Connect with us

COVID-19 UPDATES

ကာကွယ်ဆေးများအပေါ် ပြင်သစ်အရာရှိ၏ မှတ်ချက်မှာ “ လူမျိုးရေးခွဲခြားမှု” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများ ဗဟိုအာဖရိကသမ္မတနိုင်ငံ Bangui မြို့ရှိ M'poko အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်က ရောက်ရှိလာစဉ်(ဓာတ်ပုံ - Chinese Embassy in CAR/Handout via Xinhua)

မော်စကို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

ရုရှား နှင့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများအား အသိအမှတ်မပြုကြောင်း ပြင်သစ်အစိုးရအရာရှိတစ်ဦး၏ မှတ်ချက်စကားသည် “အနိုင်ကျင့်ဗိုလ်ကျခြင်း နှင့် neo-Nazism လူမျိုးကြီးဝါဒကျင့်သုံးခြင်း၏ လူမျိုးရေးခွဲခြားမှု မျိုးကွဲတစ်ခုသာဖြစ်ကြောင်း ” ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ပြောကြားခဲ့သည်ဟု မကြာသေးမီက Russia Today(RT) အင်တာနက်ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်အရ သိရသည်။

ဥရောပရေးရာဆိုင်ရာပြင်သစ်နိုင်ငံဝန်ကြီး Clement Beaune ၏ ယခုရက်သတ္တပတ်အစောပိုင်းက ဥရောပသမဂ္ဂအဖွဲ့ဝင်များအား မှတ်ချက်ပြုပြောကြားချက်မှာ လုံးဝ ကြောင်းကျိုးဆီလျှော်မှုမရှိကြောင်း နှင့် တရားဥပဒေများ ၊ ကျင့်ဝတ်များ နှင့် စည်းမျဉ်းသိက္ခာပိုင်းများကို ဆန့်ကျင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Maria Zakharova က ၎င်း၏ Telegram လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

“ ကပ်ရောဂါကို ဆန့်ကျင်တိုက်ဖျက်ဖို့ လူသားမျိုးနွယ်စုတစ်ခုလုံး ရုန်းကန်နေရချိန်မှာ အကျိုးစီးပွားအတွက် သွေးအေး ရက်စက်မှု ၊ အဆိုးမြင်မှု ၊ ကောက်ကျစ်မှု တွေနဲ့အတူ ဒါဟာ အနောက်နိုင်ငံတွေက လုပ်ဆောင်တဲ့ သိသာ ထင်ရှားတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ် ” ဟု ၎င်း ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇူလိုင် ၉ ရက် ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော် နှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ COVID-19 ရောဂါ ကာကွယ်ဆေး ကြိမ်ရေပေါင်း သန်း ၅၀၀ ကျော် နှင့်အတူ အသက်ရှူစက်များကို ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း ၊ ယင်းမှာ လက်ရှိ ကမ္ဘာ့ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုစုစုပေါင်း၏ ၆ ပုံ ၁ ပုံအထိ ရှိနေကြောင်း ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးလိုအပ်ချက်ပြည့်မီရန်အတွက် တရုတ်နိုင်ငံအနေဖြင့် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများစွာအား ကာကွယ်ဆေးထုတ်လုပ်မှုအပိုင်းတွင် တက်ကြွစွာ ထောက်ခံ အားပေး လျက်ရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။(Xinhua)

————————————
(English Version)
French official’s remarks on vaccines “racism”: Russian Foreign Ministry

MOSCOW, July 12 (Xinhua) — The remarks by a French official of not recognizing Russian and Chinese COVID-19 vaccines were “a hybrid of racism, imperial hegemonism and neo-Nazism,” a spokesperson of the Russian Foreign Ministry has said, according to an article published on the website of Russian media outlet Russia Today (RT) recently.
French Minister of State for European Affairs Clement Beaune has made the remarks to the European Union members earlier this week, which was quite inappropriate and went against laws, ethics and morality, Maria Zakharova said on her Telegram channel.
“It is particularly striking that Western countries with cold-bloodedness, cynicism and cruelty are fighting for profits during the period of mankind’s struggle against the pandemic,” she wrote.
According to the Chinese Foreign Ministry on Friday, China has provided more than 100 countries and international organizations with 500 million doses of COVID-19 vaccines and concentrates, accounting for one-sixth of the current global COVID-19 vaccine production.
China has also actively supported other developing countries in producing vaccines to expand the global vaccine capacity, the foreign ministry said.

Workers unload a batch of China-donated COVID-19 vaccines at M’poko International Airport in Bangui, Central African Republic, on July 6, 2021. (Chinese Embassy in CAR/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.