Connect with us

Asia

ကဘူးလ်လေဆိပ် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၁၀၃ ဦးထိ မြင့်တက် ၊ ကယ်ဆယ်ပြောင်းရွှေ့ရေး နောက်ဆုံးရက် ထပ်တိုးခြင်း မရှိကြောင်း တာလီဘန် တာဝန်ရှိသူ ပြောကြား

ကဘူးလ် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ)

ကဘူးလ်လေဆိပ်၌ ဩဂုတ် ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရေအတွက်သည် ၁၀၃ ဦးထက်မနည်း ရှိခဲ့သော်လည်း နိုင်ငံခြားတပ်ဖွဲ့များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာရန် နောက်ဆုံးရက်အား ထပ်တိုးရန် အကြောင်းမရှိကြောင်း အမည်မဖော်လိုသူ တာလီဘန် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာတွင် ဖော်ပြခဲ့သည်။အဆိုပါ တာလီဘန် တာဝန်ရှိသူက လေဆိပ်တိုက်ခိုက်မှုများအတွင်း တာလီဘန်တပ်ဖွဲ့ ဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ လေဆိပ်များတွင် စောင့်ကြည့်မျှော်စင်များ တည်ဆောက်သွားမည်ဟု တာလီဘန်က ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ ထွက်ပြေးလာသော ပြည်သူများအား ဩဂုတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အတည်မပြုနိုင်သော သတင်းဖော်ပြမှုများအရ ရုပ်အလောင်း ၄၀ ထက်မနည်း နှင့် ဒဏ်ရာရရှိသူ ၁၂၀ဦးအား ကဘူးလ်ဆေးရုံများသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်သည် ၁၃ ဦးထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် ၁၈ ဦးမှာ လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်၏ ပြည်သူ့ရေးရာ အရာရှိ Bill Urban က နောက်ဆုံးအခြေအနေ ကိုရှင်းလင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ ထွက်ပြေးလာသော ပြည်သူများအား ဩဂုတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဩဂုတ် ၂၆ ရက်တွင် ကဘူးလေဆိပ်၌ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးနောက် နာရီအနည်းငယ်အကြာ ဩဂုတ် ၂၇ ရက်အစောပိုင်းတွင် ကဘူးလ်မြို့၌ နောက်ထပ် ကြီးမားသော ပေါက်ကွဲသံအား ကြားခဲ့ရကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ ထွက်ပြေးလာသော ပြည်သူများအား ဩဂုတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သို့သော် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က လေဆိပ်၌ ပစ္စည်းကိရိယာများကို ဖျက်ဆီးပစ်ရန် အမေရိကန်တပ်ဖွဲ့က ထိန်းချုပ်စနစ်ဖြင့် ဖောက်ခွဲရာမှထွက်ပေါ်လာသောအသံဖြစ်ကြောင်း တွစ်တာစာမျက်နှာတွင် ဖော်ပြခဲ့သည့် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အစောပိုင်းက အိုင်အက်စ်(IS) အဖွဲ့က ကဘူးလ်လေဆိပ်တွင် တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး အမေရိကန်တပ်နှင့် ဘာသာပြန်သူ ၊ ပူးပေါင်းသူများအား ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ ထွက်ပြေးလာသော ပြည်သူများအား ဩဂုတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပထမဆုံး ပေါက်ကွဲမှုသည် ကဘူးလ်လေဆိပ်၏ စစ်တပ်ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် မြောက်ဘက်ဂိတ်၌ ဖြစ်ပွားခဲ့သည်။ ဒုတိယအကြိမ် ကြီးမားသော ပေါက်ကွဲမှုသည် ယခင်က ညွန့်ပေါင်းတပ်ဖွဲ့များ အသုံးပြုခဲ့သည့် လေဆိပ်အနီးရှိ စစ်စခန်းတစ်ခုဖြစ်သည့် Baron စခန်း၌ မိနစ် ၃၀ ခန့်အကြာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လေဆိပ်က လူပြည့်ကျပ်နေတဲ့ဂိတ်ပေါက်အပြင်ဘက် ဒေသစံတော်ချိန် ည ၆ နာရီမှာ လူအုပ်အလယ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။”ဟု မျက်မြင်တွေ့ကြုံရသူ Abdul Wakil က တယ်လီဖုန်းဖြင့် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကဘူးလေဆိပ်၏ Abbey ဂိတ်သို့ ဦးတည်သော လမ်းသည် ပြီးခဲ့သောရက်များတွင် ပိတ်ထားခဲ့သည့်အတွက် လူများက ဒဏ်ရာရရှိသူများအား လက်တွန်းလှည်းများ ၊ ထမ်းစင်များဖြင့် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အချိန်ခဏအတွင်း အခင်းဖြစ်ရာအနီးသို့ လူနာတင်ယာဉ်များ ၊ အဌားယာဉ်များ နှင့် မော်တော်ယာဉ်များ ရောက်ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒေသတွင်း ရုပ်သံလိုင်း Tolo News က ဒဏ်ရာရရှိသူများအား မော်တော်ယာဉ် ဒါဇင်ပေါင်းများစွာ ဖြင့် အရေးပေါ် ပြောင်းရွှေ့ပေးခဲ့သည့် ဆေးရုံပုံရိပ်များကို ထုတ်လွှင့်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာရန် ကယ်ဆယ်ရေးလေယာဉ်များ စောင့်ဆိုင်းနေကြသည့် ထောင်ပေါင်းများစွာသော လူများစုဝေးနေရာ ကဘူးလ်လေဆိပ်၌ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း အနောက်နိုင်ငံများက သတိပေးပြီးနောက် သိပ်မကြာခင်မှာပင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကဘူးလ်မြို့အား တာလီဘန်တို့ ထိန်းချုပ်ခဲ့သည် ဩဂုတ် ၁၅ ရက်မှစတင်ကာ အမေရိကန်နိုင်ငံသားများ နှင့် အာဖဂန် လုပ်ဖော်ကိုင်ဖက်များအား အာဖဂန်နစ္စတန်နိုင်ငံမှ ကယ်ဆယ်ပြောင်းရွှေ့ရေးအတွက် ရုန်းကန်ခဲ့ရပြီး အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲဝင်များ ဆုတ်ခွာရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ဩဂုတ် ၃၁ ရက် နီးကပ်လာသည်နှင့်အမျှ ပို၍ ကြိုးပမ်းအားထုတ်နေရသည်။

