Connect with us

North America

မိုးလေဝသဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနှင့် ဝန်ထမ်းလျှော့ချမှုက တက္ကဆက်ပြည်နယ် ရေဘေးတုံ့ပြန်ရေးအပေါ် သက်ရောက်မှုရှိခြင်းကို ထရမ့် ငြင်းဆို

ရဟတ်ယာဉ်ဖြင့် ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ပြန်မည့် အမေရိကန် သမ္မတ ထရမ့်အား ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က ဖက်ဒရယ်အစိုးရ၏ မိုးလေဝသဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနှင့် ဝန်ထမ်းလျှော့ချမှုက တက္ကဆက်ပြည်နယ် ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိသည်ဟု ၎င်းအနေဖြင့် မယူဆကြောင်း ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

တက္ကဆက်ပြည်နယ် ရေကြီးမှုသည် “နှစ်တစ်ရာမှာ တစ်ကြိမ်ကြုံခြင်း” ဖြစ်ပြီး “ဘယ်သူမှ ကြိုမမြင်နိုင်ဘူး” ဟု ထရမ့်က နယူးဂျာစီပြည်နယ် ဂေါက်ကလပ်တွင် အားလပ်ရက် အပန်းဖြေပြီးနောက် ထွက်ခွာစဉ် ပြောကြားခဲ့သည်။ ဖက်ဒရယ် အစိုးရအနေဖြင့် ဝန်ထမ်းလျှော့ချမှုကာလအတွင်း အလုပ်နုတ်ထွက်ခဲ့သော မိုးလေဝသပညာရှင်များအား ပြန်လည်အလုပ်ခန့်ရန် မလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖက်ဒရယ်အစိုးရအနေဖြင့် တက္ကဆက်ပြည်နယ်အတွက် ဆက်လက်၍ ကူညီပံ့ပိုးမှုများပေးသွားမည်ဖြစ်ပြီး ၎င်းသည် ဇူလိုင် ၁၂ ရက်တွင် တက္ကဆက်ပြည်နယ်သို့ သွားရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဖက်ဒရယ်အရေးပေါ်ရေးရာ စီမံခန့်ခွဲမှုအေဂျင်စီ (FEMA) က တက္ကဆက်ပြည်နယ်တွင် အရေးပေါ်အခြေအနေ စတင်ဆောင်ရွက်ကာ ဖက်ဒရယ်အကူအညီများပေးမည့် တက္ကဆက်ပြည်နယ် အရေးကြီး ကပ်ဘေးထုတ်ပြန်ချက်ကို ယနေ့အစောပိုင်းတွင် ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။

ထရမ့်အစိုးရသည် ယခုနှစ် ဇန်နဝါရီလတွင် တာဝန်ထမ်းဆောင်ပြီးနောက် ဖက်ဒရယ်အဖွဲ့အစည်းအများအပြားကို လျှော့ချခြင်း၊ ရုပ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့်လတွင် ထရမ့်က ယခုနှစ်အတွင်း ဖက်ဒရယ်အရေးပေါ်ရေးရာ စီမံခန့်ခွဲမှုအေဂျင်စီ (FEMA) အား ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားပြီး ဖက်ဒရယ်ကပ်ဘေးကယ်ဆယ်ရေးရန်ပုံငွေ ပံ့ပိုးမှုကို လျှော့ချမည်ဟု ပြောကြားခဲ့သည်။ ဇူလိုင် ၆ ရက်တွင် ယင်းအေဂျင်စီအား ရုပ်သိမ်းရန် ဆက်လက်၍ စီစဉ်ထားခြင်းရှိ/ မရှိနှင့် စပ်လျဉ်းပြီး မေးမြန်ရာ၌ ထရမ့်က တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ “အဲဒါ နောက်မှ ဆွေးနွေးလို့ရတယ်” ဟူ၍သာ ပြောကြားခဲ့သည်။

