Connect with us

China

တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ – သိပ္ပံနည်းပညာရလဒ်များ ပြောင်းလဲမှု၏ ထိရောက်မှုစွမ်းအားကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဟု တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဆို

ဆင်ဟွာသတင်းဌာနမှ စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး အပိုင်း ၂၀ တွင် တရုတ်နိုင်ငံ သိပ္ပံနည်းပညာဝန်ကြီးဌာန အမှတ် (၇) ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ချင်ဟောက်ယွမ် ပါဝင်ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး နည်းပညာလွှဲပြောင်းမှုစနစ် ပြည့်စုံကောင်းမွန်လာအောင် အဆက်မပြတ်လုပ်ဆောင်၍ လုပ်ငန်းဌာနဆိုင်ရာ သိပ္ပံနည်းပညာရလဒ်များဖြင့် ပြုပြင်ပြောင်းလဲမှုကို လုပ်ပိုင်ခွင့်အားဖြည့်မှုအား နက်ရှိုင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဌာနဆိုင်ရာ သိပ္ပံနည်းပညာရလဒ် ပိုင်ဆိုင်မှုစာရင်းအား သီးသန့်စီမံခန့်ခွဲသည့်စနစ် တည်ဆောက်ကာ သိပ္ပံနည်းပညာရလဒ်များ ထိရောက်သည့်စွမ်းအားအသွင် ပြောင်းလဲရန် စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သိပ္ပံနည်းပညာဝန်ကြီးဌာန အမှတ် (၇) ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ချင်ဟောက်ယွမ်က ဇူလိုင် ၂၈ ရက်တွင် ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး အပိုင်း ၂၀ ၌ ပြောကြားခဲ့သည်။
“သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်းဆန်းသစ်တီထွင်မှုတို့ နက်ရှိုင်းစွာပေါင်းစပ်မှုကို တွန်းအားပေးရာမှာ အရေးကြီးဆုံးက သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုရလဒ် ပြောင်းလဲမှုကို အသေးစိတ်လုပ်ငန်းနဲ့ လုပ်ငန်းကွင်းဆက်မှာ အချိန်မီ လက်တွေ့အသုံးပြုဖို့ပဲဖြစ်ပါတယ်” ဟု ချင်ဟောက်ယွမ်က ဆိုသည်။ လက်ရှိတွင် သိပ္ပံနည်းပညာရလဒ်အား ပြောင်းလဲရာတွင် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများ၏ အရည်အသွေးမြင့် သိပ္ပံနည်းပညာရလဒ် ဖန်တီးမှုနှင့် ပြောင်းလဲမှုအပေါ် နှိုးဆွပေးမှု မလုံလောက်ခြင်း၊ လုပ်ငန်းဌာနဆိုင်ရာ သိပ္ပံနည်းပညာရလဒ် နိုင်ငံပိုင်ပစ္စည်း စီမံခန့်ခွဲမှုပုံစံနှင့် သိပ္ပံနည်းပညာရလဒ် ပြောင်းလဲမှု စည်းမျဉ်း လိုက်လျောညီထွေမှုမရှိခြင်း စသည့်ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ရလဒ်ပြောင်းလဲမှု၏ “နောက်ဆုံးတစ်ကီလိုမီတာ” ခရီးအား အဆုံးထိ လျှောက်လှမ်းနိုင်ရန်အတွက် လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် သိပ္ပံနည်းပညာရလဒ် ပြောင်းလဲမှု ယန္တရားအား စဉ်ဆက်မပြတ် တိုးတက်ပြည့်စုံအောင် လုပ်ဆောင်ခဲ့ကြောင်း၊ လုပ်ငန်းဌာနဆိုင်ရာ သိပ္ပံနည်းပညာရလဒ်ဖြင့် လုပ်ပိုင်ခွင့်အားဖြည့်ပေးခြင်း၊ လုပ်ငန်းဌာနဆိုင်ရာ သိပ္ပံနည်းပညာရလဒ် ပိုင်ဆိုင်မှုစာရင်း သီးသန့်စီမံခန့်ခွဲခြင်း၊ သိပ္ပံနည်းပညာရလဒ် အကဲဖြတ်ခြင်း ဟူသည့် ပြုပြင်ပြောင်းလဲမှု စမ်းသပ်မှု ၃ ခုကို တွန်းအားပေးဖော်ဆောင်ပေးကာ ကောင်းမွန်သည့်ပုံစံနှင့် အတွေ့အကြုံ လုပ်ပုံလုပ်နည်းများစွာ ဖြစ်တည်လာကြောင်း ချင်ဟောက်ယွမ်က မိတ်ဆက်ပြောကြားခဲ့သည်။

