Connect with us

China

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်တွင် လူပေါင်း ၅၈၀,၀၀၀ ကျော် သဘာဝဘေးဒဏ်ခံရ၊ ယင်းဒေသ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိ

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် လုံယန်မြို့ ဝူဖိန်ခရိုင်တွင် ရွှံ့နွံများ ကူညီဖယ်ရှားပေးနေသော မီးသတ်သမားများကို ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နေရာအများအပြားတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ အတိုင်းအတာအမျိုးမျိုးဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။ ဇွန် ၁၈ ရက် ည ၇ နာရီထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖူကျန့်ပြည်နယ်ရှိ မြို့ ၆ ခု၊ ခရိုင် ၄၀ ခု (မြို့၊ ဒေသ)၊ ကျေးရွာမြို့နယ်ပေါင်း ၅၀၇ ခုတွင် လူပေါင်း ၅၈၆,၅၀၀ ဦးနှင့် ကောက်ပဲသီးနှံ ၃၇.၁၉ ကီလိုဟက်တာ သဘာဝဘေးဒဏ်ခံခဲ့ရကြောင်း ဖူကျန့်ပြည်နယ် ရေကြီးမှုထိန်းချုပ်ရေးရုံးမှ သိရသည်။ ဆိုးရွားသောရေကြီးမှုအခြေအနေများ ရင်ဆိုင်နေရချိန်တွင် ဖူကျန့်ပြည်နယ် ဌာနဆိုင်ရာအသီးသီးသည် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှု အတတ်နိုင်ဆုံးနည်းပါးစေရန် ရေဘေးကြိုတင်ကာကွယ်ရေး နှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ လက်တွေ့ကျလုပ်ဆောင်ထားကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
强降雨致福建58万余人受灾 当地积极开展抢险救援
新华社福州6月19日电(记者张华迎)连日强降雨已致福建多地不同程度受灾。记者19日从福建省防汛办获悉,截至18日19时,强降雨已造成福建省6个设区市40个县(市、区)507个乡镇58.65万人受灾,农作物受灾37. 19千公顷。面对严峻汛情,福建各地各部门切实做好防汛抢险救灾工作,最大限度降低灾害损失。
图说:6月17日,在福建省龙岩市武平县中堡镇,消防人员帮助群众清理淤泥。