တက္ကဆက်ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် အမေရိကန် အမျိုးသား မိုးလေဝသဌာနကို ရာသီဥတုဆိုင်ရာကြိုတင်ကြေညာမှု မှားယွင်းကြောင်း၊ ရေကြီးမှုကြိုတင်သတိပေးချက်မှာ မပြည့်စုံသည့်အပြင် ထုတ်ပြန်ချက်နောက်ကျကြောင်း သံသယများရှိခဲ့ကြသည်။
အိမ်ဖြူတော်သို့ ထရမ့်ပြန်လည်ရောက်ရှိပြီးနောက် ဘိုင်ဒန်အစိုးရဟောင်း၏ ရာသီဥတုဆိုင်ရာမူဝါဒများကို ဖျက်သိမ်းခဲ့ပြီး အမေရိကန် အမျိုးသား အဏ္ဏဝါနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေးဌာန (NOAA) နှင့် ယင်းလက်အောက်ရှိ အမျိုးသားမိုးလေဝသဌာန၏ ဘတ်ဂျက်ရန်ပုံငွေနှင့် ရာနှင့်ချီသောဝန်ထမ်းများကို လျှော့ချခဲ့သည်။ တက္ကဆက်ပြည်နယ်အလယ်ပိုင်းတွင်ရှိသော အမျိုးသားမိုးလေဝသဌာနခွဲများ၌ ဧပြီလကတည်းက ရာသီဥတုကြိုတင်သတိပေး ညှိနှိုင်းဆောင်ရွက်ရေးဝန်ထမ်း စသည်တို့အပါအဝင် ရာထူးနေရာအများအပြားသည် လစ်လပ်နေကြောင်း အမေရိကန် မီဒီယာများ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ ဤလုပ်ဆောင်ချက်အစီအမံများသည် တက္ကဆက်ပြည်နယ်ရေကြီးမှု၏ “ဓာတ်ကူပစ္စည်း” ဖြစ်သည်ဟု ဒီမိုကရက်တစ်ပါတီဝင်တချို့က ဝေဖန်ခဲ့ကြသည်။

သံသယနှင့် ဝေဖန်မှုများ ရင်ဆိုင်ရချိန်တွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Abigail Jackson က အမျိုးသားမိုးလေဝသဌာနသည် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ ဤဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို နိုင်ငံရေးအသွင်ပြောင်းသည့် လုပ်ရပ်မှာ “ရှက်ရွံ့စရာကောင်းပြီး စက်ဆုပ်ဖွယ်ပါပဲ” ဟူ၍ ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၆ ရက် ညနေအချိန်အထိ ဇူလိုင် ၄ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းရာမှ ဖြစ်ပေါ်သော ရေဘေးကြောင့် တက္ကဆက်ပြည်နယ်အလယ်ပိုင်းဒေသများတွင် အနည်းဆုံး လူ ၈၀ ဦးသေဆုံးကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိသည်။ ကားရ်ခရိုင် ဂွါဒါလူပီမြစ်ကမ်းတွင် ရေဘေးတိုက်ခိုက်မှုဒဏ်ခံခဲ့ရသော နွေရာသီစခန်း၌ မိန်းမလေးငယ် ၁၀ ဦးနှင့် နည်းပြတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ (Xinhua)

ရဟတ်ယာဉ်ဖြင့် ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ပြန်မည့် အမေရိကန် သမ္မတ ထရမ့်အား ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
特朗普否认削减气象部门预算及裁员影响得州洪灾应对
新华社休斯敦7月6日电(记者徐剑梅)美国总统特朗普6日表示,他不认为联邦政府削减气象部门预算并裁减员工,影响得克萨斯州洪灾应对工作。
特朗普在新泽西州高尔夫俱乐部度周末后离开时说,得州洪灾是“百年一遇”,“没人预见到”。联邦政府没有必要重新聘用在裁员期间离职的气象学家。
特朗普表示,联邦政府将继续为得州救灾提供支持,他“可能”12日访问得州。当天早些时候,特朗普签署得州重大灾难声明,联邦紧急事务管理局在得州启动紧急状态提供联邦救助。
特朗普政府今年1月上任后着手裁撤多个联邦机构。特朗普上月表示,将在年内逐步解散联邦紧急事务管理局,减少联邦救灾资金发放。6日被问及是否仍计划解散该机构时,特朗普没有直接回复,只表示“可以稍后再谈”。
得州洪灾发生后,美国国家气象局被质疑天气预报失误、洪水预警不充分且发布较迟。特朗普重返白宫后,废除前任拜登政府的气候政策,裁减美国国家海洋和大气管理局及其下属国家气象局预算资金和数百名员工。据美国媒体报道,在国家气象局位于得州中部的分支机构,4月以来包括天气预警协调员等多个岗位空缺。一些民主党人批评这些举措是得州洪灾的“催化剂”。
面对质疑和批评,白宫发言人阿比盖尔·杰克逊6日说,国家气象局履行了职责。把这场悲剧政治化的做法“可耻且令人厌恶”。
截至美东时间6日下午,4日以来因暴雨引发的洪灾在得州中部地区已造成至少80人死亡、41人失踪。克尔县瓜达卢普河畔遭洪水袭击的夏令营营地仍有10名女童和一名辅导员下落不明。(完)
图说:7月6日,美国总统特朗普乘直升机返回华盛顿白宫。新华社记者 胡友松 摄