တာလီဘန်အဖွဲ့ဝင်များက အဆောက်အအုံပြင်ပ၌ လုံခြုံရေးပေးထားစဉ် အမေရိကန် နှင့် မဟာမိတ်တပ်ဖွဲ့ စစ်သား ထောင်ပေါင်းများစွာသည် လေဆိပ်အတွင်း၌ နေရာယူထားကြောင်း သိရသည်။
တာလီဘန်တို့က ကဘူးလ်လေဆိပ်အပြင်၌ ဗုံးပေါက်ကွဲမှုအား ပြစ်တင်ရှုံ့ချခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ယူထားသည့် နေရာ၌ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာလီဘန်တို့ ကဘူးလ်မြို့အား မသိမ်းပိုက်မီ တစ်ရက်အလို ဩဂုတ် ၁၄ ရက်မှ စတင်ကာ ကဘူးလ်လေဆိပ်မှတစ်ဆင့် အနည်းဆုံး လူပေါင်း ၉ သောင်းကျော်ကို ကယ်ထုတ်ခဲ့ပြီးဖြစ်ကြောင်း ၊ ယင်းလေကြောင်းကယ်ဆယ်ရေးအစီအစဉ်များကို ဩဂုတ်လအတွင်း အပြီးသတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။(Xinhua)

——————————————–
(English Version)

Death toll from Kabul airport attacks rises to 103, Taliban official says no evacuation deadline extension

KABUL, Aug. 27 (Xinhua) — An unnamed Taliban official, quoted by media reports Friday, has said there is no reason to extend the deadline for foreign forces to leave the country as the death toll from the Kabul airport attacks on Thursday has reportedly risen to at least 103.

The Taliban official also said that more than 20 Taliban members were killed at the airport attacks. Watch towers will be reportedly set up by Taliban guards around airports in the country.
Unconfirmed reports said at least 40 dead bodies and 120 wounded were transferred to Kabul hospitals.

The number of U.S. service members killed in the attacks has risen to 13, with 18 more injured troops currently in the process of being flown out of the country, according to the latest update by Bill Urban, public affairs officer of the U.S. Central Command.

Another huge explosion was heard in the Afghan capital Kabul early Friday, hours after the deadly twin bomb blasts at the Kabul airport on Thursday.
However, Taliban spokesman Zabihullah Mujahid said in a statement on Twitter that it was a controlled explosion by U.S. troops destroying equipment at the airport.
Earlier, the Islamic State group has claimed responsibility for the deadly attack on the Kabul airport, saying it was targeting “translators and collaborators with the American army.”
The first explosion struck the north gate, a military gate of the Kabul airport. The second massive blast occured about 30 minutes later in Baron Camp, a military base near the airport used by coalition forces in the past.

“A suicide bomb blast occurred in the middle of a crowd roughly at 6:00 p.m. local time outside a crowded gate of the airport,” witness Abdul Wakil told Xinhua by phone.
People were shifting the wounded by hand carts and stretchers as the road leading to the airport’s Abbey Gate was blocked in the past days.
Ambulances, taxis and vehicles arrived near the site shortly after the blast, he said.

Local TV channel Tolo News aired a footage from an emergency hospital where dozens of vehicles were shifting the wounded.
The blasts, reportedly caused by suicide bombers, happened after Western nations warned of a terrorist attack at the airport as thousands of people gathered waiting for evacuation flights to leave the country.

As the Aug. 31 deadline looms for the U.S. troops to withdraw from Afghanistan, the United States has been scrambling to evacuate Americans and its Afghan partners from the country since the Taliban took control of Kabul on Aug. 15.

Thousands of U.S. and coalition forces soldiers were stationed inside the airport while Taliban members provided security for the outside of the facility.
The Taliban condemned the bombing outside Kabul airport, saying it happened at an area where U.S. forces are responsible for security.

At least 90,000 people have been evacuated from Kabul airport since Aug. 14, one day before the Taliban captured Kabul. EnditemPhoto

1 – Photo taken on Aug. 26, 2021 shows a view near the Kabul airport in Afghanistan. Bombing attacks hit the Kabul airport on Thursday, leaving at least 103 people dead, including 13 U.S. service members. (Str/Xinhua)

Photo 2 – People run away from the explosion site near the Kabul airport in Afghanistan, Aug. 26, 2021. The death toll from the Kabul airport attacks on Thursday has reportedly risen to at least 103. (Str/Xinhua)

Photo 3 – People run away from the explosion site near the Kabul airport in Afghanistan, Aug. 26, 2021. The death toll from the Kabul airport attacks on Thursday has reportedly risen to at least 103. (Str/Xinhua)

Photo 4 – People run away from the explosion site near the Kabul airport in Afghanistan, Aug. 26, 2021. The death toll from the Kabul airport attacks on Thursday has reportedly risen to at least 103. (Str/Xinhua)

Photo 5 – People run away from the explosion site near the Kabul airport in Afghanistan, Aug. 26, 2021. The death toll from the Kabul airport attacks on Thursday has reportedly risen to at least 103. (Str/Xinhua)