Connect with us

China

တရုတ်-ဂျာမနီ ၈ ကြိမ်မြောက် သံတမန်ရေးနှင့် လုံခြုံရေး မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Johann Wadephul တို့သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက်က တရုတ်-ဂျာမနီ ၈ ကြိမ်မြောက် သံတမန်ရေးနှင့် လုံခြုံရေး မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တို့သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက်က တရုတ်-ဂျာမနီ ၈ ကြိမ်မြောက် သံတမန်ရေးနှင့် လုံခြုံရေး မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် ဖြစ်သလို တရုတ်-ဂျာမနီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည်လည်း ဆယ်စုနှစ်သစ်ကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဥရောပသမဂ္ဂ၊ တရုတ်-ဂျာမနီ ဆက်ဆံရေးသည် အစဉ်အလာကို ဆက်ခံ၍ အနာဂတ်ကို တက်လှမ်းမည့် အရေးကြီးသည့်အချိန်အခါသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ တရုတ်-ဂျာမနီ ဆက်ဆံရေး တိုးတက်ကောင်းမွန်ခြင်းသည် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး တစ်ခုလုံးကို အကောင်းဘက်သို့ ဦးတည်စေရုံသာမက ကမ္ဘာကြီး တည်ငြိမ်စွာ တိုးတက်ရေးအတွက်လည်း အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ ကမ္ဘာ့ ဒုတိယနှင့် တတိယ အကြီးဆုံး စီးပွားရေးအစုအဖွဲ့အနေဖြင့် တရုတ်-ဂျာမနီ နှစ်နိုင်ငံ၏ ပခုံးထက်တွင် အရေးကြီးသည့် နိုင်ငံတကာ တာဝန်ဝတ္တရားရှိသလို ဘက်ပေါင်းစုံ၏ မျှော်လင့်ချက်ကို ထမ်းရွက်ထားရကြောင်း၊ လက်တွဲအတူ ရှေ့သို့ လျှောက်လှမ်းကာ အပြန်အလှန်ယုံကြည်မှုကို တစ်ဖန်အတည်ပြုရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ထပ်မံ မြဲမြံစေရန်၊ နှစ်ဖက်ဆက်ဆံရေး ထပ်မံ နက်ရှိုင်းစေရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ပြောင်းလဲရှုပ်ထွေး ရောယှက်နေသည့် နိုင်ငံတကာအခင်းအကျင်း၊ အထူးသဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၊ ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှု ခေတ်ရေစီးကြောင်းကို နောက်ပြန်သွားနေခြင်း၊ တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးခြင်းများ ကျယ်ပြန့်နေခြင်းကို ရင်ဆိုင်ရာတွင် တရုတ်-ဂျာမနီသည် မဟာဗျူဟာညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန် ပို၍ လိုအပ်ကြောင်း၊ တရုတ်-ဂျာမနီ ဆက်ဆံရေး တည်ငြိမ်မှုဖြင့် ကမ္ဘာအတွက် ပိုမိုများပြားသော သေချာရေရာမှုများကို ဖြည့်တင်းကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွ အဆိုပြု ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်၊ နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာစည်းစနစ်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို အခြေခံသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ပိုမို ယုံကြည်အားထားရသော၊ တည်ငြိမ်သော၊ ခန့်မှန်းနိုင်သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင် အားထားဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မကြာသေးမီက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် Friedrich Merz တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ နောက်တစ်ဆင့် တရုတ်-ဂျာမနီ ဆက်ဆံရေး တိုးတက်ရန်အတွက် ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့သလို အခြေခံအုတ်မြစ် ချမှတ်ပေးခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်-ဂျာမနီ ဆက်ဆံရေးသည် နိုင်ငံတကာ လေဒဏ်မိုးဒဏ်များကို ဖြတ်သန်းခဲ့ကြရာတွင် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် အစဉ်အမြဲ ထိန်းသိမ်းခဲ့ကြောင်း၊ အရေးကြီးဆုံးအတွေ့အကြုံမှာ အပြန်အလှန်လေးစားခြင်း၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း ဟူသော ဆက်ဆံရေးနည်းလမ်းကို လက်ကိုင်ထားခြင်း ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်-ဂျာမနီ ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်သည့် အခြေခံလော့ဂျစ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် သမိုင်းယဉ်ကျေးမှု၊ လူမှုစနစ် မတူညီခြင်းကြောင့် ကွဲပြားမှုများရှိသည်မှာ မထူးဆန်းကြောင်း၊ အရေးကြီးသည်မှာ အပြန်အလှန် ယုံကြည်မှု တိုးပွားစေရန်၊ ကွဲလွဲမှုများကို အေးချမ်းမှုနှင့် ဆင်ခြင်တုံတရားရှိစွာ ရှုမြင်ရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-ဂျာမနီ ဆက်ဆံရေးကို တရုတ်သံတမန်ရေး၏ အရေးကြီးနေရာတွင် ထားရှိကြောင်း၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ရာတွင် ဂျာမနီအစိုးရသစ်၏ တက်ကြွသော၊ ဓမ္မဓိဋ္ဌာန်ကျသော သဘောထားကို တန်ဖိုးထားချီးကျူးကြောင်း၊ တစ်ချိန်က ဂျာမနီနိုင်ငံ ပေါင်းစည်းရေးကို တရုတ်နိုင်ငံက ခြွင်းချက်မရှိ ထောက်ခံသကဲ့သို့ တရုတ်နိုင်ငံ၏ နိုင်ငံအပြည့်အဝပေါင်းစည်းရေး ဖော်ဆောင်သည့် ကြိုးပမ်းမှုများကို ဂျာမနီနိုင်ငံအနေဖြင့် ထောက်ခံရန်၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလိုက်နာရန် မျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂ၏ အချက်အချာနိုင်ငံကြီးအနေဖြင့် ဂျာမနီနိုင်ငံသည် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး တွန်းအားပေးရန်အတွက် အပြုသဘော ကြိုးပမ်းခဲ့ပါကြောင်း၊ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး တိုးတက်ရန်အတွက် ဂျာမနီနိုင်ငံက အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Johann Wadephul က ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် ယုံကြည်အားထားရသော၊ ခန့်မှန်း၍ရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်လိုကြောင်း ပြောကြားခဲ့သည်။
မျက်မှောက်ခေတ်တွင် အန္တရာယ်စိန်ခေါ်မှုများ ပြည့်နှက်နေရာ ဂျာမနီ-တရုတ် နှစ်နိုင်ငံအနေဖြင့် နီးကပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားရန်မှာ အလွန် အရေးကြီးကြောင်း၊ နှစ်နိုင်ငံကူးလူးဖလှယ်သည့် သမိုင်းကြောင်း ရှည်ကြာသလို မိတ်ဖက်ဆက်ဆံရေး အခြေခံ ကောင်းမွန်ရာ ကိစ္စရပ်အများအပြားအပေါ် တူညီသည့်သဘောထားရှိကြကြောင်း၊ တစ်ချိန်တည်းတွင်ပင် အပြန်အလှန်လေးစားမှုနှင့် အပြုသဘောဆောင်သည့် သဘောထားကို လက်ကိုင်ထားကာ ကွဲလွဲခြားနားမှုများကို သင့်လျော်စွာ စီမံနိုင်ကြကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ကူးလူးဖလှယ်မှုများ ထားရှိကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အားဖြည့်သွားရန် မျှော်လင့်ကြောင်း၊ ဂျာမနီအစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကျင့်သုံးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ယူကရိန်းအကျပ်အတည်း၊ အီရန်နျူကလီးယားအရေး၊ အရှေ့အလယ်ပိုင်းအခြေအနေနှင့် ဘက်ပေါင်းစုံ မဟာဗျူဟာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု စသည်တို့နှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြရာ နီးကပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ထားရှိပြီး အပစ်ရပ် စစ်ပွဲရပ်ရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ကြိုးပမ်းအကျိုးဆောင်သွားကြရန် တစ်ပြေးညီ သဘောတူညီခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Johann Wadephul တို့သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက်က တရုတ်-ဂျာမနီ ၈ ကြိမ်မြောက် သံတမန်ရေးနှင့် လုံခြုံရေး မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပစဉ် (ဆင်ဟွာ)

