Media
တရုတ်ယူနန်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာအဖွဲ့ နေပြည်တော် ငလျင်ဒဏ်သင့်ဒေသသို့ သွားရောက်
ယူနန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်ယူနန်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာအဖွဲ့သည် မတ် ၂၉ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် ဝန်ထမ်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို ချက်ချင်းရေတွက်ခဲ့ပါသည်။
ဒေသစံတော်ချိန် မတ် ၂၉ ရက် နံနက် ၁၀ နာရီတွင် တရုတ်ယူနန်ကယ်ဆယ်ရေးဆေးအဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးအဖွဲ့တို့သည် ရန်ကုန်မြို့ဆင်ခြေဖုံးတွင် တွေ့ဆုံကာ နေပြည်တော် ငလျင်ဒဏ်သင့်ဒေသသို့ ကယ်ဆယ်ရေးဆောင်ရွက်ရန် အတူတကွသွားရောက်ခဲ့ကြသည်။
ရန်ကုန်မှ နေပြည်တော်အထိ အဝေးပြေးလမ်းမကြီး စုစုပေါင်းအကွာအဝေးမှာ ကီလိုမီတာ ၃၈၀ ခန့်ရှိကြောင်း သိရသည်။ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယနေ့မွန်းလွဲပိုင်းတွင် သဘာဝဘေးဒဏ်သင့်ဒေသသို့ ရောက်ရှိမည်။
အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်ယူနန် ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့သည် အသက်ရှင်သူများအား ဘက်စုံရှာဖွေနိုင်စွမ်းရှိသည့် ကိရိယာများ၊ ငလျင်ကြိုတင်သတိပေးစနစ်များ၊ ခရီးဆောင်ဂြိုဟ်တုဖုန်းများ၊ ဒရုန်းများ စသော အခြားအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်ကာ ကူမင်းချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မတ် ၂၉ ရက် နံနက်ခြောက်နာရီခန့်၌ လေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………….
(Chinese Version)
中国云南救援医疗队前往内比都灾区
3月29日,中国云南救援医疗队落地缅甸仰光后,即刻进行人员和物资清点。
当地时间29日上午10时,中国云南救援医疗队与缅甸消防救援队在仰光城郊汇合,一同前往内比都灾区救灾。
据介绍,从仰光到内比都的高速公路总里程约380公里,救援队计划当日下午抵达灾区开展救援工作。
29日6时许,中国云南救援医疗队一行37人携带全功能生命探测仪、地震预警系统、便携式卫星电话、无人机等应急救援物资,从昆明长水国际机场乘飞机出发,赶赴缅甸地震灾区。