China
တရုတ်နိုင်ငံ ပြည်နယ် (ဒေသ၊ မြို့) ၉ ခုတွင် သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် ဝန်ကြီးဌာနနှစ်ခုက ယွမ် သန်း ၃၅၀ အရေးပေါ် ခွဲဝေပေး

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ ပေကျင်း၊ ဟဲပေ၊ ကျီလျင်၊ ဆန်းတုန်း စသည့် ဒေသများတွင် လူများစွာ သေဆုံးဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ ဒေသဘေးအန္တရာယ်သင့်မှု အခြေအနေအရ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့က ဇူလိုင် ၂၉ ရက်တွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဗဟိုရန်ပုံငွေ ယွမ် သန်း ၃၅၀ အား အရေးပေါ် ခွဲဝေပေးခဲ့သည်။
ထိုသို့အားဖြင့် ပေကျင်း၊ ထျန်းကျင်း၊ ဟဲပေ၊ ဆန်းရှီး၊ အတွင်းမွန်ဂိုလီးယား၊ ကျီလျင်၊ ဆန်းတုန်း၊ ကွမ်တုန်း၊ ဆန်ရှီး ဟူသည့် ပြည်နယ် (ဒေသ၊ မြို့) ၉ ခု ၌ သဘာဝဘေးအန္တရာယ် အရေးပေါ် ကယ်ဆယ်ရေးနှင့် ဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုအား အဓိကပံ့ပိုးပေးမည်ဖြစ်သည်။
ထို့အပြင် ဘေးသင့်ပြည်သူများ ရှာဖွေကယ်ဆယ်၍ ရွှေ့ပြောင်းနေရာချထားရေး၊ အန္တရာယ်များဖယ်ရှားရေး စသည့် အရေးပေါ်လုပ်ဆောင်ခြင်း၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ စစ်ဆေးရှာဖွေခြင်း၊ ပျက်စီးပြိုလဲသွားသော လူနေအိမ်များ ပြင်ဆင်ခြင်း စသည်တို့အား စုစည်း စီမံခန့်ခွဲ၍ ကောင်းမွန်စွာ ဆောင်ရွက်ကာ လူသေဆုံးဒဏ်ရာရမှုအား အတတ်နိုင်ဆုံးလျှော့ချပြီး ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကြိုးပမ်းလျှော့ချခြင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုအား အစွမ်းကုန် အာမခံပေးသွားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ယန်အန်းခရိုင် လမ်းမပေါ်တွင် ရွှံ့များအား ဖယ်ရှားနေသော ကယ်ဆယ်ရေးယာဉ်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျိနန်မြို့ လိုင်ဝူခရိုင် တာ့ဝမ်ကျွမ်းမြို့နယ် စီဝူးကျီရွာတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
两部门紧急预拨3.5亿元重点支持9省(区、市)做好灾害应急抢险救灾工作
新华社北京7月29日电 近日华东、华北、东北等地持续遭遇强降雨,引发洪涝和地质灾害,造成北京、河北、吉林、山东等地重大人员伤亡和财产损失。根据地方灾情险情,财政部、应急管理部29日紧急预拨3.5亿元中央自然灾害救灾资金,重点支持北京、天津、河北、山西、内蒙古、吉林、山东、广东、陕西9省(区、市)开展灾害应急抢险救援和受灾群众救助工作,统筹做好搜救转移安置受灾人员、排危除险等应急处置、次生灾害隐患排查、倒损民房修复等,最大限度减少人员伤亡,努力减少灾害损失,全力保障人民生命财产安全。(完)
图说1:7月28日,工作人员在蓟州区应急指挥部值守。新华社记者 李然 摄
图说2:7月26日,救援车辆在吴起县街道进行清淤作业。新华社记者 张博文 摄
图说3:7月22日,救援人员在济南市莱芜区大王庄镇石屋子村开展搜救。新华社记者 朱峥 摄