Connect with us

Politics, Law & Military

ထိုင်ဝမ်အရေးတွင် အမေရိကန်၏ အထောက်အထားမဲ့ပြောကြားမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)

ထိုင်ဝမ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပထမဆုံး ဖြတ်ကျော်၍မရသော မျဉ်းနီဖြစ်ရာ ထိုင်ဝမ်အရေးတွင် ကြိုးတန်းလမ်းလျှောက်နေမှု ၊ ဆာလာမီနည်းဗျူဟာလုပ်ဆောင်နေမှု၊ ဘောင်ကျော်လုပ်ဆောင်မှု၊ ထင်ယောင်မြင်မှားဖြစ်အောင် အထောက်အထားမဲ့ပြောဆိုနေမှုများကို အချိန်မီ ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုရက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ ထိုင်ဝမ်အရေး မှားယွင်းသော ပြောဆိုချက်များအပေါ် ဖေဖော်ဝါရီ ၂၈ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
“နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ပြောဆိုချက်တွေက အလွန်တာဝန်မဲ့ပြီး အဓိပ္ပါယ်မဲ့တယ်။ ထို့အပေါ် တရုတ်နိုင်ငံက ခိုင်မာစွာ ကန့်ကွက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်အနေနဲ့ သမိုင်းကို သေချာသင်ယူလေ့လာဖို့ လိုအပ်တယ်”၊ ထိုင်ဝမ်သည် ရှေးယခင်ကတည်းက တရုတ်နိုင်ငံပိုင်နက်တွင် ခွဲခြားမရသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် အများအသိအမှတ်ပြုထားသော နိုင်ငံတကာဆက်ဆံရေးအခြေခံမူဖြစ်ပြီး တရုတ်နိုင်ငံက အခြားနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးထူထောင်ရာတွင် အရေးကြီးသော နိုင်ငံရေး၌ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်နှင်အခြေခံဖြစ်ကြောင်း မော်နင်က ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။


အမေရိကန်နိုင်ငံသည် ၁၉၇၂ ခုနှစ်က ရှန်ဟိုင်းကြေညာချက်တွင် “ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းရှိ တရုတ်လူမျိုးအားလုံးက တရုတ်တစ်နိုင်ငံတည်းရှိသည်ဟု ယူဆပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို အမေရိကန်နိုင်ငံအနေဖြင့် သိရှိပါကြောင်း”ဟူ၍ လည်းကောင်း ၊ ၁၉၇၈ ခုနှစ်က သံတမန်ဆက်ဆံရေးထူထောင်ခြင်း ကြေညာချက်တွင် “အမေရိကန်ပြည်ထောင်စုက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း” “တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏အစိတ်အပိုင်း ဖြစ်သည်ဟူသော တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို အသိအမှတ်ပြုကြောင်း” ဟူ၍လည်းကောင်း ၊ ၁၉၈၂ ခုနှစ်က ဩဂုတ် ၁၇ ရက် ကြေညာချက်တွင်လည်း “အမေရိကန်ပြည်ထောင်စုက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏အစိတ်အပိုင်း ဖြစ်သော တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို အသိအမှတ်ပြုကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိပါးလိုသောဆန္ဒမရှိသလို တရုတ်ပြည်တွင်းရေးကို စွက်ဖက်ရန်ဆန္ဒမရှိကြောင်း၊ ‘တရုတ်နှစ်နိုင်ငံ’ သို့မဟုတ် ‘တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံ’ မူဝါဒကို ကျင့်သုံးလိုခြင်း မရှိကြောင်း ” ဟူ၍လည်းကောင်း အတိအလင်း ဖော်ပြခဲ့သည်ဟု မော်နင်က ပြောကြားခဲ့သည်။

“ထိုင်ဝမ်အရေးတွင် အမေရိကန်က တရုတ်နိုင်ငံအပေါ်ထားရှိတဲ့ နိုင်ငံရေးကတိကဝတ်များက စာရွက်ထဲမှာ ရှင်းရှင်းလင်းရှိနေပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။

