China
ဝမ်ရိနှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Hyun ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုမှုအရ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအသစ် Cho Hyun နှင့် ဇူလိုင် ၂၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-တောင်ကိုရီးယားသည် အရေးကြီးသည့် အိမ်နီးချင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံနှင့် သဟဇာတဖြစ်၍ ချစ်ကြည်ရင်းနှီးမှုကို အခိုင်အမာ လက်ကိုင်ထားခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တောင်ကိုရီးယားအစိုးရသစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ အကြီးအကဲများ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြရာ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ကောင်းမွန်သည့် စမှတ်သစ်ဖွင့်လှစ်မှုကို ဖော်ဆောင်ခဲ့သလို မိမိတို့၏ နောက်ထပ်လျှောက်လှမ်းရမည့်လုပ်ငန်းများအတွက် ရှင်းလင်းသည့် ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်-တောင်ကိုရီးယားသည် အပြောနှင့် လက်တွေ့ကိုက်ညီသော စစ်မှန်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များလုပ်ရမည် ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။
ပထမအနေဖြင့် မူဝါဒတည်ငြိမ်မှုကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးကို အစဉ်အမြဲ အလေးထားရာ တောင်ကိုရီးယားအပေါ် ထားရှိသည့် မူဝါဒများသည် စဉ်ဆက်မပြတ် တည်ငြိမ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအပေါ် ထားရှိသည့် မူဝါဒများကို ယိမ်းယိုင်မှုမရှိစေရန် အလားတူ တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ရှိမှု၊ မျှော်မှန်းနိုင်မှုရှိအောင် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုကို အခိုင်အမာလက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးသည် နှစ်ဖက်ဘုံအကျိုးစီးပွားတွင် အခြေခံပြီး နှစ်နိုင်ငံပြည်သူများကို အကျိုးကောင်းပြုရမည် ဖြစ်ကြောင်း၊ မည်သည့် တတိယဘက်ကိုမျှ ဦးတည်ခြင်း မရှိသလို မည်သည့်တတိယဘက်၏ ထိန်းချုပ်မှုကိုမျှ မခံယူသင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တတိယအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို အားဖြည့်မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်-တောင်ကိုးရီးယား စီးပွားရေးသည် အဆက်အသွယ် နီးကပ်ခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက် မြင့်မားသည့် လိုက်ဖက်ညီမှု ရှိကြောင်း၊ နှစ်ဖက်သည် အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်သလို အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေး၏ အကျိုးခံစားရသူများအနေဖြင့် တရုတ်-တောင်ကိုရီးယားသည် “ကွင်းဆက်ဖြတ်တောက်မှု” ကို အတူတကွ ဆန့်ကျင်ရမည် ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့ရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ယခုနှစ် ဒုတိယနှစ်ဝက်တွင် တောင်ကိုရီးယားက ကြီးမှူးကျင်းပမည့်အပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Cho Hyun က တောင်ကိုရီးယားနိုင်ငံအနေဖြင့် တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးကို အထူးအလေးထားရာ နှစ်နိုင်ငံ အဆင့်မြင့်အလွှာဆက်ဆံရေး နီးကပ်စေရန်၊ အနာဂတ်ကို မျက်နှာမူ၍ တောင်ကိုရီးယား-တရုတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပို၍ ကြီးမားသော တိုးတက်မှုရရှိရေးတွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား-တရုတ် ကုန်သွယ်စီးပွားဆက်ဆံရေး နီးကပ်မှုရှိရာ ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်တည်နေပြီ ဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုများကို တက်ကြွစွာ တွန်းအားပေးကာ တောင်ကိုရီးယား-တရုတ် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် လုပ်ဆောင်သွားလိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့်ကာ သမိုင်းကို တည့်မတ်စွာ ရှုမြင်၍ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ဘက်ပေါင်းစုံကဏ္ဍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု စသည်တို့နှင့်စပ်လျဉ်း၍လည်း အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
王毅同韩国外长赵显通电话
新华社北京7月28日电 7月28日,中共中央政治局委员、外交部长王毅应约同韩国新任外长赵显通电话。
王毅表示,中韩是重要近邻和合作伙伴,坚持睦邻友好符合两国人民共同利益。韩国新政府就职后,两国元首通电话,中韩关系实现良好开局,也为我们下步开展工作指明了方向。
王毅强调,中韩要做名副其实的战略合作伙伴,推动两国关系向更高水平迈进。首先要保持政策稳定性,中方始终重视发展中韩合作,对韩政策保持连续稳定,希望韩方对华政策同样做到稳定、可持续、可预期,避免摇摆。二是要坚持独立自主,中韩关系基于双方共同利益,利好两国人民,不针对任何第三方,也不应受制于任何第三方。三是要增强互惠互利,中韩经济联系密切,产供链高度互嵌,双方要深化互利合作,实现共同发展。作为多边主义和自由贸易的受益者,中韩要共同反对“脱钩断链”,维护全球产供链稳定畅通。中方支持韩方今年下半年主办亚太经合组织领导人非正式会议。
赵显表示,韩方高度重视韩中关系,期待密切两国高层交往,面向未来,推动韩中战略合作伙伴关系取得更大发展。韩中经贸关系密切,已形成良好合作模式,韩方愿积极推动两国自贸谈判,深化韩中经贸合作。期待同中方加强沟通协调,正视历史,共同维护地区和平稳定。
双方还就多边领域协调合作等交换了意见。(完)