လုပ်ငန်းဌာနဆိုင်ရာ သိပ္ပံနည်းပညာရလဒ်ဖြင့် လုပ်ပိုင်ခွင့်အားဖြည့်ပေးမှု စမ်းသပ်မှုလုပ်ဆောင်သည့် ၃ နှစ်အတွင်း ဌာနပေါင်း ၄၀ မှ သိပ္ပံသုတေသနဝန်ထမ်းများအား လုပ်ပိုင်ခွင့်အားဖြည့်ပေးသည့် ရလဒ်ပေါင်း ၄,၀၀၀ ကျော်ခဲ့သည်။ လွှဲပြောင်းပေးမှု၊ ခွင့်ပြုပေးမှု၊ တန်ဖိုးအကဲဖြတ် ရင်းနှီးမြှုပ်နှံမှု ဟူသည့် နည်းလမ်းသုံးမျိုးဖြင့် သိပ္ပံနည်းပညာရလဒ် ပြောင်းလဲသည့် သဘောတူညီချက် ပမာဏသည် ယွမ် ၁၂ ဘီလီယံကျော်ရှိကာ စမ်းသပ်မှု မလုပ်ဆောင်မီ သုံးနှစ်ကထက် ၁၂၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ တစ်ချိန်တည်းတွင် ပြည်နယ်ပေါင်း ၂၈ ခုရှိ ဌာနပေါင်း ၇၀၀ နီးပါး၌ ပြည်နယ်အဆင့် လုပ်ပိုင်ခွင့်အားဖြည့်သည့် စမ်းသပ်မှုများ ဖော်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဌာနဆိုင်ရာ သိပ္ပံနည်းပညာရလဒ်စာရင်း သီးသန့်စီမံခန့်ခွဲမှုနှင့် ပြုပြင်ပြောင်းလဲမှု စမ်းသပ်မှုကြောင့် ရှန်ဟိုင်း၊ ကျဲ့ကျန်း၊ ဆန်ရှီး စသည့် ပြည်နယ် ၁၇ ခုတွင် ပြုပြင်ပြောင်းလဲ စူးစမ်းလေ့လာမှုလုပ်ဆောင်လာပြီး ပြည်နယ် ၁၀ ခုက သိပ္ပံနည်းပညာရလဒ်အား တန်ဖိုးအကဲဖြတ် ရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်တည်လာသော နိုင်ငံပိုင်အစုရှယ်ယာပိုင်ဆိုင်မှုကို တန်ဖိုးထိန်းသိမ်းမှုနှင့်မြှင့်တင်မှု စီမံခန့်ခွဲရေး အကဲဖြတ်မှု အတိုင်းအတာထဲတွင် ထည့်သွင်းထားမည်မဟုတ်ပေ။ သိပ္ပံနည်းပညာရလဒ် အကဲဖြတ်မှု ပြုပြင်ပြောင်းရေးစမ်းသပ်မှုသည် ရလဒ်များအပေါ် အမျိုးစုံလင်စွာ အကဲဖြတ်သည့်စနစ်အား စူးစမ်းလေ့လာခြင်း၊ ဈေးကွက်အသွင်ပြောင်း အကဲဖြတ်မှု ယန္တရား ကောင်းမွန်ပြည့်စုံစေခြင်း စသည့်ကဏ္ဍများတွင် စူးစမ်းလေ့လာခဲ့ရာ စံနမူနာထားထိုက်သော အစီအမံတစ်သုတ် ဖြစ်တည်လာခဲ့သည်။

