Connect with us

Africa & Middle East

တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေသော တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် အရေးကြီး အခွင့်အလမ်းများ သယ်ဆောင်လာဟု တူကီယဲ နိုင်ငံတကာစီးပွားရေးပညာရှင် Gülsüm Akbulut ဆို

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အလယ်အလတ်အဆင့်ဝင်ငွေရှိသူအုပ်စုပမာဏကို တည်ငြိမ်စွာတိုးချဲ့လျက်ရှိပြီး စားသုံးမှုစွမ်းအားကို တက်ကြွစွာနှိုးဆွကာ နိုင်ငံတကာလုပ်ငန်းကုမ္ပဏီများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် အရေးကြီးအခွင့်အလမ်းများ သယ်ဆောင်လာပေးကြောင်း တူကီယဲနိုင်ငံ Ankara ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံအုပ်စု ဥက္ကဋ္ဌ၊ နိုင်ငံတကာ စီးပွားရေးပညာရှင် Gülsüm Akbulut သည် မကြာသေးမီက ဆင်ဟွာသတင်းဌာန သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးတွင် မသေချာမရေရာမှုများစွာ ရင်ဆိုင်နေရသော်လည်း ၂၀၂၄ ခုနှစ် တရုတ်စီးပွားရေးသည် ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အားကောင်းသော ကြံ့ကြံ့ခံနိုင်မှုစွမ်းကို ပြသခဲ့ကြောင်း Gülsüm Akbulut က ပြောကြားခဲ့သည်။

“အဆက်မပြတ် တိုးပွားလာတဲ့ အလယ်အလတ်အဆင့်ဝင်ငွေရှိသူအုပ်စု၊ စဉ်ဆက်မပြတ် မြို့ပြအသွင်ပြောင်းရေး လုပ်ငန်းစဉ်နဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေက တရုတ်နိုင်ငံ စားသုံးမှုဈေးကွက်ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအပေါ် အားကောင်းတဲ့ တောင်းဆိုချက်ကို တွန်းအားပေးဖော်ဆောင်နေပါတယ်” ၊ “ဒါက လျင်မြန်စွာတိုးတက်နေတဲ့ ဒေသတွင်းလုပ်ငန်းကုမ္ပဏီတွေအတွက် အခွင့်အလမ်း သယ်ဆောင်လာပေးသလို တရုတ်ဈေးကွက်ကို ဝင်ရောက်ဖို့ ဆန္ဒရှိတဲ့ နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီတွေအတွက်လည်း အခွင့်အလမ်း ဖန်တီးပေးလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လျှပ်စစ်ကား၊ ဆက်သွယ်ရေးနှင့် e-commerce စသည့် အဓိကကဏ္ဍများ စဉ်ဆက်မပြတ် လျင်မြန်စွာ တိုးတက်လာမှုသည် တရုတ်စားသုံးမှုဈေးကွက်၏ နက်ရှိုင်းမှုနှင့် ဆွဲဆောင်မှုအားကို ထင်ရှားစွာ ပေါ်လွင်စေကြောင်း၊ တရုတ်နိုင်ငံတွင် ထုတ်ဖော်ရန် အတန်အသင့်ကြီးမားသော စားသုံးမှုအလားအလာများ ရှိနေဆဲဖြစ်ကြောင်း Gülsüm Akbulut က ယူဆသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍ၌ အဆက်မပြတ်ပါဝင်လျက်ရှိကြောင်း ၎င်းက ထင်မြင်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကုန်ပစ္စည်း ကုန်သွယ်ရေးနိုင်ငံဖြစ်ပြီး ခေတ်မီသော အခြေခံအဆောက်အဦကွန်ရက်ကို တည်ဆောက်ထားကြောင်း Gülsüm Akbulut က ဆိုသည်။

တရုတ်နိုင်ငံသည် နိုင်ငံအများစု၏ အရေးကြီးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ ၎င်း၏ ဝန်ဆောင်မှုကဏ္ဍကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်လာပြီဖြစ်ကာ ယင်းသည် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးစနစ်တွင် တည်နေရာကို တစ်ဆင့်တိုးမြှင့်တင်ပေးလိုက်ကြောင်း၊ “နိုင်ငံအများအပြားက တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့စားသုံးမှုဈေးကွက်ထဲ ဝင်ရောက်နိုင်စေဖို့အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဆက်ဆံရေးကို ကြိုးပမ်းမြှင့်တင်လျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်-တူကီယဲ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ Gülsüm Akbulut က တရုတ်နိုင်ငံက တူကီယဲနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် တိုးပွားလာကြောင်း၊ နှစ်ဖက်က အဆင့်မြင့်သိပ္ပံနည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမှာ ဆက်လက်နက်ရှိုင်းလာနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
共话中国经济新机遇|专访:稳步发展的中国为投资者带来重要机遇——访土耳其国际经济专家阿克布卢特
新华社伊斯坦布尔6月17日电 新华社记者王腾飞
土耳其安卡拉全球咨询集团总裁、国际经济专家居尔叙姆·阿克布卢特日前接受新华社记者专访时表示,中国稳步扩大中等收入群体规模、积极激发消费活力,为国际企业进入中国市场带来重要机遇。
阿克布卢特说,尽管全球经济面临诸多不确定性,2024年中国经济实现5%的增长,展现出强大韧性。
“不断壮大的中等收入群体、持续的城市化进程以及数字经济的发展,正在推动中国消费市场对商品和服务的强劲需求,”她说,“这不仅为快速成长的本土企业带来机遇,也为有意进入中国市场的国际企业创造了机遇。”
阿克布卢特认为,电动汽车、电信和电子商务等重点领域持续快速增长,凸显中国消费市场的深度和吸引力,中国仍有较大的消费潜力待释放。她认为,中国将在全球经济增长中持续发挥关键作用。
阿克布卢特表示,中国是世界第一大货物贸易国,并建设了先进的基础设施网络。中国是大多数国家的重要贸易伙伴,其服务贸易规模已突破1万亿美元,这进一步提升了中国在全球经济体系中的地位。“许多国家正在努力加强与中国的贸易关系,以进入其庞大的消费市场”。
关于中土经贸合作,阿克布卢特说,中国对土耳其的投资不断增长,双方在高科技、环保等领域的合作正持续深化。(完)