China
ရှီကျင့်ဖိန်က တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်သစ်များ၏ ခန့်အပ်လွှာကို လက်ခံ

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ၁၆ ဦး၏ သံအမတ်ခန့်အပ်လွှာပေးအပ်မှုကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက လက်ခံခဲ့သည်။
ပြည်သူ့ခန်းမဆောင် မြောက်ဘက်တံခါးအပြင်တွင် ဂုဏ်ပြုတပ်ဖွဲ့သည် တည်ကြည်ခန့်ညားစွာ စီတန်းကာ ခရာမှုတ်၍ ကြိုဆိုခဲ့သည်။ သံတမန်များအသီးသီး ရောက်ရှိလာပြီး အလံတပ်ဖွဲ့အား ဖြတ်သန်းကာ အဖြူရောင် စကျင်ကျောက်လှေကားထစ်သို့ တက်လှမ်းခဲ့ကြသည်။
ကြီးမားလှသည့် နံရံပန်းချီကား “လှပလွန်းသော တို့တိုင်းပြည်” ၏အရှေ့တွင် ရှီကျင့်ဖိန်သည် သံတမန်များ၏ ခန့်အပ်လွှာအား အသီးသီးလက်ခံပြီး ၎င်းတို့နှင့်အတူ စုပေါင်းအမှတ်တရဓာတ်ပုံများ အသီးသီး ရိုက်ကူးခဲ့သည်။
အဆိုပါသံတမန်များမှာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများဖြစ်ကြသော ဗီယက်နမ် သံအမတ်ကြီး Pham Thanh Binh ၊ ပနားမား သံအမတ်ကြီး Miguel Lecaro Barcenas ၊ ဒိုမီနီကန် သံအမတ်ကြီး Jose Julio Gomez Beato ၊ အယ်လ်ဘေးနီးယား သံအမတ်ကြီး Riza Poda ၊ နယူးဇီလန် သံအမတ်ကြီး Jonathan Edward Austin ၊ ပါပူအာ နယူးဂီနီ သံအမတ်ကြီး Thaddeus Kambanei ၊ အင်ဂိုလာ သံအမတ်ကြီး Dalva M. C. R. Allen ၊ အီဂျစ်သံအမတ်ကြီး Khaled Nazmy ၊ နီကာရာဂွါ သံအမတ်ကြီး Ramiro Jose Cruz Flores ၊ အီရန် သံအမတ်ကြီး Abdolreza Rahmani Fazli ၊ ချီလီ သံအမတ်ကြီး Pablo Arriaran ၊ ယူကရိန်း သံအမတ်ကြီး Olexander Nechytaylo ၊ ဘီနင် သံအမတ်ကြီး Franck E. W. Adjagba ၊ အမေရိကန် သံအမတ်ကြီး David Alfred Perdue Jr ၊ အစ္စရေး သံအမတ်ကြီး Eliav Belotsercovsky ၊ တောင်ဆူဒန် သံအမတ်ကြီး Morris Simon Batali တို့ ဖြစ်ကြသည်။ ထို့အပြင် ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev ကိုလည်း လက်ခံတွေ့ဆုံခဲ့သည်။
အခမ်းအနားပြီးနောက် ရှီကျင့်ဖိန်သည် ပေကျင်းခန်းမတွင် သံတမန်များအား အမှာစကားပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က သံတမန်များ တရုတ်နိုင်ငံသို့ လာရောက်၍ တာဝန်ထမ်းဆောင်ခြင်းအပေါ် ကြိုဆိုကြောင်း၊ ၎င်းတို့အား ကိုယ်စီသက်ဆိုင်ရာနိုင်ငံများ၏ အကြီးအကဲနှင့် ပြည်သူအများအပေါ် ဆုမွန်ကောင်းတောင်းစကား တစ်ဆင့်ပြောကြားပေးရန် ပြောကြားခဲ့သည်။ သံတမန်များအနေဖြင့် တရုတ်နိုင်ငံကို ဘက်စုံ၊ နက်ရှိုင်းစွာ နားလည်သိရှိကာ တရုတ်နိုင်ငံနှင့် နိုင်ငံအသီးသီး ချစ်ကြည်ရေး နက်ရှိုင်းစေရေး၊ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီး ကူးလူးဖလှယ်မှု တိုးမြှင့်စေရေး အကျိုးထမ်းဆောင်ကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုအား အစဉ်အမြဲတန်ဖိုးထားရာ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှဆက်ဆံမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို အခြေခံ၍ နိုင်ငံအသီးသီးနှင့်အတူ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်၊ ကဏ္ဍအသီးသီး ကူးလူးဖလှယ်မှုများ အားဖြည့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။
