Connect with us

China

ဝမ်ရိနှင့် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir တို့ ဇူလိုင် ၂၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir နှင့် ဇူလိုင် ၂၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက လတ်တလောနှစ်ပိုင်းအတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန် အကြီးအကဲတို့၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-ပါကစ္စတန်ဆက်ဆံရေးသည် အဆက်မပြတ် ရှေ့သို့ တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပါကစ္စတန်အား အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ရေးတွင် ဦးစားပေး ဦးတည်ချက်အဖြစ် အစဉ်အမြဲ ထားရှိကြောင်း၊ ပါကစ္စတန်က အကြမ်းဖက်ဝါဒ ပုံစံအားလုံးအား ပြတ်သားစွာ တိုက်ဖျက်မှုအပေါ် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Asim Munir က တရုတ်နိုင်ငံနှင့်ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ခြင်းသည် ပါကစ္စတန် လူမှုအသိုက်အဝန်း တစ်ခုလုံး၏ သဘောတူညီချက်ဖြစ်ကြောင်း၊ ပါကစ္စတန်စစ်တပ်အနေဖြင့် ပါကစ္စတန်ရှိ တရုတ်နိုင်ငံ လူပုဂ္ဂိုလ်၊ စီမံကိန်းနှင့် အဖွဲ့အစည်းများ ဘေးကင်းလုံခြုံမှုကို အာမခံပေးရန် လိုအပ်သော အစီအမံအားလုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တက်ကြွစွာ တွန်းအားပေး ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
王毅会见巴基斯坦陆军参谋长穆尼尔
新华社北京7月24日电 中共中央政治局委员、中央外办主任王毅24日在京会见巴基斯坦陆军参谋长穆尼尔。
王毅表示,近年来,在习近平主席和巴方领导人战略引领下,中巴关系不断向前发展。中方将一如既往把巴基斯坦置于周边外交优先方向,支持巴方坚决打击一切形式的恐怖主义。
穆尼尔表示,发展对华友好合作是巴全社会的共识。巴军方将继续采取一切必要措施保障在巴中国人员、项目和机构安全,愿积极推动两国加强反恐合作。(完)
图说:7月24日,中共中央政治局委员、中央外办主任王毅在北京会见巴基斯坦陆军参谋长穆尼尔。 新华社记者 丁林 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.