Connect with us

North America

ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးဆွေးနွေးရန် အမေရိကန်နိုင်ငံ နျူကလီးယားအထူးသံတမန် တောင်ကိုရီးယားနိုင်ငံသွားမည်

ဆိုးလ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နျူကလီးယားဆိုင်ရာ အထူးသံတမန်သည် တောင်ကိုရီးယားနိုင်ငံ တာဝန်ရှိသူနှင့် ကိုရီးယားကျွန်းနျူးကလီးယားအရေးဆွေးနွေးရန် ဩဂုတ် ၂၁ ရက်၌ တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ် Sung Kim သည် ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ တောင်ကိုရီးယားသို့ လေးရက်ကြာသွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် မေလက ၎င်းတာဝန်ယူခဲ့ချိန်မှစ၍ ဒုတိယအကြိမ်မြောက် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ဖြစ်သည်။ ၎င်းသည် ဇွန်လက တောင်ကိုရီးယားနိုင်ငံသို့ ငါးရက်ကြာခရီးစဉ် တစ်ခုသွားခဲ့ကြောင်း သိရသည်။

Kim သည် ဩဂုတ် ၂၄ ရက်၌ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ အထူးကိုယ်စားလှယ် Noh Kyu-duk နှင့် တွေ့ဆုံမည်ဖြစ်သလို ကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး ပြီးစီးစေရန်နှင့် တည်တံ့သောငြိမ်းချမ်းရေးအခြေကျမှု၌ ထိရောက်သော တိုးတက်မှုအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများ ဆွေးနွေးသွားမည် ဖြစ်သည်။

ဇွန်လက ၎င်း၏ တောင်ကိုရီးယားခရီးစဉ်အတွင်း အမေရိကန် သံတမန်သည် ၎င်းနိုင်ငံအနေဖြင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ မည်သည့်နေရာ၊ မည်သည့်အချိန်၌ဖြစ်စေ” မြောက်ကိုရီးယားနိုင်ငံနှင့် တွေ့ဆုံနိုင်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံကြား နျူကလီးယားကင်းစင်ရေး ဆွေးနွေးမှုများမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ သဘောတူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့သည့် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြား ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးပြီးချိန်မှစ၍ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။ (Xinhua)

———————————————-
(English Version)

U.S. nuke envoy to visit S.Korea over Korean Peninsula nuke issue

SEOUL, Aug. 20 (Xinhua) — A U.S. nuclear envoy will visit South Korea on Saturday to discuss the Korean Peninsula nuclear issue with his South Korean counterpart, Seoul’s foreign ministry said Friday.

Sung Kim, U.S. special representative for the Democratic People’s Republic of Korea (DPRK), is scheduled to make a four-day trip to South Korea from Saturday to Tuesday.
It would be his second visit to Seoul since he took office in May. The U.S. diplomat made a five-day travel to South Korea in June.

On Monday, Kim is set to meet with Noh Kyu-duk, South Korea’s special representative for Korean Peninsula peace and security affairs, to discuss bilateral cooperative ways for a substantive progress in the complete denuclearization of and the permanent peace settlement on the peninsula.

During his June visit to Seoul, the U.S. envoy said his country can meet with the DPRK “anywhere, anytime without preconditions.”
Denuclearization talks between the DPRK and the United States have been stalled since the second summit between top DPRK leader Kim Jong Un and former U.S. President Donald Trump ended without agreement in February 2019 in the Vietnamese capital of Hanoi. Enditem

File Photo: Top leader of the Democratic People’s Republic of Korea (DPRK) Kim Jong Un (L) meets with U.S. President Donald Trump in Singapore, on June 12, 2018. (Xinhua/The Straits Times)