Connect with us

China

ထရမ့်က လုပ်ငန်းရှင်များကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ရန် စီစဉ်နေသည့် သတင်းများအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တုံ့ပြန်ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က လေယာဉ်ပေါ်သို့ မတက်မီ သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က လုပ်ငန်းရှင်အဖွဲ့အား ဦးဆောင်၍ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည့် သက်ဆိုင်ရာသတင်းများနှင့်စပ်လျဉ်း၍ သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဇူလိုင် ၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပြောကြားဖွယ်မရှိသေးကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရုန်ချန်က ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်ပြီး တိကျရှင်းလင်းကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စိတ်တူကိုယ်တူ လျှောက်လှမ်းရန်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု အခြေခံမူကို အရင်းခံကာ သဘောတူညီချက်များကို တိုးပွားအောင်၊ အထင်လွဲမှားမှုများကို လျော့နည်းအောင်၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအား အတူတကွ တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
商务部回应有报道称特朗普拟带企业团访华
新华社北京7月3日电(记者谢希瑶、潘洁)商务部7月3日召开例行新闻发布会,有记者就美国总统特朗普拟带企业团访华的有关报道提问。商务部新闻发言人何咏前回应说,关于这个问题,没有可以提供的信息。但是中方的态度是一贯且明确的,希望美方与中方相向而行,在两国元首的战略引领下,本着相互尊重、和平共处、合作共赢的原则,不断增进共识、减少误解、加强合作,共同推动中美经贸关系健康、稳定、可持续发展。(完)
1. 7月1日,在美国首都华盛顿白宫,美国总统特朗普在登机前回答记者提问。新华社记者 胡友松 摄