China
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်တွင် “ငါးမွေးမြူရေး + နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးရေး ပေါင်းစပ်မှု” ဖြင့် ပင်လယ်သမုဒ္ဒရာ အစိမ်းရောင်အရင်းအမြစ်အား အတူတကွမျှဝေခံစား

ချင်းသောင် (ဆန်းတုန်း)၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ “ငါးမွေးမြူရေး + နေရောင်ခြည် ပေါင်းစပ်မှု” ပင်လယ်ပေါ် အခြေခံအုတ်မြစ်တိုင် အသေတပ်ဆင်ထားသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း ပထမအဆင့်တွင် ပထမဆုံးအသုတ် ဓာတ်အားလိုင်းကွန်ရက်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခဲ့သည်။
အဆိုပါစီမံကိန်းသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၀.၁ ဘီလီယံဖြစ်ပြီး တည်ဆောက်ရန် သတ်မှတ်ထားသည်မှာ ၁.၁၅ သန်း ကီလိုဝပ်ဖြစ်ကာ ပင်လယ်သမုဒ္ဒရာ မွေးမြူရေးခြံနှင့် ပင်လယ်ရေပြင်ပေါ် နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းတို့အား တစ်သားတည်း ပေါင်းစည်းထားသော ဒီဇိုင်းအသုံးပြုထားသည်။ ထိုသို့အားဖြင့် “အထက်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပြီး အောက်ဘက်တွင် မွေးမြူနိုင်သော” ဂေဟဖွံ့ဖြိုးတိုးတက်မှုစနစ်ကို တည်ဆောက်ကာ ပင်လယ်ရေပြင် ဂေဟပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေမှု၊ ငါးမွေးမြူရေးလုပ်ငန်း အရင်းအမြစ် ထပ်တိုးစေမှု ရလဒ်များ ရရှိနိုင်ပေသည်။
ပထမအဆင့်စီမံကိန်း အပြည့်အဝလည်ပတ်ပြီးနောက် နှစ်စဉ် အစိမ်းရောင်လျှပ်စစ်ဓာတ်အား ၁.၀၇ ဘီလီယံ ယူနစ်ခန့် ထုတ်လုပ်နိုင်ကာ စံနှုန်းမီကျောက်မီးသွေး ၃၂၇,၀၀၀ တန်ခန့် လျှော့ချနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၈၇၁,၀၀၀ တန်ခန့် လျှော့ချနိုင်ပေသည်။ ယင်းသည် ပင်လယ်သမုဒ္ဒရာ နေရာအား ဘက်စုံဖော်ဆောင်အသုံးပြုခြင်း၊ အစိမ်းရောင်အရင်းအမြစ်များအား ဆန်းသစ်တီထွင်မှုဖြင့် အတူမျှဝေခြင်းတို့ လုပ်ဆောင်သည့်တစ်ချိန်တည်းတွင် ဒေသတွင်းပင်လယ်သမုဒ္ဒရာ စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်နိုင်မှုကို အထောက်အကူပြု ပံ့ပိုးပေးလိုက်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျိမော့ခရိုင် အောင်စန်းကွေ့ ပင်လယ်ရေပြင်တွင် ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းဇုန်အား ဇူလိုင် ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျိမော့ခရိုင် ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း၏ ဆိုလာပြားများ တပ်ဆင်ရာနေရာကို ဇူလိုင် ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျိမော့ခရိုင် ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း၏ ဆိုလာပြားများ တပ်ဆင်ရာနေရာမှ တပ်ဆင်ပြီးသား ဆိုလာပြားများအား ပင်လယ်ပေါ်သို့ရွှေ့ပြောင်းတပ်ဆင်ရန် ပြင်ဆင်နေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————-
(Chinese Version)
新华全媒+|山东:“渔光融合”共享海洋绿色资源
新华社照片,青岛(山东),2025年7月4日
近日,位于山东省青岛市的“渔光融合”海上桩基固定式光伏发电项目一期首批并网发电。据了解,该项目总投资102亿元,规划建设115万千瓦,采用海洋牧场与海上光伏一体化设计,建立起“上可发电、下可养殖”的生态发展模式,达到改善海域生态环境、增殖渔业资源的效果。一期全容量投产后,预计每年可发绿电约10.7亿度,节约标准煤约32.7万吨,减少二氧化碳排放约87.1万吨。在实现海洋空间综合开发利用,绿色资源创新共享的同时,助力当地海洋经济高质量发展。
1、2:青岛市即墨区鳌山湾海域的海上光伏项目区(7月3日摄,无人机照片)。 新华社记者 李紫恒 摄
3:青岛即墨海上光伏项目光伏平台组装场区(7月3日摄,无人机照片)。新华社记者 李紫恒 摄
4:在青岛即墨海上光伏项目光伏平台组装场区,组装好的光伏平台准备吊装运往海上安装作业区(7月3日摄,无人机照片)。新华社记者 李紫恒 摄