Connect with us

Africa & Middle East

ဆိုမာလီနိုင်ငံ မြို့တော်တွင် ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာ သေဆုံး

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တွင် အသေခံကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် နိုဝင်ဘာ ၂၅ ရက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးပြီး အခြားသူများလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် မိုဂါဒစ်ရှူးမြို့၏ KM4 လမ်းဆုံအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူအမြောက်အများ သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ပေါက်ကွဲမှုမှာ ကျောင်းသားတွေ အပါအဝင် လူအမြောက်အများ သေဆုံးခဲ့တယ်။ နောက်ပိုင်းမှာ အသေးစိတ်အချက်အလက် ထုတ်ပြန်ပေးသွားပါမယ်” ဟု ၎င်းအရာရှိက ဆိုသည်။

မျက်မြင်သက်သေများကလည်း ဟိုဒန်ခရိုင်တွင် ကြီးမားလှသော ပေါက်ကွဲသံကို ကြားခဲ့ရကြောင်းနှင့် အဆောက်အဦအချို့ ပျက်စီးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ယူပြောကြားထားခြင်းမရှိသေးပေ။ (Xinhua)

…………………………………………
(English Version)
Several killed in blast in Somali capital
Source: Xinhua| 2021-11-25 15:06:14|Editor: huaxia
MOGADISHU, Nov. 25 (Xinhua) — Several people were killed and some others were feared injured in an explosion in Somalia’s capital Mogadishu early Thursday, police and witnesses said.
A police officer who declined to be named told Xinhua that the blast which took place near Mogadishu’s KM4 junction caused multiple casualties.
“So far, we know that several people including students have been killed in the blast. We will give you further details later,” the officer said.
Witnesses said they heard a massive explosion in Hodan district, and some buildings have been damaged.
No group has claimed responsibility for the attack. Enditem
Photo :– MOGADISHU, July 10, 2021 (Xinhua) — Photo taken on July 10, 2021 shows the scene of a suicide car bombing attack in Mogadishu, Somalia. At least seven people were killed and ten others injured in a suicide car bombing attack targeting Mogadishu police chief in the Somali capital Mogadishu on Saturday, police and witnesses said. (Photo by Hassan Bashi/Xinhua)