Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက ၂၁ ရာစုတွင် စစ်တပ်အာဏာသိမ်းခြင်းများကို လက်မခံနိုင်ကြောင်း ပြောကြား

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇန်နဝါရီ ၂၁ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

ဇန်နဝါရီ ၂၄ ရက်က ဖြစ်ပွားခဲ့သော အနောက်အာဖရိကနိုင်ငံ ဖြစ်သည့် ဘာကီးနားဖားဆိုနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှု နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားရာ၌ ၂၁ ရာစုတွင် စစ်တပ်က အာဏာသိမ်းခြင်းများကို လက်မခံနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒီမိုကရေစီ လူဘောင်အဖွဲ့အစည်းတွေဟာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တန်ဖိုးတစ်ခု ဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းတာတွေက ၂၁ ရာစုမှာ လက်မခံနိုင်ပါဘူး။”ဟု ကုလသမဂ္ဂအကြီးအကဲက နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဘာကီးနားဖားဆိုနိုင်ငံ၌ မကြာသေးမီက အစိုးရကို ဖြုတ်ချ အာဏာသိမ်းခြင်းကို ၎င်းအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး စစ်တပ်၏ အခန်းကဏ္ဍသည် ၎င်းတို့၏ နိုင်ငံနှင့် ပြည်သူများကို ကာကွယ်ရန် ဖြစ်ရမည် ဖြစ်ကြောင်း ၊ အာဏာအတွက် တိုက်ခိုက်ရန် နှင့် ၎င်းတို့၏ အစိုးရကို ထိုးနှက်တိုက်ခိုက်ရန် မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ကံအကြောင်းမလှစွာပဲ အဲဒီဒေသတွင်းမှာ အကြမ်းဖက်အုပ်စုတွေ ရှိတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ငြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ကျွန်တော် မေတ္တာရပ်ခံချင်တာက အဲဒီနိုင်ငံက တပ်တွေအနေနဲ့ သူတို့ရဲ့ စစ်သားပီသတဲ့ အခန်းကဏ္ဍကို လက်ခံဖို့ ၊ သူတို့ရဲ့နိုင်ငံကို ကာကွယ်ဖို့နဲ့ ဒီမိုကရေစီအလေ့အထကို ပြန်လည်ထူထောင်ဖို့ ဖြစ်ပါတယ်။”ဟု အန်တိုနီရိုဂူတာရက်စ်က အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)
UN chief says military coups unacceptable in 21st century
UNITED NATIONS, Jan. 25 (Xinhua) — United Nations Secretary-General Antonio Guterres said on Tuesday that military coups are not acceptable in the 21st century while speaking briefly about the military coup that occurred in the West African country of Burkina Faso the day before.
“Democratic societies are a value that must be preserved. Military coups are unacceptable in the 21st century,” the UN chief told reporters at the UN headquarters in New York.
The top UN official said that he is deeply concerned with the recent coup d’etat in Burkina Faso, noting that “the role of the military must be to defend their countries and their peoples, not to attack their governments and to fight for power.”
“We have, unfortunately in the region, terrorist groups, we have threats to international peace and security. My appeal is for the armies of these countries to assume their professional role of armies, to protect their countries and re-establish democratic institutions,” Guterres stressed. Enditem
Photo – UN Secretary-General Antonio Guterres briefs the UN General Assembly on his priorities for 2022 at the UN headquarters in New York on Jan. 21, 2022. Antonio Guterres on Friday raised five alarms for the world for 2022. (Eskinder Debebe/UN Photo/Handout via Xinhua)