Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၈၀ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးသူ အနည်းဆုံး ၄၁ ဦး ရှိ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟန့်ထ်ခရိုင်တွင် ဂွါဒါလူပီမြစ်ကမ်း၌ ရှာဖွေကယ်ဆယ်နေကြသူများအား ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/ အေပီ)

ဟူစတန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ဇူလိုင် ၆ ရက် ညနေအချိန်အထိ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အလယ်ပိုင်းတွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၈၀ ဦး သေဆုံးခဲ့ကြောင်း ၎င်းပြည်နယ် အစိုးရနှင့် ဒေသန္တရအစိုးရတို့က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ ကားရ်ခရိုင် ဂွါဒါလူပီမြစ်ကမ်းတွင် ရေကြီးမှုဒဏ်ခံခဲ့ရသော နွေရာသီစခန်းတစ်ခု၌ မိန်းကလေးငယ် ၁၀ ဦးနှင့် နည်းပြတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

ရေဘေးဒဏ် အပြင်းထန်ဆုံးခံရသော ကားရ်ခရိုင်တွင် အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့ပြီး အခြား ခရိုင်လေးခုတွင် သေဆုံးသူ ၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ရေဘေးသင့် ခရိုင်အသီးသီး၏ သတင်းအချက်အလက်များအရ သိရသည်။
တက္ကဆက်ပြည်နယ် ရေဘေးသင့်နေရာများတွင် အနည်းဆုံး လူ ၄၁ ဦး ပျောက်ဆုံးနေကြောင်း ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ လာမည့်ရက်အနည်းငယ်အတွင်း “မိုးသည်းထန်စွာ ရွာသွန်းမှုများ ပိုမိုများပြား” မည်ဟု ခန့်မှန်းထားပြီး တက္ကဆက်ပြည်နယ် အချို့ဒေသများတွင် ရေကြီးမှုအန္တရာယ် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တက္ကဆက်ပြည်နယ် အမျိုးသားအစောင့်တပ်က စစ်ဘက်ဆိုင်ရာ ဒရုန်းများအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးတွင် ကူညီအားဖြည့်လျက်ရှိပြီး ဤဒရုန်းများအတွက် တက္ကဆက်ပြည်နယ် ဝေဟင်ပိုင်နက်ကို ဖြတ်သန်းရန် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဗျူရိုက သီးသန့်လေကြောင်းလမ်းတစ်ခု ဖွင့်လှစ်ပေးထားကြောင်း အဆိုပါနေ့တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Kerrville ခရိုင်တွင် ရေဘေးသင့်နေရာအား ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/ အေပီ)

…………………..
(Chinese Version)
美国得州洪水死亡人数升至80人 至少41人失踪
新华社休斯敦7月6日电(记者徐剑梅)美国得克萨斯州政府和地方政府6日说,截至当天下午,得州中部洪灾已造成至少80人死亡。克尔县瓜达卢普河畔遭洪水袭击的夏令营营地仍有10名女童和一名辅导员下落不明。
据受灾各县发布的消息,受灾最重的克尔县至少68人死亡,另外4个县因灾死亡人数升至12人。
得州州长阿博特6日下午在一场记者会上说,得州遭受洪灾地区仍有至少41人失踪。他说,预计未来几天将有“更多强降雨”,得州部分地区仍然面临洪水危险。
得州国民警卫队当天在社交媒体上说,正在使用军用无人机协助搜救,联邦航空管理局为这些无人机开设了一条穿越得州空域的专用航道。(完)
图说1:7月5日,在美国得克萨斯州亨特,人们在瓜达卢普河沿岸搜救。新华社/美联
图说2:这是7月5日在美国得克萨斯州克尔维尔拍摄的受洪水影响的区域。新华社/美联