ နှစ်နိုင်ငံက SCO မူဘောင်အောက်တွင် ပိုမိုရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန်အတွက် အကျိုးထမ်းဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ TASS သတင်းဌာန အကြီးအကဲ Andrey Kondrashov က TASS သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့သည် နီးကပ်သည့် ကူးလူးဆက်ဆံမှုများ ထိန်းသိမ်းထားကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်တွင် အပြန်အလှန် ထောက်ခံအားပေး၍ နီးကပ်စွာ တွဲဖက်လုပ်ဆောင်ခဲ့ကြောင်း၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး သတင်းဌာနနှစ်ခု ဆက်ဆံရေးမြှင့်တင်ကာ ရုရှား-တရုတ် ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသွားလိုကြောင်း ပြောကြားခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက် အထိ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့တွင် ကျင်းပလျက်ရှိရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ လမ်းညွှန်မှုဖြင့် ဆင်ဟွာသတင်းဌာန၊ တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ၊ ဟဲနန်ပြည်နယ် ပြည်သူ့အစိုးရ တို့အတူ ပူးတွဲကြီးမှူးကျင်းပခြင်း ဖြစ်သည်။ (Xinhua)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ရုရှားနိုင်ငံ TASS သတင်းဌာန အကြီးအကဲ Andrey Kondrashov တို့ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
上海合作组织媒体负责人探讨进一步深化交流合作
新华社郑州7月24日电(记者孙奕、袁睿)新华社社长傅华24日在郑州分别会见来华出席上海合作组织媒体智库峰会的部分外国媒体机构负责人。各方一致认为,在上海合作组织天津峰会即将举行之际,此次媒体智库峰会为深化合作、共谋发展搭建了桥梁。愿拓展交流对话,共享智慧成果,为各方携手朝着求团结、增互信、谋发展、促合作的方向迈进建言献策。
傅华表示,欢迎上合组织国家媒体智库代表齐聚河南这一中华文明和中华民族的重要发祥地,一道探讨团结合作大计,凝聚上合组织可持续发展共识。期待各方携手讲好共同发展、共同繁荣、共促和平的友好合作故事,为共建上合组织美好家园贡献智慧和力量。
伊斯兰合作组织新闻通讯社联盟总干事穆罕默德·阿勒亚米说,新闻媒体在国家发展中扮演重要角色。愿积极向阿语受众传播好、展示好中国故事,期待与新华社在新闻交换等领域合作不断结出硕果。
白俄罗斯国家通讯社社长伊琳娜·阿库洛维奇说,此次河南行让人深切感受到中华文明的源远流长和中国高质量发展的成就。中国是国际秩序的重要捍卫者,越来越多向往和平的人们将目光投向中国。愿不遗余力推动两社交流往来,不断开启两社务实合作新篇章。
吉尔吉斯斯坦卡巴尔国家通讯社社长梅杰尔别克·舍尔梅塔利耶夫说,卡巴尔通讯社很高兴能参与到新华社近年来开展的一系列媒体智库国际交流活动中,期待两社共促人员往来,推动交流互鉴,为两国在上合组织框架下开展更为密切的合作做出贡献。
塔斯社社长安德烈·孔德拉绍夫说,塔斯社同新华社保持着频密的交流往来,在多边合作机制下相互支持、密切配合。愿进一步深化拓展战略合作,提升两社关系,为俄中新时代全面战略协作伙伴关系高水平发展提供助力。
上海合作组织媒体智库峰会于23日至27日在河南郑州举行,由中国国务院新闻办公室指导,新华社、中国社会科学院、河南省人民政府共同主办。(完)
1、7月24日,新华社社长傅华在郑州分别会见来华出席上海合作组织媒体智库峰会的部分外国媒体机构负责人。这是傅华会见吉尔吉斯斯坦卡巴尔国家通讯社社长梅杰尔别克·舍尔梅塔利耶夫。 新华社记者 黄敬文 摄
2、7月24日,新华社社长傅华在郑州分别会见来华出席上海合作组织媒体智库峰会的部分外国媒体机构负责人。这是傅华会见塔斯社社长安德烈·孔德拉绍夫。 新华社记者 黄敬文 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.