China
တရုတ်နိုင်ငံ ပေကျင်းမြို့ မိယွင်ခရိုင်တွင် ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်ကြက်ခြေနီအသင်းချုပ်က လုပ်ငန်းအဖွဲ့ စေလွှတ်ပြီးဖြစ်

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ မိယွင်ခရိုင်တွင် ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်ကြက်ခြေနီအသင်းချုပ်က လုပ်ငန်းအဖွဲ့ စေလွှတ်ပြီးဖြစ်ကြောင်း တရုတ်ကြက်ခြေနီအသင်းချုပ်မှ ဇူလိုင် ၂၉ ရက်က သိရသည်။
အပူပိုင်းဇုန် အထက်ဖိအားအစွန်း ပူနွေးစိုစွတ်လေစီးကြောင်းတို့၏ သက်ရောက်မှုဒဏ်ကြောင့် ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ မိယွင် စသည့် ခရိုင်များ၌ အစွန်းရောက်လေထုအပြောင်းအလဲ ရာသီဥတု ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၂၈ ရက်တွင် ပေကျင်းမြို့ ကြက်ခြေနီအသင်း အစီရင်ခံသည့် မိုးသည်းထန်စွာ ရွာသွန်းမှု ရေကြီးမှုကပ်ဘေးအခြေအနေနှင့် လိုအပ်ချက်များနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ကပ်ဘေးကယ်ဆယ်ရေးဦးစီးဌာန၏ ညှိနှိုင်းမှုများအရ အသင်းချုပ်သည် အထူးတုံ့ပြန်မှုများ စတင်လုပ်ဆောင်ခဲ့ရာ ယင်းဒေသကြက်ခြေနီအသင်း၏ ဘေးဒဏ်သင့်လူထုအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားရေးကို ထောက်ပံ့ရန်အတွက် ပေကျင်းမြို့ ဘေးဒဏ်သင့်နေရာများသို့ ကယ်ဘေးကူညီကယ်ဆယ်ရေး မိသားစုအိတ် ၂,၀၀၀ အရေးပေါ်ဝေငှခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ မိယွင်ခရိုင် ပိုင်ဟယ်တံတားတောင်ဘက်တွင် ရွှံ့နွံများအား ရှင်းလင်းနေသော ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ မိယွင်ခရိုင် ထိုက်စီး အလယ်တန်း၊ အထက်တန်းကျောင်း နေရာချထားရေးစခန်းတွင် ထိုက်စီးထွန်မြို့နယ် ရပ်ကွက်ကျန်းမာရေးဝန်ဆောင်မှုစင်တာမှ ဆရာဝန် (ယာ) က နေရာချထားရေးစခန်းရှိ လူထုအတွက် ဆေးဝါးများ ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
中国红十字会总会已派出工作组赴北京密云开展救灾工作
新华社北京7月29日电(记者董博婷)记者29日从中国红十字会总会获悉,中国红十字会总会已派出工作组赴北京密云开展救灾工作。
受副热带高压边缘暖湿气流等影响,近日北京密云等区发生极端强对流天气。7月28日,根据北京市红十字会上报的暴雨洪涝灾情和需求,并与应急管理部救灾司协调,总会启动特殊响应,向北京灾区紧急调拨赈济家庭包2000个,用于支持当地红十字会开展受灾群众转移安置工作。(完)
1. 7月29日,在北京市密云区太师庄中学居民安置点,人们搬卸饮用水。新华社记者 鞠焕宗 摄
2. 7月27日,武警北京总队官兵在密云区白河大桥南侧清理淤泥抢通道路。新华社发(王希庆 摄)
3. 7月29日,在北京市密云区太师庄中学居民安置点,太师屯镇社区卫生服务中心的医生(右)为安置在此的群众开药。新华社记者 鞠焕宗 摄