Connect with us

Media

ကာဘွန်ထုတ်လွှတ်မှု ကင်းစင်ရေး တရုတ်သိပ္ပံပညာရှင်များ ကြိုးပမ်းအားထုတ်

လန်ကျိုး၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ သုတေသီများစွာသည် လက်ရှိတွင် ကာဘွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ဆက်စပ်သည့် လေ့လာမှုများ နှင့်တီထွင်ဆန်းသစ်မှုများအား ကြိုးပမ်းလုပ်ဆောင်ပြီး တရုတ်နိုင်ငံအားကာဘွန်ထုတ်လွှတ်မှုကင်းစင်ရေးရည်မှန်းချက် အားပြည့်မီစေရန်အားထုတ်လျက်ရှိသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းကန်းစု ပြည်နယ်တွင်အခြေစိုက်တည်ထောင်ထားသည့် လန်ကျိုးတက္ကသိုလ်သည် သန့်စင်သည့် စွမ်းအင်နည်းပညာ၊ ယန္တရားများနှင့်ကိရိယာများနှင့်စပ်လျဉ်းသည့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံတစ်ခုအား LONGi Green Energy Technology Co.,Ltd နှင့် ပူးပေါင်းကာ အဖွဲ့အစည်းတစ်ခုအားတည်ထောင်ခဲ့သည်။

ကန်းစု ဒေသသည် Gobiသဲကန္တာရအပြင် သဲကန္တာရ ကျယ်ပြန့်စွာတည်ရှိ ပြီး လေ၊အလင်းရောင်နှင့် နေရောင်ခြည်စွမ်းအင် ကြွယ်ဝသောဒေသဖြစ်သောကြောင့် နိုင်ငံ၏ ကာဘွန်လျှော့ချရေးရည်မှန်းချက်များကိုထိရောက်စွာ ပြည့်မီစေရန်စွမ်းဆောင်နိုင်မည်ဖြစ်သည်။

လန်ကျိုးတက္ကသိုလ် Materials and Energy ကျောင်းမှ ပါမောက္ခ Li Jun Shuai က ” တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကာဘွန်ထုတ်လွှတ်မှုကိုလျှော့ချတဲ့ တီထွင်မှုတွေကို အားသန်ကြပါတယ် ၊
ဥပမာအားဖြင့် ဆိုလာစွမ်းအင် လုပ်ငန်းကိုနမူနာကြည့်လိုက်ပါ ကျွန်တော်တို့နိုင်ငံရဲ့ စွမ်းအင်သိုလှောင်ရေးကဏ္ဍမှာ အခြေခံသုတေသနနဲ့နည်းပညာ ဟာ ကမ္ဘာပေါ်မှာ ထိပ်တန်းနေရာမှာ ရှိနေ ပြီး ကမ္ဘာကြီးကို တရုတ်နိုင်ငံရဲ့ သုတေသနရလဒ်တွေနဲ့ထောက်ပံ့ပေးထားတာဖြစ်ပါတယ်” ဟု ဆိုသည်။
ယခင်က လန်ကျိုးတက္ကသိုလ်မှ သုတေသီများသည် ပါးလွှာသည့် ဖလင်နေရောင်ခြည်စွမ်းအင်သုံးဆဲလ်များ၊ ဆီလီကွန်ဆိုလာဆဲလ်များ၊ လစ်သီယမ်အိုင်ယွန်း ဓါတ်ခဲများ၊ ကြီးမားသော ရေသိုလှောင်မှုနှင့် အလင်းနှင့်ဓာတုနည်းပညာသုံး ရေထုတ်လုပ်ရေးကိရိယာများအား ဆန်းသစ်တီထွင်ကာ သုတေသနလုပ်ဆောင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်မတိုင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှုလုံးဝလျှော့ချရန် နှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဘွန်အသုံးပြုမှုကင်းစင်စေကာ ကမ္ဘာ့ သမိုင်း၌ အချိန်အတိုဆုံးကာဘွန်ထုတ်လွှတ်မှုအား တစ်ကမ္ဘာလုံးတွင် ပမာဏအကြီးဆုံး ဖြတ်တောက်နိုင်ခဲ့သည့်နိုင်ငံအဖြစ်သို့ရောက်ရှိစေရန်ရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ (Xinhua)

…………………………………..
(English Version)
GLOBALink| Chinese scientists work for achieving carbon neutrality goal
LANZHOU, Jan. 15 (Xinhua) — More Chinese researchers are now engaged in studies or innovations related to reducing carbon emissions, as the country works to achieve its carbon neutrality goal.
Lanzhou University, based in northwest China’s Gansu Province, has jointly established an institute with LONGi Green Energy Technology Co., Ltd. to build a research and development platform of clean energy technology, equipment and material.
Gansu, with broad Gobi and desert areas, has abundant wind, light and heat resources which can be efficiently utilized to better serve the country’s carbon reduction goal.
Previously, the researchers from Lanzhou University have made creative research in thin-film solar cells, silicon solar cells, lithium-ion batteries, water supercapacitors and photocatalytic hydrogen production.
China has pledged to have carbon dioxide emissions peak before 2030 and achieve carbon neutrality before 2060, making the world’s biggest cut in carbon emission intensity in the shortest time frame in history.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.