Connect with us

Africa & Middle East

ဆီးရီးယားက အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအား ရုပ်သိမ်းပေးရန်တောင်းဆို

ဒမတ်စကပ်စ် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဆီးရီးယားအပေါ်ချမှတ်ထားသောအနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် နိုင်ငံတကာ ဥပဒေအားချိုးဖောက်ရာရောက်ကြောင်းဝေဖန်ပြောကြားခဲ့ပြီး အရေးယူပိတ်ဆို့မှုများ အားလုံးကို လုံးဝရုပ်သိမ်းပေးရန် ဆီးရီးယား ပါလီမန်ဥက္ကဋ္ဌ Hammouda Sabbagh က သြဂုတ် ၂၄ ရက်တွင် တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA တွင်ဖော်ပြထားသည်။
ပြင်သစ်လွှတ်တော်အမတ် Thierry Mariani ဦးဆောင်သော ဥရောပပါလီမန်မှ လာရောက်သောကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ဆီးရီးယားကိုထောက်ပံ့ရာတွင် Mariani ၏ရပ်တည်ချက်များအတွက်ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ဥရောပနှင့် ပြင်သစ်နိုင်ငံ၌ ရောက်ရှိနေသော ဆီးရီးယားဒုက္ခသည်များအား ပြန်လည်ခေါ်ဆောင်ရေး အရေးကြီးကြောင်း Sabbagh က အတည်ပြုခဲ့သည်။

ဆေးပစ္စည်းများနှင့် စက်ပစ္စည်းများအား ဆေးရုံများသို့ တင်ပို့ခွင့်အား ပိတ်ထားသည့်အချိန်ကတည်းက ဆီးရီးယား၌ ဆေးဘက်ဆိုင်ရာကဏ္ဍတွင် ထိခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။

ဆီးရီးယားသို့လာရောက်သည့် သူ၏ ခရီးစဉ်သည် မြေပြင်အခြေအနေမှန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ၏အကျိုးဆက်များကိုဖော်ထုတ်ရန်ရည်ရွယ်ကြောင်း Mariani က ပြောကြားခဲ့သည်။

ဆီးရီးယားပေါ် ဥရောပ၏ ဦးတည်ချက်နှင့် အမြင်များအား ပြောင်းလဲရန်လိုအပ်သည်ဟု Mariani အလေးပေးပြောကြားခဲ့ကြောင်း SANA တွင်ဖော်ပြထားသည်။ (Xinhua)

…………………………………………
(English Version)

Syria calls for lifting Western sanctions

DAMASCUS, Aug. 25 (Xinhua) — Syrian Parliament Speaker Hammouda Sabbagh on Tuesday slammed the Western sanctions imposed on Syria as a violation of international Law, calling for lifting such measures completely, according to the state news agency SANA.

Sabbagh, during his meeting with a visiting delegation from the European Parliament headed by French politician Thierry Mariani, voiced appreciation for Mariani’s stances in supporting Syria, affirming the importance of conveying what Syrians have been suffering to the public in France and Europe.

He said that the sanctions have affected the medical sector since the imports of medical materials and equipment to hospitals in Syria have been restricted.

For his part, Mariani said his visit to Syria aims to figure out the reality on the ground as well as the repercussions of the sanctions.

Mariani also stressed the necessity of changing the European stance and points of view toward Syria, according to SANA. Enditem