Connect with us

International Organizations

တရုတ်နိုင်ငံက ဇာပိုရေးဇီးယား နျူကလီးယားဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရမှုအပေါ် အထူးဂရုပြုကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းအား သြဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက သြဂုတ် ၁၁ ရက်တွင် ပြုလုပ်သော ယူကရိန်း နျူကလီးယားအဆောက်အအုံ လုံခြုံရေးပြဿနာ စိစစ်ဆွေးနွေးခြင်းဆိုင်ရာ လုံခြုံ‌ရေးကောင်စီအစည်းအဝေးတွင် တရုတ်နိုင်ငံက ယူကရိန်းနိုင်ငံအတွင်းရှိ နျူကလီးယားဆိုင်ရာ အဆောက်အအုံ လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များအပေါ် အထူးအာရုံစိုက်ကြောင်းနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဇာပိုရေးဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရခြင်းအပေါ် အထူးဂရုပြုကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းဆက်တိုက်ဖြစ်ပွားခဲ့သည့် ၅ လတာကာလအတွင်း ပဋိပက္ခမှ နျူကလီးယားဆိုင်ရာ အဆောက်အအုံများအပေါ် ခြိမ်းခြောက်မှုအန္တရာယ်သည် အမြဲဆိုသလိုရှိနေကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။ အခြေအနေတင်းမာမှု လျှော့ချကာ အမြန်ဆုံးငြိမ်ချမ်းရေးရမှသာလျှင် အန္တရာယ်များကို အမြစ်ဖြတ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့များအနေဖြင့် တည်ငြိမ်ပြီး ကျိုးကြောင်းဆီလျော်သော သဘောထားဖြင့် စေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်၍ ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး လမ်းကြောင်းရှာဖွေကာ ထိရောက်၍ ဟန်ချက်ညီသော ရေရှည်တည်တံ့ခိုင်မြဲသည့် လုံခြုံရေးကို တည်ဆောက်ရန်နှင့် ဘုံလုံခြုံရေးကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းလိုက်ကြောင်း ၎င်းက ဆိုသည်။တရုတ်နိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာရန်နှင့် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန် အမြဲ ထောက်ခံအားပေးခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူသည့် နည်းလမ်းများကိုအသုံးပြုကာ အကျပ်အတည်းများ ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် တွန်းအား‌ပေးပြီး နိုင်ငံရေးနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများကို အားဖြည့်ကာ သက်ဆိုင်ရာနိုင်ငံများအတွက် စေ့စပ်ညှိနှိုင်းရေး ပြန်လည်စတင်နိုင်သော အခြေအနေ ဖန်တီးပေးရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့်လည်း အပြုသဘောဆောင်သော ကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

…………………………………………

(Chinese Version)
中国常驻联合国代表:中方对扎波罗热核电站遇袭事件深表关切
新华社联合国8月11日电(记者毛磊)中国常驻联合国代表张军11日在安理会审议乌克兰核设施安全问题时发言说,中方高度关注乌克兰境内核设施安全和安保问题,对近期发生的扎波罗热核电站遇袭事件深表关切。
张军说,乌克兰危机持续5个多月,冲突对核设施构成的安全风险始终存在。只有推动局势降温,早日恢复和平,才能从根本上解除核风险,减少误判,避免出现意外。中方再次呼吁有关各方尽快恢复谈判,本着冷静、理性态度寻找乌克兰危机解决出路,解决彼此合理安全关切,构建均衡、有效、可持续安全架构,实现共同安全。中国一贯主张遵守联合国宪章宗旨和原则,尊重国家主权和领土完整。中方呼吁国际社会所有各方都以负责任的方式推动危机得到妥善解决,加大政治和外交努力,为当事方重回谈判创造条件。中方将继续为此发挥建设性作用。