Connect with us

Videos

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ၊ CPC စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် အတွင်းရေးမှူး လီရှီး “G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

ဟာဗားနား၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ၊ CPC စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် အတွင်းရေးမှူး လီရှီးသည် စက်တင်ဘာ ၁၅ ရက်က ဟာဗားနားမြို့၌ ကျင်းပသည့် “G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ထိုသို့အမှာစကား ပြောကြားရာတွင် လီရှီးက ယနေ့ကမ္ဘာကြီးသည် နှစ် ၁၀၀ တွင် မကြုံတွေ့ရဖူးသော အပြောင်းအလဲများကို ဖြတ်သန်းနေရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်အားသည် အဆက်မပြတ် တောင့်တင်းလာခဲ့ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South-South Cooperation) သည် ဖွံ့ဖြိုးဆဲနိုင်ငံများ ဦးမော့လာမှုကို ကာကွယ်ထိန်းသိမ်းရေး၊ ကမ္ဘာ့ စီးပွားရေး တည်ငြိမ်စွာ တိုးတက်ရေးကို တွန်းအားပေးရာတွင် တစ်နေ့တစ်ခြား ပို၍ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာကြောင်း ပြောကြားခဲ့သည်။

လီရှီးက တရုတ်နိုင်ငံသည် ကမ္ဘာတွင် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မည်မျှ ဖွံ့ဖြိုးတိုးတက်စေကာမူ ဖွံ့ဖြိုးဆဲနိုင်ငံများ မိသားစုကြီး၏ အစဉ်ထာဝရ မိသားစုဝင် ဖြစ်သလို ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အစဉ်ထာဝရ အဖွဲ့ဝင် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် South-South Cooperation ကို ပြည်ပပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေး ဦးတည်ချက်အဖြစ် အစဉ်အမြဲထားရှိကြောင်း ၊ သမ္မတ ရှီကျင့်ဖိန်သည် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) တို့ကို အဆိုပြုခဲ့ရာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင် ဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ နည်းလမ်းကို ပံ့ပိုးခြင်း၊ South-South Cooperation နက်ရှိုင်းရေးအတွက် လက်တွေ့ဖော်ဆောင်ရာ အရေးကြီး ပလက်ဖောင်းကို တည်ဆောက်ခြင်း ဖြစ်ကြောင်း လီရှီးက ပြောကြားခဲ့သည်။

လီရှီးက တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၆၀ ကျော်ကို ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပံ့ပိုးပေးခြင်း၊ နိုင်ငံပေါင်း ၁၅၀ ကျော်နှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲတည်ဆောက်ခြင်း ၊ နိုင်ငံနှင့်နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀၀ ကျော် နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)ကို အတူ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် South-South Cooperation ရန်ပုံငွေ တည်ထောင်ကြောင်း ကြေညာခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)ကို ဖော်ဆောင်ရာတွင် အထူးရန်ပုံငွေများကို အသုံးပြုသွားမည် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အခက်အခဲနှင့်စိန်ခေါ်မှုများကို ကျော်လွှားရန်၊ အတူဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် အကျိုးသစ်များ ဆောင်ကြဉ်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် G77 အဖွဲ့ဝင်များနှင့်အတူ နီးကပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုများကို ကောင်းမွန်အောင် ဆောင်ရွက်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက် စသည့် အများပြည်သူထုတ်ကုန်များကို အကျိုးထိရောက်မှု အများဆုံး ဖြစ်အောင် ဆောင်ရွက်၍ ဖွံ့ဖြိုးတိုးတက်ရေး အခက်အခဲကို အဖြေရှာဖြေရှင်းသွားလိုကြောင်း၊ ယခုနှစ် အောက်တိုဘာလတွင် ပေကျင်း၌ ကျင်းပမည့် တတိယအကြိမ်မြောက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ နိုင်ငံအသီးသီးမှ ပါဝင်တက်ရောက်၍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အတူ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန် ကြိုဆိုကြောင်း လီရှီးက ပြောကြားခဲ့သည်။ (Xinhua)

………………………………
李希出席“77国集团和中国”哈瓦那峰会并致辞
新华社哈瓦那9月15日电(记者孙奕 林朝晖)当地时间9月15日,习近平主席特别代表中共中央政治局常委、中央纪委书记李希在哈瓦那出席“77国集团和中国”峰会并发表致辞。
李希表示,当今世界正在经历百年未有之大变局,发展中国家力量不断壮大,南南合作为维护发展中国家群体性崛起势头、推动世界经济稳定增长发挥日益重要作用。
李希表示,中国是世界上最大的发展中国家。不论中国发展到什么程度,都将永远是发展中国家大家庭的一员,永远是全球南方国家的一员。中国始终将南南合作作为对外合作的优先方向。习近平主席提出构建人类命运共同体、共建“一带一路”倡议、全球发展倡议、全球安全倡议、全球文明倡议,为维护和平、推动发展、深化合作提供中国方案,为深化南南合作搭建重要实践平台。中国向160多个国家提供发展援助,同150多个国家携手共建“一带一路”,同100多个国家和国际组织共同推进全球发展倡议合作。习近平主席宣布中方已经成立全球发展和南南合作基金,并将推出专项资金专门用于落实全球发展倡议,为发展中国家克服困难挑战、实现共同发展作出新贡献。中国愿同77国集团成员密切沟通协调,优化发展资源投入,发挥共建“一带一路”倡议等公共产品最大效能,破解发展难题。欢迎各方出席将于今年10月在北京举办的第三届“一带一路”国际合作高峰论坛,共商合作大计,共谋发展之道。
1. 当地时间9月15日,习近平主席特别代表中共中央政治局常委、中央纪委书记李希在哈瓦那出席“77国集团和中国”峰会并发表致辞。 新华社记者 丁海涛 摄