International Organizations
တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးဦးဆောင်သူဖြစ်ကြောင်း IFAD ဥက္ကဋ္ဌ ဆို

တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးဦးဆောင်သူဖြစ်ကြောင်း IFAD ဥက္ကဋ္ဌ ဆို
ဆဗီလာ (စပိန်)၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံတကာ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် တတိယဘက်ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးဦးဆောင်သူဖြစ်ကြောင်း၊ တရုတ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၌ လက်တွေ့ဖော်ဆောင်မှု အတွေ့အကြုံများကို နိုင်ငံခြားတွင် မိတ်ဆက်ပေးသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (IFAD) ဥက္ကဋ္ဌ Alvaro Lario က ဇူလိုင် ၂ ရက်တွင် စပိန်နိုင်ငံ ဆီဗီလာမြို့၌ စတုတ္ထအကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံ တက်ရောက်စဉ်အတွင်း ဆင်ဟွာသတင်းထောက် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
IFAD သည် ကုလသမဂ္ဂ၏ သီးသန့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ စားနပ်ရိက္ခာထုတ်လုပ်မှု ဖော်ဆောင်ရန်၊ ပြည်သူများ အာဟာရအဆင့်အတန်း တိုးတက်ကောင်းမွန်စေရန်၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုအား တစ်ဆင့်ချင်းဖယ်ရှားရန်အတွက် အရင်းအနှီးများစုဆောင်းကာ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများကို သက်သာခွင့်များ ပံ့ပိုးပေးရန်ဖြစ်သည်။
IFAD နှင့် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၈၀ ပြည့်နှစ်၌ စတင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အကျိုးခံစားရသူဖြစ်သလို အရင်းအနှီး လှူဒါန်းထည့်ဝင်သူလည်းဖြစ်ကြောင်း၊ IFAD သည် တရုတ်နိုင်ငံအား အရေးကြီးမိတ်ဖက်အဖြစ် ရှုမြင်ပြီး တရုတ်နိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း ဆယ်စုနှစ်များအတွင်း တိုးတက်မှုကို သက်သေထူခဲ့ကြောင်း Alvaro Lario က ပြောကြားခဲ့သည်။
ယခုအကြိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံအတွင်း အတည်ပြုခဲ့သည့် ရလဒ်စာရွက်စာတမ်း “Sevilla ကတိပြုချက်” တွင် ဖော်ပြထားသည့်အတိုင်း စိုက်ပျိုးရေးလုပ်ငန်း တိုးတက်မှုကို စားနပ်ရိက္ခာစနစ်တစ်ခုလုံးအထိ မြင်ကွင်းချဲ့သင့်ကြောင်း Alvaro Lario က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍ၌ ဧရာမကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံအများအပြားက အသွင်ကူးပြောင်းသည့် ဖြစ်စဉ်အတွင်း၌ ရှိနေဆဲဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဆာဟာရသဲကန္တာရ တောင်ပိုင်းရှိ အာဖရိကတိုက်တွင် လူဦးရေပေါင်း ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရကြောင်း၊ ၎င်းတို့အများစုသည် မိမိကိုယ်တိုင်လုပ်ကိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တစ်ကမ္ဘာအတိုင်းအတာအတွင်း၌ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ဖြေရှင်းရန် လိုနေဆဲဖြစ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှု၊ လက်နက်ကိုင်ပဋိပက္ခ စသည့် ရှုပ်ထွေးသောစိန်ခေါ်မှုများပါ ထပ်တိုးလာကြောင်း Alvaro Lario က ပြောကြားခဲ့သည်။
“ယနေ့အထိ တစ်ကမ္ဘာလုံးမှာ ငတ်မွတ်ခေါင်းပါးသူလူဦးရေပေါင်း ၇၃၃ သန်းခန့် ရှိနေဆဲပါ။ ဒါက တစ်ကမ္ဘာလုံး လူ ၁၁ ယောက်မှာဆို ၁ ယောက်က ငတ်မွတ်မှုကို ခံစားနေရတာနဲ့ တူပါတယ်။ ဒါက လက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း၏ လက်တွေ့ဖော်ဆောင်မှု အတွေ့အကြုံများကို နိုင်ငံခြား၌ မိတ်ဆက်ပေးသင့်ကြောင်း၊ ယင်းတွင် မျိုးစေ့၊ မြေဆီလွှာ၊ ရေသွင်းမှု၊ စက်ပစ္စည်းအသွင်ပြောင်းခြင်း စသည်တို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ စတုတ္ထအကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၃ ရက်အထိ စပိန်နိုင်ငံ ဆီဗီလာမြို့၌ကျင်းပခဲ့သည်။ နိုင်ငံအသီးသီးမှ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ဘဏ္ဍာရေးအဖွဲ့အစည်း၊ ကုန်သည်စက်မှုလောကနှင့် အရပ်ဘက်အဖွဲ့အစည်း စသည့် ကိုယ်စားလှယ်များက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဖြေရှင်းရေးနည်းလမ်းများအကြောင်း ဆွေးနွေးခဲ့ကြသည်။ (Xinhua)
———————-
(Chinese Version)
农发基金总裁:中国是农业南南合作的重要引领者
新华社西班牙塞维利亚7月2日电(记者乔本孝 胡加齐)国际农业发展基金会(农发基金)总裁拉里奥2日在西班牙塞维利亚参加第四次发展筹资问题国际会议期间接受新华社记者采访时说,中国是国际农业发展领域南南合作和三方合作的重要引领者,中国农业领域的实践经验值得向海外推广。
农发基金是联合国的一个专门机构,其宗旨是通过筹集资金,以优惠条件提供给发展中的成员国,用于发展粮食生产,改善人民营养水平,逐步消除农村贫困。
拉里奥说,农发基金和中国的合作始于1980年,中国既是受益方,也是捐资方。农发基金视中国为重要伙伴,见证了中国农业几十年来的发展。
拉里奥说,正如本次发展筹资问题国际会议期间通过的成果文件《塞维利亚承诺》中所体现的,农业发展应拓展视野到整个粮食体系。他说,中国在农业领域实现巨大发展。与此同时,许多国家仍在转型进程中,例如撒哈拉以南非洲,50%至70%的人口以务农为生,他们大多数从事的是自给农业。
拉里奥说,世界范围内的饥饿问题仍待解决,近年来又叠加气候变化、武装冲突等多重复杂挑战。“时至今日,全世界仍有约7.33亿饥饿人口,相当于全球每11人中就有1人忍饥挨饿。这是不可接受的。” 他说,中国农业的实践经验值得推广到海外,这涵盖种子、土壤、灌溉、机械化等。
联合国第四次发展筹资问题国际会议6月30日至7月3日在西班牙南部城市塞维利亚举行。各国政府、国际组织、金融机构、工商业界及民间团体等代表聚焦可持续发展筹资问题,商讨解决方案。(完)
图说:7月2日,国际农业发展基金会总裁拉里奥在西班牙塞维利亚参加第四次发展筹资问题国际会议期间接受新华社记者采访。新华社记者 乔本孝 摄