Connect with us

China

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် လူငယ် Pickleball ယဉ်ကျေးမှုဖလှယ်ရေး ဆရာနှင့်ကျောင်းသားများအဖွဲ့အား စကားပြန်ကြား

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
မကြာမီရက်များက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အနာဂတ် ၅ နှစ်ကာလတွင် အမေရိကန်လူငယ် ၅၀,၀၀၀ တရုတ်နိုင်ငံသို့ လာရောက်သင်ယူဖလှယ်ရေး အဆိုပြုချက်၌ ပါဝင်ကာ တရုတ်နိုင်ငံသို့ လာရောက်ကြသော အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Montgomery ကောင်တီ လူငယ် Pickleball ယဉ်ကျေးမှုဖလှယ်ရေး ဆရာနှင့်ကျောင်းသားများအဖွဲ့အား စကားပြန်ကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံခရီးစဉ် အောင်မြင်မှုရရှိခဲ့သည့်အပေါ် ဂုဏ်ပြုကြောင်း၊ Pickleball အားကစားသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ လူငယ်လူရွယ်များ ဖလှယ်ကြသည့် ချိတ်ဆက်မှုအသစ်ဖြစ်လာသည်ကို အလွန်ဝမ်းမြောက်ဖွယ် တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနာဂတ်သည် လူငယ်များ၏ လက်ဝယ်တွင် ရှိကြောင်း၊ သင်တို့အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး၏ မျိုးဆက်သစ်သံတမန်များ လုပ်ဆောင်ကာ နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေး တိုးပွားရန်အတွက် ပို၍ကြီးမားသော အကျိုးဆောင်ကြဉ်းမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုမတိုင်မီ တရုတ်နိုင်ငံသို့လာရောက်သော အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Montgomery ကောင်တီ လူငယ် Pickleball ယဉ်ကျေးမှုဖလှယ်ရေး ဆရာနှင့်ကျောင်းသားများအဖွဲ့က သမ္မတ ရှီကျင့်ဖိန်ထံ စာလွှာပေးပို့ကာ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် “ငါးနှစ်တွင် လူငယ် ငါးသောင်းဖလှယ်ရေး” အဆိုပြုချက်ကို ကျေးဇူးတင်ကြောင်း၊ ယခုနှစ် ဧပြီလက ၎င်းတို့၏ တရုတ်ခရီးစဉ်နှင့် Pickleball ယဉ်ကျေးမှုဖလှယ်ရေး အတွေ့အကြုံများကို မိတ်ဆက်ပြောကြားခဲ့ရာ ယခုအကြိမ်ခရီးစဉ်တွင် တရုတ်လူငယ်လူရွယ်များနှင့်အတူ မှတ်မိစွဲထင်စေသည့် ချစ်ကြည်ရေးတည်ရှိခဲ့ကြောင်း၊ တရုတ်လူငယ်လူရွယ်များအနေဖြင့်လည်း အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
习近平向美国马里兰州青少年匹克球文化交流访华团师生回复口信
新华社北京7月6日电 近日,国家主席习近平向参加未来5年邀请5万名美国青少年来华交流学习倡议访华的美国马里兰州蒙哥马利郡青少年匹克球文化交流访华团师生回复口信。
习近平表示,祝贺你们访华取得成功,很高兴看到匹克球这项运动成为中美两国青少年交流的新纽带。中美关系的未来在青年,希望你们做两国友好的新一代使者,为增进两国人民友谊作出更大贡献。
此前,美国马里兰州蒙哥马利郡青少年匹克球文化交流访华团师生向习近平主席致信,感谢习近平主席提出“5年5万”倡议,介绍今年4月他们访华并开展匹克球交流的经历,表示此行同中国青少年朋友结下了难忘的友谊,希望邀请中国青少年到美国访问。(完)