China
အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” အစီအမံကို တရုတ်နိုင်ငံက WTO ၌ တိုင်ကြားပြီးဖြစ်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် ဧပြီ ၂ ရက်တွင် အမေရိကန်က တရုတ်နိုင်ငံ အပါအဝင် ကုန်သွယ်ရေးမိတ်ဖက်အားလုံးအပေါ် “အလားတူ စည်းကြပ်ခွန်” ကောက်ခံရန် ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အငြင်းပွားဖြေရှင်းရေးယန္တရား၌ တိုင်ကြားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်ဘက်က “အလားတူ စည်းကြပ်ခွန်” ဟုဆိုကာ အခွန်ကောက်ခံခြင်းသည် WTO ၏ စည်းမျဉ်းစည်းကမ်းကို ပြင်းထန်စွာ ချိုးဖောက်နေပြီး WTO အဖွဲ့ဝင်များ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်နေကြောင်း၊ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေး စည်းစနစ်ကို ဆိုးရွားစွာ ဖျက်ဆီးနေကာ စံတင်လောက်သည့် တစ်ဖက်သတ် အနိုင်ကျင့်ဗိုလ်ကျမှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေး စည်းစနစ် တည်ငြိမ်မှုကို များစွာထိခိုက်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ခိုင်မာစွာကန့်ကွက်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေး စည်းစနစ်အား အစဉ်အမြဲ ခိုင်မာစွာ စောင့်ရှောက်သူနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အား ခိုင်မာစွာ ထောက်ခံအားပေးသူဖြစ်ကြောင်း၊ အမေရိကန်ဘက်က မှားယွင်းသောလုပ်ရပ်ကို ချက်ချင်းပြင်ဆင်ကာ တစ်ဖက်သတ် စည်းကြပ်ခွန် အစီအမံများအား ပယ်ဖျက်ပေးရန် မိမိတို့အနေဖြင့် တိုက်တွန်းကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
—————————
(Chinese Version)
商务部:中方已在世贸组织起诉美“对等关税”措施
新华社北京4月4日电 商务部新闻发言人4日表示,美东时间4月2日,美方宣布对包括中国在内的所有贸易伙伴征收“对等关税”,中方已在世贸组织争端解决机制起诉。
发言人表示,美方征收所谓“对等关税”,严重违反世贸组织规则,严重损害世贸组织成员正当合法权益,严重破坏以规则为基础的多边贸易体制和国际经贸秩序,是典型的单边霸凌做法,危害全球经贸秩序稳定。中方对此坚决反对。
发言人说,中方始终是国际经贸秩序的坚定捍卫者和多边贸易体制的坚定支持者。我们敦促美方立即纠正错误做法,取消单边关税措施。(完)