Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ သမ္မတက ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြော

မနီလာ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် ၎င်း၏ သမ္မတရာထူး ၆ နှစ်သက်တမ်းကုန်ဆုံးချိန်ဖြစ်သော ၂၀၂၂ ခုနှစ် မေလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဒုတိယသမ္မတ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။အသက် ၇၆ နှစ်အရွယ် ဒူတာတေးက ကြိုတင်အသံသွင်းယူထားသော ပြည်သူအားပြောကြားသည့်မိန့်ခွန်း၌ ၎င်း၏ နိုင်ငံရေးအစီအစဉ်များအား ကြေညာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် (၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ) ဒုတိယသမ္မတအနေနဲ့ ဝင်အရွေးခံမှာပါ” ဟု ဒူတာတေးက ပြောခဲ့သည်။ ၎င်းအနေဖြင့် ပုန်ကန်မှု၊ ဥပဒေနှင့်ငြိစွန်းမှုနှင့် တရားမဝင်မူးယစ်ဆေး တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား ဆက်လက်လုပ်ဆောင်လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် ဒုတိယသမ္မတနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ၏ ထောက်ခံချက်ကို ဒူတာတေး လက်ခံရရှိကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးလည်းဖြစ်၊ အုပ်ချုပ်ခွင့်ရ PDP-Laban ပါတီ အမှုဆောင် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ Karlo Nogralesက ကြေညာပြီး နာရီအနည်းငယ်အကြာ၌ ဒူတာတေး၏ အတည်ပြု ပြောကြားချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

PDP-Laban ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒူတာတေးသည် သမ္မတနန်းတော်၌ ပါတီတာဝန်ရှိသူများနှင့် ဩဂုတ်၂၃ ရက်ညပိုင်းက တွေ့ဆုံစဉ် ထောက်ခံချက်အား လက်ခံခဲ့ခြင်းဖြစ်ကြောင်း Nograles က ပြောခဲ့သည်။

ဒူတာတေးသည် ၂၀၁၆ ခုနှစ် မေလရွေးကောက်ပွဲ၌ သမ္မတအဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံဥပဒေအရ တစ်ကြိမ်တည်းခြောက်နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရန် ကန့်သတ်ထားကြောင်း သိရသည်။

ဒုတိယသမ္မတအား ဖိလစ်ပိုင်ဥပဒေအရ သမ္မတမှ သီးခြားရွေးချယ်ခြင်းဖြစ်သည်။ ဒုတိယသမ္မတသည် သမ္မတကွယ်လွန်ခြင်း သို့မဟုတ် မသန်စွမ်းဖြစ်ခဲ့ပါက သမ္မတတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ (Xinhua)

…………………………………………
(English Version)

Philippine president says to run for vice president in 2022 elections

MANILA, Aug. 24 (Xinhua) — Philippine President Rodrigo Duterte said late on Tuesday that he would run for vice president in the May 2022 elections when his single six-year term ends.
Duterte, 76, announced his political plans in a pre-recorded televised public address.

“I am running for vice president (in the 2022 elections),” Duterte said, adding he wants to continue his crusade against insurgency, criminality, and illegal drugs.

Duterte’s confirmation comes a few hours after Cabinet Secretary Karlo Nograles, also the executive vice president of the governing PDP-Laban party, announced that Duterte had accepted the party’s endorsement to run for vice president next year.

Nograles said Duterte, also chairman of PDP-Laban party, accepted the endorsement during his meeting Monday night with party officials at the presidential palace.
Duterte was elected president in the May 2016 elections. The constitution limits Philippine presidents to a single six-year term.

The vice president is elected separately from the president under the Philippine law. The vice president can be propelled to the presidency if the president dies or is incapacitated. Enditem

File picture shows Philippine President Rodrigo Duterte speaks during the celebration of the 84th anniversary of the Armed Forces of the Philippines (AFP) inside Camp Aguinaldo in Quezon City, the Philippines, Dec. 17, 2019. (Xinhua/Rouelle Umali)