Connect with us

China

SCO အဖွဲ့ဝင်နိုင်ငံများက ထူးချွန်ကောင်းမွန်သော ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု အစီအစဉ်များစွာ ဖန်တီးသွားမည်

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးများ ၂၂ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု၊ ခရီးသွားလာမှုလုပ်ငန်းဌာန အကြီးအကဲများ အစည်းအဝေးကို ဇူလိုင် ၇ ရက်တွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့၌ သီးခြားစီ ကျင်းပစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများသည် မကြာမီကျင်းပမည့် SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေးအား အခါအခွင့်အဖြစ်ထားရှိကာ ထူးချွန်ကောင်းမွန်သော ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု အစီအစဉ်များစွာ ဖန်တီးသွားပြီး လူမှုယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် မြှင့်တင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးအတွက် SCO အင်အားဖြင့် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း သတင်းထောက်က တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

SCO အဖွဲ့ဝင်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးများ ၂၂ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု၊ ခရီးသွားလာမှုလုပ်ငန်းဌာန အကြီးအကဲများ အစည်းအဝေးကို ဇူလိုင် ၇ ရက်တွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့၌ သီးခြားစီ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် အစည်းအဝေးအား ကြီးမှူးကျင်းပခဲ့ပြီး SCO အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ ယဉ်ကျေးမှု၊ ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်များ၊ SCO အတွင်းရေးမှူးချုပ်တို့ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်များက လတ်တလောနှစ်များတွင် SCO အဖွဲ့ဝင်နိုင်ငံများက ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုသည် တစ်နေ့တခြား နီးကပ်လာပြီး ဝန်ကြီးအဆင့် အစည်းအဝေး ယန္တရားထူထောင်ခြင်းဖြင့် ကူးလူးဖလှယ်မှုအား အရည်အသွေးမြှင့်တင်၍ တိုးတက်အောင် တွန်းအားပေးခဲ့ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအား ဆန်းသစ်တီထွင်၍ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းအား တည်ဆောက်ခဲ့ကြောင်း၊ “ယဉ်ကျေးမှုနှစ်” ၊ “ခရီးသွားလာရေးနှစ်” စသည့် အမှတ်တံဆိပ် လှုပ်ရှားမှုများအား ကျင်းပကာ နိုင်ငံအသီးသီးပြည်သူများ၏ ရင်းနှီးကျွမ်းဝင်မှုအား မြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

SCO အနေဖြင့် “ရှန်ဟိုင်းစိတ်ဓာတ်” အား ဆက်လက်ပြန့်ပွားအောင် ဆောင်ရွက်ပြီး ယန္တရားဖြင့် ဦးဆောင်မှုအား အားဖြည့်ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမျိုးစုံလင်မှုအား လေးစား၍ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုအား မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မကြာမီကျင်းပတော့မည့် SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးအား အခါအခွင့်အဖြစ် ထားရှိကာ ထူးချွန်ကောင်းမွန်သော ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု အစီအစဉ်များစွာ ဖန်တီးသွားပြီး လူမှုယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် မြှင့်တင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးအတွက် SCO အင်အားဖြင့် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဘက်ပေါင်းစုံက ကာဂျစ္စတန် သမ္မတနိုင်ငံ Cholpon-Ata မြို့အား ၂၀၂၅-၂၀၂၆ ခုနှစ် SCO ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုမြို့ ကိုယ်စားလှယ်လောင်းမြို့အဖြစ်ထည့်သွင်းရန် သဘောတူညီခဲ့ပြီး “SCO ၂၀၂၅ ခုနှစ် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစီမံကိန်းစာရင်း” အား အတည်ပြုခဲ့ကာ အစည်းအဝေးမှတ်တမ်းအား လက်မှတ်ရေးထိုးခဲ့သည်။

ထိုနေ့ညတွင် SCO အဖွဲ့ဝင်နိုင်ငံများ အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် လူငယ်တေးဂီတဖျော်ဖြေပွဲကို ချင်းသောင်မြို့ နိုင်ငံတကာရွက်လွှင့်စင်တာ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ အနုပညာရှင်များပူးတွဲပါဝင်၍ အရောင်အသွေးစုံလင်သော ပူးတွဲဖျော်ဖြေတင်ဆက်မှုများ လုပ်ဆောင်ခဲ့ရာ SCO နိုင်ငံများ၏ ယဉ်ကျေးမှုဆွဲဆောင်အားနှင့် လူငယ်များ တက်ကြွမှုစွမ်းအားကို ပေါ်လွင်စေခဲ့ပေသည်။ (Xinhua)

—————–
(Chinese Version)
上海合作组织成员国将打造更多优秀文化和旅游项目
新华社青岛7月7日电 记者7日从文化和旅游部获悉,上海合作组织各成员国将以即将举办的上合组织天津峰会为契机,打造更多优秀的文化和旅游项目,促进人文领域合作高质量发展,为推动构建人类命运共同体贡献上合力量。
当日,上海合作组织成员国文化部长第二十二次会晤、旅游部门领导人会议分别在青岛举行。中方作为轮值主席国主持会议,上合组织10个成员国文化、旅游部门负责人及代表,上合组织秘书长出席会议。
与会代表一致认为,近年来,上合组织各成员国在文化和旅游领域的合作日益紧密,成立部长级会议机制,推动交流提质增效;创新合作载体,搭建深度合作平台;举办“文化年”“旅游年”等品牌活动,促进各国民众相知相亲。上合组织应继续弘扬“上海精神”,强化机制引领;尊重多样文明,促进文化交流;深化旅游合作,实现共同发展。各成员国将以即将举办的上合组织天津峰会为契机,打造更多优秀的文化和旅游项目,促进人文领域合作高质量发展,为推动构建人类命运共同体贡献上合力量。
会上,各方一致同意提名吉尔吉斯共和国乔尔蓬阿塔市为2025—2026年上合组织旅游和文化之都候选城市,通过《上海合作组织2025年文化交流项目清单》,并签署了会议纪要。
当晚,上合组织成员国艺术节开幕式暨青年歌会在青岛奥帆中心举办。中外艺术家联袂登场,献上精彩纷呈的文艺演出,彰显上合组织国家的文化魅力和青年活力。(完)
图说:7月7日,上海合作组织成员国文化部长第二十二次会晤、旅游部门领导人会议分别在青岛举行。新华社记者 岳月伟 摄