“အချိန်အတိုင်းအတာတစ်ခုတွင် အမေရိကန်က သမိုင်းဖြစ်ရပ်မှန်များကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြု၍ ပုံပြောင်းကာ ထိုင်ဝမ်အရေးမှာ မှားယွင်းတဲ့သတင်းစကားများ ထုတ်လွှင့်နေခြင်း၊ အမေရိကန်-ထိုင်ဝမ် တရားဝင်သွားလာနေမှုများကို ဖြေလျှော့နေခြင်း ၊ အမေရိကန်- ထိုင်ဝမ် စစ်ရေးဆက်သွယ်မှုများကို အားဖြည့်နေခြင်း၊ ‘ယနေ့ ယူကရိန်း၊ နက်ဖြန် ထိုင်ဝမ်’ဟု တွင်ကျယ်စွာ ပြောကြားခြင်း၊ အချို့မီဒီယာများက အမေရိကန်အစိုးရရေးဆွဲသော ထိုင်ဝမ်ဖျက်ဆီးရေးအစီအစဉ်များကို ထုတ်ဖော်မှုများရှိနေပါတယ်။ ဒါတွေက အမေရိကန် ဘာလုပ်ချင်တာလဲလို့ အများမေးစရာ ဖြစ်လာတယ်”ဟု မော်နင်က ဆိုသည်။

ထိုင်ဝမ်သည် လုံးဝဥဿုံ တရုတ်နိုင်ငံ၏ပြည်တွင်းရေးဖြစ်ပြီး တရုတ်နိုင်ငံဗဟိုအကျိုးစီးပွား၏အဓိကအချက်အခြာဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံ၊ တရုတ်-အမေရိကန်ဆက်ဆံရေး၏ ပထမဆုံးကျော်လွှား၍မရသော မျဉ်းနီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မည်သည့်ပြည်ပအင်အားစုကိုမျှ တရုတ်ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံက ထိုင်ဝမ်အရေးတွင် ကြိုးတန်းလမ်းလျှောက်နေမှု ၊ ဆာလာမီနည်းဗျူဟာလုပ်ဆောင်နေမှု၊ ဘောင်ကျော်လုပ်ဆောင်မှု၊ ထင်ယောင်မြင်မှားဖြစ်အောင် အထောက်အထားမဲ့ပြောဆိုနေမှုများကို အချိန်မီ ရပ်တန့်ရန် မိမိတို့အနေဖြင့် တိုက်တွန်းပါတယ်”၊ အကယ်၍ အမေရိကန်ဘက်က တစ်ဖက်သတ်ခေါင်းမာစွာဆောင်ရွက်မည်ဆိုပါက ဆိုးဝါးသောအကျိုးဆက်များ ဖြစ်စေမည် ဖြစ်ပြီး ထို့အတွက် အမေရိကန်က ကြီးမားသော တန်ဖိုးပေးဆပ်ရမည် ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

————————
外交部发言人:奉劝美方停止在台湾问题上信口开河
新华社北京2月28日电(记者成欣、温馨)针对美国国务卿布林肯近日发表涉台错误言论,外交部发言人毛宁28日表示,台湾问题是中美关系第一条不可逾越的红线,奉劝美方悬崖勒马,停止在台湾问题上走边缘、“切香肠”、搞突破,停止混淆视听、信口开河。
“布林肯国务卿的言论极不负责任、十分荒谬,中方坚决反对。在台湾问题上,布林肯国务卿需要认真上上历史课。”毛宁在当日例行记者会上回答相关提问时说,台湾自古以来就是中国领土不可分割的一部分,一个中国原则是公认的国际关系基本准则,也是中国同其他国家建立外交关系的重要政治前提和基础。
毛宁说,1972年,美方在“上海公报”中明确表示:“美国认识到,在台湾海峡两边的所有中国人都认为只有一个中国,台湾是中国的一部分。美国政府对这一立场不提出异议”;1978年,美方在“建交公报”中明确表示,美利坚合众国“承认中华人民共和国政府是中国的唯一合法政府”“承认中国的立场,即只有一个中国,台湾是中国的一部分”;1982年,美方在“八•一七”公报中明确表示:“美利坚合众国承认中华人民共和国政府是中国的唯一合法政府,并承认中国的立场,即只有一个中国,台湾是中国的一部分。美国政府无意侵犯中国的主权和领土完整,无意干涉中国的内政,也无意执行‘两个中国’或‘一中一台’政策”。
毛宁说:“在台湾问题上,美方对中方作出的政治承诺白纸黑字,清清楚楚。”
“一段时间以来,美方蓄意无视和歪曲历史事实,在台湾问题上发出错误信号,大幅放宽对美台官方交往约束,强化美台军事联系,鼓噪‘今日乌克兰,明日台湾’,甚至有媒体曝出美政府制定了‘毁灭台湾’计划。人们不禁要问,美方究竟意欲何为?”毛宁说。
她强调,台湾问题纯属中国内政,是中国核心利益中的核心,是中美关系政治基础,是中美关系第一条不可逾越的红线。中方决不允许任何外部势力干涉中国内政。
“我们奉劝美方悬崖勒马,停止在台湾问题上走边缘、‘切香肠’、搞突破,停止混淆视听、信口开河。”毛宁说,如果美方一意孤行,必将导致严重后果,美方必将为此付出沉重代价。(完)