Connect with us

International Organizations

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၄ သန်းကျော် ရှိပြီဖြစ်ကြောင်း WHO ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က ၂၀၂၁ ခုနှစ် မေ ၂၄ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ပြုလုပ်သော ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါနှင့်ဆက်စပ်၍ သေဆုံးသူ၄ သန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့ပြီး ၊ သို့သော် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ခန့်မှန်း၍ပင် မရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က ဖြည့်စွက်ပြောကြားခဲ့သည်။“ မျိုးဗီဇသစ် ဗိုင်းရပ်စ်ကူးစက်မှု အလွန်လျင်မြန်လာတဲ့ပြဿနာ နဲ့ ကာကွယ်ဆေးထိုးနှံခြင်း မညီမျှမှုက တုန်လှုပ်ခြောက်ခြားစရာဖြစ်နေပါတယ် ၊ ကမ္ဘာ့နေရာအနှံ့အပြားက နိုင်ငံအများအပြားမှာ အတည်ပြု လူနာသစ် နဲ့ ဆေးရုံတက်ရောက်ကုသရတဲ့ လူနာအရေအတွက်ဟာ တစ်ဟုန်ထိုး မြင့်တက်နေပါတယ် ” ဟု အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ “ ဒါဟာ အောက်ဆီဂျင် နဲ့ ကုသရေးအပိုင်းမှာ မလုံလောက်ခြင်း ဆိုးဝါးမှု တစ်ခုဖြစ်ပြီး အာဖရိက ၊ အာရှနဲ့လက်တင်အမေရိကနိုင်ငံတွေမှာ သေဆုံးမှု လှိုင်းတစ်ခုဆီ ဦးတည်နေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၌ ဇွန် ၂၄ ရက်တွင် အမျိုးသမီးတစ်ဦးအား ကျန်းမာရေဝန်ထမ်းတစ်ဦးက ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ထို့ပြင် ၎င်းက “ လက်ဝါးကြီးအုပ် နိုင်ငံတွေရဲ့ ကာကွယ်ဆေးအများအပြား လက်ဝယ်ထားခြင်း ကာကွယ်ဆေးအမျိုးသားရေးဝါဒဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ နေရာမှာ ပြည်သူ့ကျန်းမာရေးမဟာဗျူဟာကို အကျိုးသက်ရောက်မှုအားနည်းစေပြီး ကျင့်ဝတ်သိက္ခာပိုင်းမှာလည်း ခုခံချေပလို့မရနိုင်သလို လူသားမှ လူသားဆီသို့ ရောဂါပိုးကို လျင်လျင်မြန်မြန်ကူးစက်ပျံ့နှံ့စေပါတယ် ” ဟု ဆိုသည်။

လန်ဒန်မြို့ အနောက်မြောက်ပိုင်း Brent တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုခံယူရန် ပြည်သူများ တန်းစီနေကြသည်ကို ဇွန် ၁၉ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

“ ယခုကပ်ရောဂါအဆင့်မှာ သန်းနဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတွေဟာ ကာကွယ်ဆေး မထိုးရသေးတဲ့အတွက် ကျင့်ဝတ်ပိုင်းအရ သိပ်ကို ဆိုးရွားလွန်းပါတယ်” ဟု လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လာမည့် ရက်သတ္တပတ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် G20 အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများ နှင့် ဗဟိုဘဏ်ဥက္ကဌများ၏ အစည်းအဝေးကို နောက်ထပ် အခွင့်အလမ်းတစ်ခုအဖြစ် WHO အကြီးအကဲက ရည်ညွှန်းပြောကြားခဲ့ပြီး ယခုကပ်ရောဂါအား အဆုံးသတ်နိုင်ရန် ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာများ ကြောင်းကျိုးမျှတစွာ ထုတ်လုပ်ဖြန့်ချိရေးအတွက် လိုအပ်သော ငွေကြေးထောက်ပံ့မှုကို တိုးမြှင့်ဆောင်ရွက်ခြင်းကို ချက်ချင်းလုပ်ဆောင်သွားရန်လည်း ကမ္ဘာ့ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။ (Xinhua)

—————————————————-
(English Verion)

Global COVID-19 death toll exceeds 4 million: WHO

GENEVA, July 7 (Xinhua) — The World Health Organization (WHO) on Wednesday said that it has recorded over four million COVID-19-related deaths globally, but the organization’s Director-General, Tedros Adhanom Ghebreyesus, added that the overall death toll is likely underestimated.

“Compounded by fast moving variants and shocking inequity in vaccination, far too many countries in every region of the world are seeing sharp spikes in cases and hospitalization,” he said during a virtual press conference, adding that “this is leading to an acute shortage of oxygen and treatments, and driving a wave of deaths in parts of Africa, Asia and Latin America.”

He stressed that “vaccine nationalism, where a handful of nations have taken the lion’s share, is morally indefensible and an ineffective public health strategy against a respiratory virus that is mutating quickly and becoming increasingly effective at moving from human-to-human.”

He also pointed out that “at this stage in the pandemic, the fact that millions of health and care workers have still not been vaccinated is abhorrent.”
The WHO chief referred the upcoming meeting of G20 (Group of Twenty) Finance Ministers and Central Bank Governors later this week as another crucial opportunity, urging world leaders to take urgent steps to provide the necessary funding to scale up the equitable manufacturing and distribution of health tools so as to end the acute stage of this pandemic.

1. Tedros Adhanom Ghebreyesus, director-general of the World Health Organization, addresses the 74th World Health Assembly in Geneva, Switzerland, May 24, 2021. (WHO/Christopher Black/Handout via Xinhua)2. A health wor
ker administers a dose of COVID-19 vaccine to a woman in Hyderabad, India, on June 24, 2021. (Str/Xinhua)
3. People line up outside Bridge Park Community Leisure Center to receive the COVID-19 vaccines in Brent, northwest London, Britain, June 19, 2021. (Photo by Ray Tang/Xinhua)
———————————————–