လက်ရှိ တရုတ်နိုင်ငံသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုဖြင့် အင်အားကြီးနိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ကြီးမြတ်သည့်လုပ်ငန်းကို ဘက်စုံတွန်းအားပေး ဆောင်ရွက်လျက်ရှိရာ စီးပွားရေးသည် စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို အခိုင်အမာ မမှိတ်မသုန် ဆောင်ရွက်ကာ ဧရာမကြီးမားလှသည့်ဈေးကွက်၏ အကျိုးအမြတ်ကို ထုတ်လွှတ်ပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်ကို နိုင်ငံအသီးသီး၏ အခွင့်အလမ်းအသစ် ဖြစ်စေကာ ကမ္ဘာ့စီးပွားရေး တိုးတက်ရန်အတွက် ပိုမိုများပြားသော သေချာရေရာမှုများကို ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အရှိန်အဟုန်ဖြင့် ဆင့်ကဲပြောင်းလဲနေသည့် ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများနှင့် အပြောင်းအလဲများဖြင့် ရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးသည် မည်သည့်အချိန်ကထက်မဆို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပို၍လိုအပ်ကြောင်း၊ သဘောထားကြီးမှုဖြင့် စည်းခြားမှု၊ ပဋိပက္ခဖြစ်မှုကို ကျော်လွှားရမည် ဖြစ်သလို ကြီးမားသည့် မေတ္တာတရားဖြင့် လူသားမျိုးနွယ်၏ကံကြမ္မာကို စောင့်ရှောက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်သလို ကုလသမဂ္ဂတည်ထောင်သည့် နှစ် ၈၀ ပြည့်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာစည်းစနစ်ကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ ဖော်ဆောင်သူ၊ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှု၏ တွန်းအားပေးသူ၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း၏ တည်ဆောက်သူအဖြစ် လုပ်ဆောင်ကာ ဤကမ္ဘာဂြိုဟ်၏ ပိုမိုသာယာလှပသော အနာဂတ်ကို လက်တွဲအတူ ဖွင့်လှစ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
习近平接受外国新任驻华大使递交国书
新华社北京7月25日电(记者邵艺博、曹嘉玥)7月25日上午,国家主席习近平在北京人民大会堂接受16位驻华大使递交国书。
人民大会堂北门外,礼兵庄严列队,迎宾号角吹响。使节们相继抵达,穿过旗阵,沿汉白玉台阶拾级而上。
在巨幅壁画《江山如此多娇》前,习近平分别接受使节们递交国书,并同他们一一合影。
他们是:越南驻华大使范清平、巴拿马驻华大使雷鸣、多米尼加驻华大使戈麦斯、阿尔巴尼亚驻华大使波达、新西兰驻华大使乔文博、巴布亚新几内亚驻华大使卡姆巴内、安哥拉驻华大使艾伦、埃及驻华大使纳兹米、尼加拉瓜驻华大使孔乐然、伊朗驻华大使法兹里、智利驻华大使阿里亚兰、乌克兰驻华大使涅奇塔伊洛、贝宁驻华大使阿贾巴、美国驻华大使庞德伟、以色列驻华大使贝以理、南苏丹驻华大使莫里斯。习近平还接见了上海合作组织秘书长叶尔梅克巴耶夫。
仪式结束后,习近平在北京厅对使节们发表讲话。
习近平欢迎使节们来华履新,请他们转达对各自国家领导人和人民的良好祝愿,希望使节们全面、深入了解中国,为深化中国同各国友谊、增进中国同世界交往作出积极贡献。
习近平指出,中国始终珍视同世界各国人民的友好情谊,愿在相互尊重、平等相待、互利共赢的基础上同各国开展全方位合作,加强各领域交流。当前,中国正以中国式现代化全面推进强国建设、民族复兴伟业,经济持续稳中向好。中国将坚定不移扩大高水平对外开放,释放超大规模市场红利,让中国新发展成为各国的新机遇,为世界经济增长注入更多确定性。
习近平强调,面对加速演进的世界百年变局和变乱交织的国际形势,各国比以往任何时候都更加需要团结合作,以宽广胸襟超越隔阂冲突,以博大情怀关照人类命运。今年是中国人民抗日战争暨世界反法西斯战争胜利80周年,也是联合国成立80周年。中国愿同各国一道,坚定维护以联合国为核心的国际体系和以国际法为基础的国际秩序,做友好合作的践行者、文明互鉴的推动者、人类命运共同体的构建者,携手开创这个星球更加美好的未来。
王毅参加上述活动。(完)
1. 7月25日上午,国家主席习近平在北京人民大会堂接受16位驻华大使递交国书。这是仪式结束后,习近平在北京厅对使节们发表讲话。 新华社记者 谢环驰 摄