Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် ရထားသံလမ်း နောက်ဆုံးအသုတ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း အမှတ်-၈ ဥမင် တည်ဆောက်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ ရထားသံလမ်းနောက်ဆုံးအသုတ် တန် ၆,၆၀၀ မှာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ Cilacap ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း ရထားလမ်း တည်ဆောက်ရေးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံပိုင် လုပ်ငန်းများကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ၁၄၂.၃ ကီလိုမီတာရှိသော မြန်နှုန်းမြင့်ရထားလမ်းအား လုပ်ကိုင်သည့် KCIC မှ ထုတ်ပြန်ချက်အရ ရောက်ရှိလာသော ရထားသံလမ်းများသည် ဂျကာတာ-ဘန်ဒေါင်း HSR သံလမ်းခင်းခြင်းအတွက် အခြေအနေများ ဖန်တီးပေးလျက်ရှိသလို စီမံကိန်း တည်ဆောက်မှု အရှိန်မြှင့်တင်ခြင်းအတွက် အားကောင်းသော ထောက်ပံ့မှု ပံ့ပိုးပေးခြင်းလည်း ဖြစ်ကြောင်း သိရသည်။

တန်၃၈,၁၀၀ တန်ရှိသော သံမဏိသံလမ်းစုစုပေါင်းပမာဏအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Fangchenggang မြို့ ဆိပ်ကမ်းမှ ပင်လယ်ရေကြောင်းဖြင့် အသုတ် ငါးသုတ် တင်ပို့ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ၁၀ လအတွင်း ရောက်ရှိလာခဲ့သည်။

အဆိုပါ ရထားသံလမ်းများအား အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်း ပြင်ပရှိ Tegal Luar Depot ၏ ရထားသံလမ်းခင်းခြင်းနေရာသို့ ရှိနှင့်ပြီးသား ကျဉ်းမြောင်းသောရထားလမ်းမှတစ်ဆင့် တင်ပို့သွားမည်ဖြစ်သည်။

၎င်းရထားသံလမ်းများကို Tegal Luar စီရင်စုရှိ မီတာ ၅၀၀ ရှည်လျားသော သံမဏိရထားလမ်းအတွင်းသို့ ထပ်မံဂဟေဆော် ပြုလုပ်သွားမည်ဖြစ်ကာ လိုင်းတစ်ခုလုံး အသုံးပြုသွားမည်ဖြစ်ကြောင်း KCIC က ဆိုသည်။

တစ်နာရီလျှင် အမြန်နှုန်း ၃၅၀ ကီလိုမီတာဖြင့် မြန်နှုန်းမြင့်ရထားလမ်းသည် ဂျကာတာမြို့နှင့် အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းမြို့ကြား ခရီးသွားလာချိန်ကို သုံးနာရီကျော်မှ ၄၀ မိနစ်ခန့်အထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။ (Xinhua)

————————————
(English Version)
Last batch of rails for Jakarta-Bandung HSR arrives in Indonesia
2021-09-21 15:43:00
JAKARTA, Sept. 21 (Xinhua) — The last batch of 6,600 tons of rails of Jakarta-Bandung High Speed Railway (HSR) arrived at the Cilacap Port in Indonesia’s Central Java province, the railway’s operator said on Tuesday.
A statement released by KCIC, a joint venture consortium between Chinese and Indonesian state-owned firms that runs the 142.3-km HSR, said the arrival creates conditions for the track laying of Jakarta-Bandung HSR and provides strong support for accelerating the project construction.
The total amount of steel rails, weighted 38,100 tons, were shipped by sea from port of Fangchenggang city in south China’s Guangxi Zhuang Autonomous Region in five batches and arrived in Indonesia in 10 months.
The rails will be transported to the track-laying base of the Tegal Luar Depot, on the outskirt of West Java province’s capital Bandung in batches via the existing narrow-gauge railway.
KCIC said the rails will be further welded into 500-meter-long steel rails in Tegal Luar and put into use in the whole line.
With a speed of 350 km per hour, the high-speed railway will cut the journey between Jakarta and Bandung, the capital of West Java province, from more than three hours to around 40 minutes. Enditem

Photo provided by the interviewee shows the No. 8 tunnel of the Jakarta-Bandung High Speed Railway in Indonesia under construction. (Xinhua)