—————-
(Chinese Version)
中德举行第八轮外交与安全战略对话
新华社柏林7月3日电 当地时间7月3日,中共中央政治局委员、外交部长王毅同德国外长瓦德富尔在柏林举行第八轮中德外交与安全战略对话。
王毅说,今年是中欧建交50周年,中德全方位战略伙伴关系也开启了新的10年。中欧、中德关系步入承上启下的关键节点。中德关系发展得好,不仅将带动中欧关系整体向好,对世界的稳定发展也具有重要意义。作为全球第二和第三大经济体,中德肩负重要国际责任,承载各方期待,应携手并进,对彼此互信再确认,对两国合作再巩固,对双边关系再深化。面对当前变乱交织的国际局势特别是保护主义、逆全球化、单边霸凌大行其道,中德更需要加强战略沟通协作,以中德关系的稳定性为世界注入更多确定性,共同倡导并践行多边主义,维护以联合国为核心的国际体系、以国际法为基础的国际秩序、以联合国宪章为基础的国际关系基本准则,致力于发展更加可靠、稳定、可预期的全方位战略伙伴关系。
王毅表示,前不久,习近平主席同默茨总理通电话,为下阶段中德关系发展指明方向、定下基调。中德关系历经国际风云,始终保持稳定发展,最重要的经验就是秉持相互尊重、求同存异、合作共赢的相处之道,这是中德关系持续发展的根本逻辑。中德历史文化、社会制度不同,存在差异很正常,关键是增进了解互信,冷静理智看待分歧。中方将中德关系置于中国外交重要位置,赞赏德国新政府在发展对华关系上秉持积极理性态度,希望德方像当年中国无条件支持德国统一一样,支持中国为实现国家完全统一作出的努力,恪守一个中国原则。德国作为欧盟核心大国为推动中欧关系作出了积极努力,希望德方继续为中欧关系发展发挥建设性作用。
瓦德富尔表示,德方愿同中方成为彼此可信赖、可预测的合作伙伴。当今时代充满危机挑战,德中保持密切沟通协作十分重要。两国交往历史悠久,伙伴关系基础良好,在许多问题上有着共识,同时能秉持相互尊重和建设性态度妥处分歧差异。期待同中方密切交流交往,继续加强双边合作。德国政府坚定奉行一个中国政策。
双方还就乌克兰危机、伊朗核问题、中东局势和多边战略协作等深入交换了看法,一致同意继续密切沟通协调,为推动停火止战、和平解决争端作出努力和贡献。(完)
1. 7月3日,中共中央政治局委员、外交部长王毅同德国外长瓦德富尔在柏林举行第八轮中德外交与安全战略对话。 新华社记者 杜哲宇 摄