Connect with us

Media

ဇမ်ဘီယာ ရှောင်လင်ဘုန်းကြီးကျောင်းက တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်

လုဆာကာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၂၂ ရက် ၀၀:၀၀ နာရီ (ဇမ်ဘီယာစံတော်ချိန် ဇန်နဝါရီ ၂၁ ရက် ည ၆ နာရီ)တွင် ဇမ်ဘီယာနိုင်ငံ မြို့တော် လုဆာကာ မြို့ဆင်ခြေဖုံးရှိ ရှောင်လင်ဘုန်းကြီးကျောင်း ယဉ်ကျေးမှုစင်တာက နှစ်သစ်ကူးခေါင်းလောင်းထိုးသံနှင့်အတူ ယင်းနေရာတွင် ရောက်ရှိနေကြသော တရုတ်-ဇမ်ဘီယာ ပြည်သူလူထုများက ကမ္ဘာတစ်ဝန်းရှိ တရုတ်လူမျိုးများနှင့်အတူ ယုန်နှစ် နွေဦးနှစ်သစ်ကူးကို ကြိုဆိုခဲ့ကြသည်။

ရှောင်လင်လက်သီးသိုင်း၊ တုတ်သိုင်း၊ နံချပ်ကူ စသည်တို့ကို ရှောင်လင်တပည့်များက မာန်ပါပါ သွက်သွက်လက်လက် ကစားပြသမှုက ပရိသတ်များ၏ လက်ခုပ်ဩဘာသံကို ရရှိခဲ့သည်။

ချုံဆန်းရှောင်လင်ဘုန်းကြီးကျောင်းတွင် သိုင်းပညာ သင်ယူဖူးသည့် ဖုယန်မိန်က “ကျွန်တော်က အနောက်အာဖရိက အိုင်ဗရီကို့စ်နိုင်ငံကလာတာပါ။ ရှောင်လင်တပည့်ပါပဲ။ ကျွန်တော်တို့အားလုံးက တရုတ်ယဉ်ကျေးမှုကို နှစ်သက်ကြတယ်။ ဒီနှစ်က ယုန်နှစ်ဆိုတော့ ကျွန်တော်တို့ ဒီမှာ သိုင်းပညာပြဖျော်ဖြေပြီး အားလုံးကျန်းမာပါစေ၊ လိုအင်ဆန္ဒပြည့်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ”ဟု ပြောကြားခဲ့သည်။

ယဉ်ကျေးမှုစင်တာက တရုတ်ရိုးရာအဆောက်အဦပုံစံများကြောင့် တောင်မြင့်အထက်တွင် ရှိသော ရှောင်လင်ဘုန်းကြီးကျောင်း၊ ပြသာဒ်တန်းဆောင်းများက မိုးဖွဲဖွဲကြားတွင် စွဲမက်ဖွယ်ဖြစ်စေသည်။ အဆိုပါ ယဉ်ကျေးမှုစင်တာကို ၂၀၂၁ ခုနှစ်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တပည့်ပေါင်း ၁၀၀ ကျော်ကို လေ့ကျင့်ပေးပြီးဖြစ်သလို နိုင်ငံတကာကျောင်းများတွင် လူပေါင်း ၃၀၀ ကျော်ကို သင်ကြားပြသပေးခဲ့ရာ ရှောင်လင်ယဉ်ကျေးမှုနှင့် တရုတ်ရိုးရာယဉ်ကျေးမှုများ နားလည်သိရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှုစင်တာ၏ ဆရာဖြစ်သူ ဖုယန်ခွန်းက ယခုစင်တာရှိ တပည့် ၂၀ ကျော်က မိဘမဲ့ကလေးများကို မွေးစားထားခြင်း ဖြစ်ကြောင်း၊ ကလေးများက ယဉ်ကျေးမှုဗဟုသုတနှင့်တရုတ်သိုင်းပညာကို ကြိုးစားလေ့လာကြသည်မှာ တရုတ်လို လွယ်ကူရိုးရှင်းစွာ ပြောဆိုတတ်နေပြီဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် ကလေးများက တရုတ်ယဉ်ကျေးမှုဗဟုသုတများကို ပိုပြီးလေ့လာသင်ယူနိုင်မည့် လက်ရုံးရည်နှလုံးရည်နှင့်ပြည့်စုံသော သူများ ဖြစ်လာကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဇမ်ဘီယာ တက္ကသိုလ် ကွန်ဖြူးရှပ်စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများကလည်း တရုတ်သီချင်းများဖြင့် သီဆိုဖျော်ဖြေကာ တရုတ်လို နှစ်သစ်ကူးဆုမွန်ကောင်းတောင်းခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………..
(Chinese Version)
(电视通稿•海外•文化)赞比亚少林寺“武”动新春

【解说】功夫表演、中文歌曲、燃放鞭炮、撞钟祈福……

北京时间22日零时(赞比亚时间21日晚6时),位于赞比亚首都卢萨卡市郊区的少林寺文化中心敲响新年钟声,现场的中赞民众与全球华人一道喜迎兔年新春。

少林拳、棍术、三节棍……少林弟子们以行云流水、刚劲有力的功夫表演赢得现场观众阵阵欢呼喝彩。

曾在嵩山少林寺学习功夫的传功师傅延明说:“我来自西非科特迪瓦,是少林弟子,我们都非常喜欢中国文化。今年是中国兔年,我们在这里通过功夫表演恭祝大家身体健康,心想事成。”

文化中心浓郁的中式建筑风格让人仿若置身于嵩山少林寺,亭台楼阁、殿角飞檐在斜风细雨中更添中式建筑的魅力。该中心于2021年建成开放,至今已经培训100余名弟子,并在多所当地国际学校教学300余人次,旨在弘扬少林文化和中国传统文化。

文化中心教学师傅延焜表示,现在中心的二十多名弟子大多是收养的孤儿,孩子们晨钟暮鼓,刻苦学习文化知识和中国功夫,已经能进行简单的中文交流,希望孩子们将来可以学到更多中国文化知识,做到文武双修,德才兼备。

来自赞比亚大学孔子学院的学生们随后演唱中文歌曲助兴,并用中文集体向大家拜年。(完)