Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် အမြန်လမ်း သုံးပုံ-နှစ်ပုံကျော် ပြီးစီး

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်တွင် ဖောက်လုပ်ထားသော ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး အမြန်လမ်းမကြီး တည်ဆောက်မှုမြင်ကွင်းအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ကပ်ရောဂါ ဖြစ်ပွားမှုများကြားက တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ဖနွမ်းပင်- သီဟာနုဗီလာ အမြန်လမ်းပေါ်တွင် တည်ဆောက်ရေးလုပ်ငန်း ၇၁ ရာခိုင်နှုန်းနီးပါး ပြီးစီးသွားပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့လုပ်ငန်းဆောင်တာများ နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန(MPWT)က ဒီဇင်ဘာ ၁၂ ရက် သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်တွင် ဖောက်လုပ်ထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး အမြန်လမ်းမကြီး တည်ဆောက်မှုအတွက် ကွန်ကရစ်မဆာလာဖျော်သော လုပ်ငန်းခွင်နေရာတစ်ခုမြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့လုပ်ငန်းဆောင်တာများ နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Yit Bunna သည် ဒီဇင်ဘာ ၁၀ ရက်တွင် Kampong Speu ပြည်နယ် အနောက်တောင်ပိုင်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ထိုသို့သွားရောက်ခြင်းသည် စီမံကိန်းတိုးတက်မှုကို ကြည့်ရှုရန် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

လမ်းအရှည် ၁၉၀ ကီလိုမီတာ နှင့် အကျယ် ၂၄ ဒသမ ၅ မီတာ ရှိသည့် အမြန်လမ်း တည်ဆောက်ရေးလုပ်ငန်းများသည် ၂၀၁၉ ခုနှစ် မတ်လတွင် စတင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်း(CRBC) က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံတည်ဆောက်နေသည့် အဆိုပါ အမြန်လမ်းမကြီးသည် ဖနွမ်းပင်မြို့တော် နှင့် နိုင်ငံအရှေ့တောင်ပိုင်း ဆိပ်ကမ်းပြည်နယ်တစ်ခုဖြစ်သော ပရိခ်သီဟာနု(Preah Sihanouk) မြို့အကြား ဆက်သွယ်ပေးသွားမည်ဟု ဆိုသည်။

“ဒါက ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံး အမြန်လမ်းစီမံကိန်း ဖြစ်ပြီးတော့ နိုင်ငံမှာ အရေးကြီးဆုံး မဟာဗျူဟာမြောက်လမ်းကြောင်း ဖြစ်ပါတယ်။ ဖနွမ်းပင်မြို့နဲ့ Preah Sihanouk ပြည်နယ်ရဲ့ ပင်လယ်ဆိပ်ကမ်းအကြား ခရီးသွားလာချိန်ကို ငါးနာရီကနေ နှစ်နာရီအထိ လျှော့ချပေးမှာ ဖြစ်သလို သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။”ဟု MPWT က ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါ အမြန်လမ်းမကြီးသည် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း မူဘောင်အောက်တွင် လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား- တရုတ် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအနက် တစ်ခု ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် ၏ပြည်သူ့လုပ်ငန်းဆောင်တာများ ၊ စက်မှု ၊ သတ္တု ၊ စွမ်းအင် ၊ စီးပွားကူးသန်း နှင့် မြေယာစီမံခန့်ခွဲမှုကော်မရှင်ဥက္ကဌအမျိုးသမီး Nin Saphon က ယင်းအမြန်လမ်းမကြီးသည် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နောက်ထပ်ဖျက်ဆီး၍ မရနိုင်သည့် ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု သက်သေခံချက် ဖြစ်ကြောင်း ဇွန်လတွင် စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ခဲ့စဉ်အတွင်း ပြောကြားခဲ့သည်။

ဖနွမ်းပင်- သီဟာနုဗီလာ အမြန်လမ်းစီမံကိန်း၏ အထွေထွေမန်နေဂျာ Hu Zhaoguang က ယင်းစီမံကိန်းအား သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည့် နည်းပညာများအား အသုံးပြုထားပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိမ်းရောင်အမြန်လမ်းမကြီး တစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————-
(English Version)
Over 2/3 of Chinese-invested expressway in Cambodia completed
PHNOM PENH, Dec. 12 (Xinhua) — Nearly 71 percent of the construction work on the Chinese-invested Phnom Penh-Sihanoukville Expressway has been completed despite the COVID-19 pandemic, the Cambodian Ministry of Public Works and Transport (MPWT) said in a news release on Sunday.
MPWT’s secretary of state Yit Bunna visited the construction site in southwestern Kampong Speu province on Friday, the ministry said, adding that the visit was to track the project progress.
The construction work of the 190-kilometer-long and 24.5-meter-wide expressway began in March 2019.
Invested by the China Road and Bridge Corporation (CRBC), the nearly 2 billion U.S. dollar expressway will connect the national capital Phnom Penh to the province of Preah Sihanouk known for its deep-sea port in southwestern Cambodia, it said.
“It is the first-ever expressway project in Cambodia and is the most important strategic route in the kingdom, reducing travel time between Phnom Penh and Preah Sihanouk province’s sea port from five hours to two hours and also saving transportation cost,” the MPWT added.
The expressway is one of the Cambodia-China cooperation projects under the framework of the Belt and Road Initiative (BRI).
Nin Saphon, chairwoman of the National Assembly’s Commission on Public Works, Industry, Mines, Energy, Commerce, and Land Management, said in June during a visit to the project that the expressway was another testament to the unbreakable ironclad friendship between Cambodia and China.
Hu Zhaoguang, general manager of the Phnom Penh-Sihanoukville Expressway project, said that the project uses environment-friendly technologies, aiming to build a “green expressway” for sustainable development. Enditem
Photo 1 – Aerial photo taken on Nov. 15, 2020 shows the construction site of the first expressway in Cambodia in Kampong Speu Province, Cambodia. (Photo by Li Zhen/Xinhua)
Photo 2 – Aerial photo taken on Nov. 15, 2020 shows a concrete mixing plant at the construction site of the first expressway in Cambodia in Kampong Speu Province, Cambodia. (Photo by Li Zhen/Xinhua)