နောက်ထပ်ခြေလှမ်းတစ်ရပ်အနေဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် သိပ္ပံနည်းပညာရလဒ် ပြောင်းလဲမှုယန္တရား ပြုပြင်ပြောင်းလဲမှုကို ဆက်လက်နက်ရှိုင်းစေပြီး အယူအဆ စမ်းသပ်သက်သေပြုမှု၊ တရုတ်ပုံစံ စမ်းသပ်သက်သေပြုမှု ပလက်ဖောင်း တည်ဆောက်မှုအား အရှိန်မြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ နှိုးဆွမှုဖြင့် သိပ္ပံသုတေသနဝန်ထမ်းများ၏ ရလဒ်ပြောင်းလဲမှုအပေါ် တက်ကြွမှုအား လှုံ့ဆော်သွားမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာရလဒ်ပြောင်းလဲမှု စည်းမျဉ်းနှင့်မကိုက်ညီသည့် နိုင်ငံပိုင် ပိုင်ဆိုင်မှု ကန့်သတ်ချက်အား ပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ အရေးကြီး သိပ္ပံသုတေသနရလဒ် သရုပ်ပြ လက်တွေ့အသုံးချမှုအား ဟန်ချက်ညီစွာ တွန်းအားပေး၍ နိုင်ငံ့သိပ္ပံနည်းပညာရလဒ် ပြောင်းလဲမှု သရုပ်ပြဇုန်အား ကောင်းမွန်တိုးတက်လာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်ဟောက်ယွမ်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Xiaomi ကားစက်ရုံ ထုတ်လုပ်ရေးစက်ခန်းအတွင်း အလုပ်လုပ်ကိုင်နေသော စက်ရုပ်များကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
中国经济圆桌会|科技部:持续提升科技成果转化成效
新华社北京7月28日电(记者温竞华)科技部七司副司长秦浩源在新华社28日推出的“中国经济圆桌会”大型全媒体访谈节目中表示,科技部将不断健全国家技术转移体系,深化职务科技成果赋权改革,建立职务科技成果资产单列管理制度,持续提升科技成果转化成效。
“推动科技创新和产业创新深度融合,关键是及时将科技创新成果转化应用到具体产业和产业链上。”秦浩源说,当前,科技成果转化仍存在对高校院所高质量科技成果创造和转化激励不足、职务科技成果国有资产管理模式与科技成果转化规律不适应等问题。
秦浩源介绍,为打通成果转化“最后一公里”,近年来,科技部持续完善科技成果转化机制,推动开展职务科技成果赋权、职务科技成果资产单列管理、科技成果评价3项改革试点,形成了一系列好的模式和经验做法。
职务科技成果赋权改革试点三年间,向40家单位的科研人员赋权成果超过4000项,以转让、许可、作价投资三种方式转化科技成果合同金额累计超120亿元,比试点前三年增长126%。同时,已有28个省份近700家单位开展省级赋权试点。
职务科技成果资产单列管理改革试点带动上海、浙江、陕西等17个省份开展改革探索,已有10个省份明确,科技成果作价投资形成的国有股权不纳入国有资产保值增值管理考核范围。科技成果评价改革试点在探索成果多元评价体系、完善市场化评价机制等方面,探索形成了一批典型举措。
秦浩源说,下一步,科技部将继续深化科技成果转化机制改革,加快推进概念验证、中试验证平台建设;通过产权激励激发科研人员成果转化的积极性;解除不符合科技成果转化规律的国资管理束缚;协调推动重大科研成果示范应用,做优做强国家科技成果转移转化示范区。(完)
图说1:科技部七司副司长秦浩源在第二十期“中国经济圆桌会”大型全媒体访谈节目录制现场发言。新华社记者 陈晔华 摄
图说2:2025年6月16日,机器人在北京小米汽车工厂车间流水线上工作。新华社记者 郑焕松 摄