Connect with us

China

ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားဝင်နေရာပြန်လည်ရရှိခြင်းက အရေးကြီးကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် အရေးပါကြောင်း သမ္မတ ရှီ ပြောကြား

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှနေ၍ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဗီဒီယိုမှတစ်ဆင့် တက်ရောက်နေသော သမ္မတ ရှီကျင့်ဖိန်အား စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ တရားဝင်နေရာပြန်လည် ရရှိခြင်းသည် ကမ္ဘာကြီးနှင့် ကုလသမဂ္ဂအတွက် အလွန်ကြီးမားသော လေးနက်မှုတစ်ခုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သောကမ္ဘာကြီး နှစ်ခုလုံးအတွက် အရေးကြီး၍ ကျယ်ကျယ်ပြန့်ပြန့်အရေးပါကြောင်း သမ္မတ ရှီကျင့်ဖိန်က ယနေ့အောက်တိုဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်။

ရှီသည် ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ တရားဝင်နေရာပြန်လည် ရရှိခြင်း နှစ် ၅၀ ပြည့်မြောက်သည့်အထိမ်းအမှတ် ကွန်ဖရင့်တွင် ပေကျင်းမြို့၌ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂတွင် PRC ၏ တရားဝင်နေရာပြန်လည်ရရှိခြင်းသည် တရုတ်ပြည်သူများ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံက ကုလသမဂ္ဂစင်မြင့်ထံ ပြန်လည်ရောက်ရှိလာသည့် အထိမ်းအမှတ်လည်း ဖြစ်ကြောင်း ရှီက ဆိုသည်။

တရားဝင်နေရာပြန်လည်ရရှိခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တရားအတွက် ရပ်တည်ကြသော ငြိမ်းချမ်းကို ချစ်မြတ်နိုးသည့် နိုင်ငံများအားလုံး၏ ကြိုးပမ်းအားထုတ်မှုရလဒ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Xi says restoration of PRC’s seat in UN has significant, far-reaching importance
Source: Xinhua| 2021-10-25 13:13:04|Editor: huaxia
BEIJING, Oct. 25 (Xinhua) — Chinese President Xi Jinping on Monday said that the restoration of the lawful seat of the People’s Republic of China (PRC) in the United Nations (UN) was a momentous event for the world and the UN, which was of significant and far-reaching importance for both China and the wider world.
Xi made the remarks in Beijing at a conference marking the 50th anniversary of the restoration of the PRC’s lawful seat in the UN.
The restoration of the PRC’s lawful seat in the UN marked the return of the Chinese people, or one-fourth of the world’s population, back to the UN stage, Xi said.
The restoration came as a result of joint efforts of all peace-loving countries that stood up for justice in the world, Xi said. Enditem
Photo : Chinese President Xi Jinping addresses the general debate of the 76th session of the United Nations General Assembly via video, in Beijing, capital of China, Sept. 21, 2021. (Xinhua/Huang Jingwen)