Connect with us

China

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးပြည်နယ်ခွဲတွင် လျှို့ဝှက်သော တောတောင်ရေမြေနေရာက နွေရာသီအပန်းဖြေရန် နေရာကောင်းဖြစ်လာ

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးပြည်နယ်ခွဲ ပါးတုန်းခရိုင် ဆွေပုရာ့မြို့နယ်တွင် ခရီးသွားဧည့်သည်များက စီကျစ်မြစ်ရှုခင်းအား ရှုစားနေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်းစီး (ဟူပေ)၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီး ထူကျားလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသည် နာမည်ကျော် နွေရာသီ အပန်းဖြေစခန်းဖြစ်သည်။
လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း တစ်မူထူးခြားသော Karst မြေမျက်နှာသွင်ပြင်၊ အေးမြသော တောင်တန်းမြင့်ရာသီဥတုနှင့် သိပ်သည်းသော တောရိုင်းသစ်တော စသည့် သာလွန်ကောင်းမွန်သော ဂေဟအရင်းအမြစ်များဖြင့် နွေရာသီ အပန်းဖြေမှု ထူးခြားချက်ရှိသော ခရီးသွားလာမှုအား တက်တက်ကြွကြွဖော်ဆောင်ကာ လျှိုမြောင်ကြားတွင် စူးစမ်းသွားလာခြင်း၊ လိုဏ်ဂူများသို့ သွားရောက်လေ့လာခြင်း၊ ချင်းကျန်းမြစ်တွင် ရေလှိုင်းစီးခြင်းနှင့် ထူကျားလူမျိုး ဓလေ့ထုံးတမ်းများ လက်တွေ့ခံစားခြင်း စသည့် အမျိုးစုံလင်သော ခရီးသွားထုတ်ကုန်များကို အနုစိတ်ဖန်တီး၍ ခရီးသွားဧည့်သည်များ လာရောက်ကာ နွေရာသီအပန်းဖြေလျက် ပိတ်ရက်ကာလကျော်ဖြတ်ရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးပြည်နယ်ခွဲ ကျန့်စီခရိုင်တွင် ခရီးသွားဧည့်သည်များက ချင်းကျန်းဆွေယွီမြို့နယ် ရေပေါ်အားကစားစင်တာ၌ ရေပေါ်အားကစားလှုပ်ရှားမှုများ လက်တွေ့ခံစားနေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးပြည်နယ်ခွဲ ပါးတုန်းခရိုင် ဆွေပုရာ့မြို့နယ် ရှန်းနုံရွာ ခရီးသွားလာရေး နားနေစခန်းတွင် ခရီးသွားဧည့်သည်များက ဖန်တံတားပေါ်သို့ လာရောက်လည်ပတ်နေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
湖北恩施:山水秘境,避暑天堂
新华社照片,恩施(湖北),2025年7月8日
湖北省恩施土家族苗族自治州是知名避暑胜地。近年来,当地依托独特的喀斯特地貌、清凉宜人的高山气候和茂密的原始森林等优越生态资源,积极发展夏季避暑特色旅游,精心打造峡谷探险、溶洞探秘、清江漂流及土家风情体验等多样化旅游产品,吸引众多游客前来休闲避暑、度假观光。
1、7月7日,在恩施州巴东县水布垭镇,游客欣赏十字江风光(无人机照片)。 新华社发(郑家裕摄)
2、7月7日,在恩施州建始县,游客在清江水语小镇水上运动中心体验水上运动项目(无人机照片)。新华社发(郑家裕摄)
3、7月7日,在恩施州巴东县水布垭镇香浓寨旅游驿站,游客在玻璃栈道上游玩(无人机照片)。新华社发(杨顺丕摄)