Connect with us

Asia

ဂျပန်နိုင်ငံ အိုဆာကာမြို့နှင့် ဖူဂျီတောင်အနီးတွင် ငလျင်များလှုပ်ခတ်ပြီးနောက် ငလျင်များ ထပ်မံလှုပ်ခတ်နိုင်ကြောင်း ဂျပန်မိုးလေဝသ တာဝန်ရှိသူများက သတိပေး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရိုက်ကူးထားသောဓာတ်ပုံသည် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားစီရင်စု၊ ဆိုမာမြို့၌ ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသော အဆောက်အဦအားတွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူဂျီတောင်အနီးတွင် အင်အား ရစ်(ခ်)တာစကေး ၄.၈အဆင့်ရှိ ငလျင်နှင့် ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၅.၄ အဆင့်ရှိသော ငလျင်များ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့ပြီးနောက် တစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည်ဟု ဂျပန်မိုးလေဝသဌာနမှ တာဝန်ရှိသူများက သတိပေးထားသည်။

ဂျပန်မိုးလေဝသဌာနက ငလျင်နှစ်ခု လှုပ်ခတ်ပြီးနောက် ဆူနာမီအန္တရာယ် မရှိကြောင်း ပြောကြားခဲ့သော်လည်း တစ်ပတ်အတွင်း အလားတူ ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် အဆိုပါ ငလျင်နှစ်ခုသည် ဆက်နွှယ်ဖွယ်မရှိကြောင်း ငလျင်ဗေဒပညာရှင်များက ဆိုသည်။
မိုးလေဝသဌာန၏အဆိုအရ ဖူဂျီတောင်အနီးတွင် လှုပ်ခတ်ခဲ့သော ငလျင်သည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၇ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး Yamanashi စီရင်စု အရှေ့ဘက်ခြမ်းရှိ Otsuki မြို့တွင် ဂျပန်ရှိ ငလျင်ပြင်းထန်မှုသတ်မှတ်ချက် အဆင့် ၇ အနက် အဆင့် ၅ အောက် ရှိသော ငလျင်ဖြစ်ကြောင်း သိရသည်။ ယင်းငလျင်သည် မြေအောက်အနက် ၁၉ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် အင်အား ရစ်(ခ်)တာစကေး ၄.၁ နှင့် အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိသောငလျင်များသည် အလားတူနေရာ၌ ဒေသစံတော်ချိန် နံနက် ၂နာရီ ၁၈ မိနစ်နှင့် ၂နာရီ ၂၃ မိနစ်တို့တွင် အသီးသီးလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ အမြင့်ဆုံးတောင်ထွတ်ဖြစ်သော ဖူဂျီတောင်၏ မီးတောင်စောင့်ကြည့်လေ့လာရေးအချက်အလက်နှင့် ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူ Shinya Tsukada က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ယခင်ကလည်း အလားတူငလျင်အမျိုးအစားများရှိခဲ့သောကြောင့် အထူးသတိထားရန်လိုအပ်သည့် ငလျင်များကြားတွင် ဌာနအနေဖြင့် ထည့်သွင်းမစဉ်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငလျင်သည် ဖိလစ်ပိုင်ပင်လယ်ကြမ်းပြင် လှုပ်ရှားမှုကြောင့် ဖြစ်နိုင်ကြောင်းနှင့် ယင်းငလျင်သည် အနောက်မြောက်နှင့် အရှေ့တောင်ဘက်တို့မှ ကမ္ဘာ့မြေလွှာကို ဖိအားသက်ရောက်စေသည့် နောက်ပြန်ပြတ်ရွေ့ကြောငလျင်တစ်ခုဖြစ်ကြောင်း Tsukadas မှ ပြောကြားခဲ့သည်။

အိုဆာကာမြို့အနီးတွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၈ မိနစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် Wakayama စီရင်စုရှိ Gobo မြို့တွင် တွင် ဂျပန်နိုင်ငံ၏ ငလျင် သတ်မှတ်မှုအဆင့် ၇ သတ်မှတ်ချက်အရ အဆင့် ၅ အောက်တွင် ရှိပြီး ၎င်းငလျင်သည် မြေအောက်အနက် ၁၈ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………….
(English Version)
Japan weather officials warn of more temblors after quakes jolt areas near Mt. Fuji, Osaka
TOKYO, Dec. 3 (Xinhua) — Weather officials in Japan warned that more tremors could occur within a week, following a magnitude-4.8 earthquake near Mt. Fuji and a magnitude-5.4 earthquake closed to Japan’s western city of Osaka on Friday morning.
The Japan Meteorological Agency said there was no threat of a tsunami following the two quakes but warned that a temblor of similar intensity could occur within a week.
In addition, seismologists said it is most likely that the two quakes are unrelated.
According to the agency, the quake near Mt. Fuji occurred at around 6:37 a.m. local time, registering lower 5 on the Japanese seismic intensity scale of 7 in Otsuki in the eastern part of Yamanashi Prefecture. The focus of the quake was at a depth of about 19 kilometers.
Earlier, magnitude-4.1 and magnitude-3.6 quakes occurred at 2:18 a.m. and 2:23 a.m. local time, respectively, in the same area.
Meteorological Agency official Shinya Tsukada said at a press conference that “there is no particular change” to volcanic observation data at Mt. Fuji, Japan’s highest peak, and the agency did not consider the quakes among those that require special attention because there have been similar types of quakes in the past.
Tsukadas said that the quake was likely caused by the sinking of the Philippine Sea Plate and was a reverse-fault quake in which the earth’s crust came under pressure from the northwest and southeast.
The quake close to Osaka occurred at around 9:28 a.m. local time in the prefecture of Wakayama, registering lower 5 on the Japanese scale of 7 in Gobo, and the focus was at a depth of 18 km. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.