Europe
ဘီလာရုစ်နိုင်ငံရှိ ဒုက္ခသည် ၁,၀၀၀ ခန့်သည် အီရတ်နိုင်ငံသို့ ပြန်ရန် ဆန္ဒရှိကြောင်း ဘီလာရုစ်မီဒီယာက ပြောကြား

မင့်စ်ခ် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံရှိ ဒုက္ခသည် ၁,၀၀၀ ခန့်ထံမှ နေရပ်ပြန်လိုသော တောင်းဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်သည့် ဘီလာရုစ်မီဒီယာ၏ အစီရင်ခံချက်များအရ သိရသည်။

ဘီလာရုစ်တွင် သောင်တင်နေသော အီရတ်နိုင်ငံသားများကို မင့်စ်ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုနေ့တွင် ဒုက္ခသည်အုပ်စုတစ်စုသည် ဘီလာရုစ်မြို့တော် မင့်စ်ခ်မှ လေယာဉ်ဖြင့် အီရတ်သို့ နေရပ် ပြန်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံရှိ အီရတ်ကောင်စစ်ဝန် Majid Kinani က အီရတ်နိုင်ငံဘက်မှ နေရပ်ပြန်လိုသော နိုင်ငံသားအားလုံးကို ပြန်လည် ပို့ဆောင်ပေးမည်ဟု ပြောကြားထားသည်။ အစီရင်ခံစာများအရ အီရတ်နိုင်ငံသည် နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် လေယာဉ် ၄ စင်းဖြင့် ဘီလာရုစ်နိုင်ငံမှ အီရတ်သို့ ပြန်လိုသော နိုင်ငံသားများကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။(Xinhua)
…………………………………………
(Chinese Version)
(新华简讯)白俄罗斯媒体:约1000名在白难民愿意返回伊拉克
新华社明斯克11月25日电据白俄罗斯媒体25日报道,目前伊拉克方面接到约1000名在白伊拉克难民愿意返回的请求。当天,一批难民从白首都明斯克乘飞机返回伊拉克。
报道援引伊拉克驻俄罗斯领事马吉德•基纳尼的话说,伊方将运回所有愿意返回伊拉克的本国公民。据报道,伊拉克于25日和26日安排4个航班,从白俄罗斯接回愿返回伊拉克的本国公民。(完)