Asia
လာအို-တရုတ် ကပ်ရောဂါပူးတွဲထိန်းချုပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အစိုးရက အထူးအလေးထားကြောင်း လာအိုနိုင်ငံဝန်ကြီးချုပ် ပြောကြား

ဗီယင်ကျန်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက လာအိုနိုင်ငံအား ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် ဇန်နဝါရီ ၂၅ ရက်က ဗီယင်ကျန်းလေဆိပ်ကို ရောက်ရှိခဲ့သည်။ လာအိုဝန်ကြီးချုပ် Phankham Viphavanhက ကာကွယ်ဆေးလွှဲပြောင်းလက်ခံပွဲအခမ်းအနားတွင် အစိုးရက လာအို-တရုတ် နှစ်ဖက် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားရာ နယ်စပ်ဖြတ်ကျော် ကပ်ရောဂါပြန့်ပွားမှုများ မဖြစ်ရအောင် ကာကွယ်တားဆီးမှုများကို တက်တက်ကြွကြွလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ လာအိုနိုင်ငံအား ကူညီပံ့ပိုးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးသစ်များ ဗီယင်ကျန်းလေဆိပ်သို့ ဇန်နဝါရီ ၂၅ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

Phankham Viphavanhက ကာကွယ်ဆေး ကူညီပံ့ပိုးပေးခြင်းသည် တရုတ်နိုင်ငံ၏ပါတီ၊ အစိုးရနှင့်ပြည်သူများက လာအိုပြည်သူများအပေါ် ထားရှိသည့် ချစ်ကြည်ရေးနှင့်အဖိုးတန်သည့်အားပေးမှုများ ဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံအကူအညီဖြင့်ပင် ၂၀၂၁ ခုနှစ်ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းတာဝန်များကို အတိုင်းထက်ကျော်လွန်ပြီးစီးခဲ့ခြင်းဖြစ်ရာ ၂၀၂၂ ခုနှစ် ကာကွယ်ဆေးထိုးနှံရေးရည်မှန်းချက်ကို ဖော်ဆောင်ရာအတွက်လည်း ယုံကြည်ချက်ရှိကြောင်း ၊ လာအိုနိုင်ငံ၏ပါတီ၊ အစိုးရနှင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက လာအိုနိုင်ငံ၏ ကပ်ရောက်တိုက်ဖျက်ရေးလုပ်ငန်းသည် အပြုသဘောတိုးတက်မှုများရရှိခဲ့ပြီး ပြည်သူ့ကျန်းမာရေးနှင့်လူမှုစီးပွားဘဝများအတွက် ထိရောက်သည့် အာမခံမှုရှိစေခဲ့ရာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ဆက်လက်၍ တက်ကြွစွာ အားပေးကူညီမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။ နယ်စပ်ကွာရန်တင်းစင်တာ အတူတည်ဆောက်ကာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးပူးတွဲလုပ်ဆောင်ရွက်မှုများကို အားဖြည့်ခဲ့ခြင်းအား တရုတ်နိုင်ငံက ကျေးဇူးတင်ရှိပါကြောင်းနှင့် လာအိုနိုင်ငံရှိ တရုတ်လူမျိုးများ ကာကွယ်ဆေးထိုးနှံရေးအတွက် သီးသန့်စီစဉ်ပေးမှုက အပြန်အလှန်ဖေးမကူညီခြင်း ၊လက်ရှိအခက်အခဲကို အတူကျော်လွှားခြင်း၏ တရုတ်-လာအို အေးအတူ၊ပူအမျှ အသိုက်အဝန်းစိတ်ဓါတ်ကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………………………
(Chinese Version)
(国际)老挝总理说老政府高度重视老中疫情联防联控合作
2022-01-26 20:11:26
新华社万象1月26日电(记者章建华)中国政府援助老挝新一批新冠疫苗25日运抵万象机场。老挝政府总理潘坎在疫苗交接时说,老挝政府高度重视老中双方疫情联防联控合作,积极遏制疫情跨境传播。
潘坎说,中方向老方援助疫苗,充分体现了中国党、政府和人民对老挝人民的深情厚谊和宝贵支持。正是在中国的帮助下,老挝才能超额完成2021年接种任务,并有信心实现2022年接种目标。他代表老挝党、政府和人民对此表示衷心感谢。
中国驻老挝大使姜再冬说,老挝抗疫工作取得积极进展,人民生命健康和经济社会生活得到有效保障,中方将继续积极支持老方抗疫努力。中方感谢老方同中方共建边境隔离点、强化联防联控,并为在老中国公民接种疫苗作出专门安排,体现了守望相助、共克时艰的中老命运共同体精神。(完)
图说1: 1月25日,中国政府援助老挝新一批新冠疫苗运抵万象机场,老挝政府总理潘坎(左)和中国驻老挝大使姜再冬出席交接仪式。 新华社记者 章建华 摄
图说2-6:1月26日,中国政府援助老挝新一批新冠疫苗运抵万象机场。新华社记者 章建华 摄