China
သဟဇာတဖြစ်သော ဖွံ့ဖြိုးတိုးတက်မှု၊ စိမ်းလန်းစိုပြည်မှုဖြင့် ရှေ့သို့လှမ်းချီနေသော တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်

ကွေ့ယန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်သည် ဂေဟယဉ်ကျေးမှု တည်ဆောက်ရေးတွင် အောင်မြင်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး ဂေဟစနစ် အားသာချက်များကို ဖွံ့ဖြိုးတိုးတက်မှု အားသာချက်အဖြစ် ပြောင်းလဲကာ ဂေဟယဉ်ကျေးမှု ရှုခင်းပုံအသစ်များကို စဉ်ဆက်မပြတ်ရေးဆွဲခဲ့သည်။
လေအားလျှပ်စစ်၊ နေရောင်ခြည်သုံးစွမ်းအင်စသည့် အစိမ်းရောင် စွမ်းအင်များကို အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်စေသည့် တစ်ချိန်တည်းတွင်ပင် ကွေ့ကျိုးပြည်နယ်သည် နေရောင်ခြည်သုံး ဆိုလာပြားများအောက်ရှိ မြေကြီးများကို အပြည့်အဝအသုံးချကာ လယ်ယာသီးနှံများစိုက်ပျိုးပြီး အခြေအနေရှိသော လယ်သမားများအား တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အားပေးခဲ့သည်။ ထို့အပြင် မြေမျက်နှာသွင်ပြင် အမျိုးစုံလင်မှုနှင့် ရာသီဥတု ထင်သာမြင်သာရှိမှု အားသာချက်များကို ကောင်းမွန်စွာ အသုံးပြုပြီး တောင်တန်းဒေသ တစ်မူထူးခြားသော စိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်ဆောင်ရွက်ကာ လယ်သမားများ၏ ၀င်ငွေကို တိုးမြင့်စေခဲ့သည်။ လက်ရှိတွင် ကွေ့ကျိုးပြည်နယ်၏ သစ်တောလွှမ်းခြုံမှုနှုန်းမှာ ၆၃.၃ ရာခိုင်နှုန်းအထိ ရှိလာပြီး ပြည်နယ်၏ အစိမ်းရောင်စီးပွားရေးမှာ ၄၈ ရာခိုင်နှုန်းအထိ ပါဝင်သည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျင်းယွမ်မယ်စခန်းရှိ လယ်ယာလုပ်ငန်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်နေရာကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
新华全媒+|贵州:和美发展 逐绿“黔”行
新华社照片,贵阳,2025年7月6日
近年来,贵州不断在生态文明建设上出新绩,努力把生态优势转化为发展优势,绘就出一幅幅生态文明新图景。在大力发展风电、光伏发电等绿色能源的同时,贵州充分利用光伏板下的土地种植农作物,带动有条件的农户发展畜牧养殖,并发挥地形多样、气候立体的优势,大力发展山地特色农业,带动农民增收。目前,贵州省森林覆盖率达63.3%,绿色经济占比达48%。
图说1:茶农在贵州省安顺市西秀区双堡镇山京茶场采茶(2025年4月4日摄,无人机照片)。新华社记者 陶亮 摄
图说2:7月3日拍摄的贵州金元么站农业光伏电站一隅(无人机照片)。新华社记者 陶亮 摄