Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကတိကဝတ်ပြုကြောင်း ထုတ်ဖော်ပြောဆို

ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးစစ်ကောင်စီဥက္ကဋ္ဌ Abdel-Fattah Al-Burhan အား ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သော လက်မှတ်ရေးထိုးပွဲတစ်ခု၌ တွေ့ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကတိကဝတ်ပြုကြောင်း နိုဝင်ဘာ ၇ ရက်တွင် ထပ်လောင်းပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် ဆူဒန် TV က ထုတ်လွှင့်ခဲ့သည်။

အဆိုပါ ပြောကြားချက်သည် စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က အာရပ်အုပ်စု လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Hossam Zaki ဦးဆောင်သည့် အာရပ်အဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်တပ်အနေနဲ့ ပြည်သူက ရွေးချယ်ထားတဲ့ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာတဲ့အထိ ဒီမိုကရေအသွင်ကူးပြောင်းရေးအတွက် ကတိပြုပါတယ်။”ဟု စစ်ဦးစီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ ဆူဒန် TV က ထုတ်လွှင့်ခဲ့သည်။

အာရပ်အဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Hossam Zaki က အဖွဲ့အစည်းအားလုံးအတွက် လက်သင့်ခံနိုင်သည့် ပြေငြိမ်းမှုတစ်ခု ရရှိစေရန် ဆူဒန်အစိတ်အပိုင်းများအားလုံးအကြား ဆွေးနွေးမှု၏ အရေးပါပုံကို အလေးအနက် ပြောကြားခဲ့သည်။

စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း၌ ဆူဒန်အဖွဲ့များ ပါဝင်ရေး ကူညီရန် အာရပ်အဖွဲ့ချုပ်က အသင့်ရှိကြောင်း Zaki က ထပ်လောင်းထုတ်ဖော်ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Al-Burhan က အောက်တိုဘာ ၂၅ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာပြီး အချုပ်အခြာအာဏာပိုင် ကောင်စီနှင့် အစိုးရအား ဖျက်သိမ်းပြီးနောက် ဆူဒန်နိုင်ငံသည် နိုင်ငံရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အာဏာရညွန့်ပေါင်းအဖွဲ့တွင် အရပ်သားအစိတ်အပိုင်းဖြစ်သည့် လွတ်လပ်ရေး နှင့် ပြောင်းလဲရေး မဟာမိတ်အင်အားစုများက စစ်ဦးစီးချုပ် Abdel Fattah Al-Burhan သည် စစ်အာဏာသိမ်းမှု ပြုလုပ်နေကြောင်း စွပ်စွဲထားသည်။ (Xinhua)

————————–
(English Version)
Sudanese army chief voices commitment to democratic transition
KHARTOUM, Nov. 7 (Xinhua) — General Commander of the Sudanese Armed Forces Abdel Fattah Al-Burhan on Sunday reiterated commitment to democratic transition in the country, official Sudan TV reported.

Al-Burhan made the remarks when he received a delegation of the Arab League led by Hossam Zaki, assistant secretary-general of the Arab bloc.

“The armed forces are committed to the democratic transition until an elected government selected by the people is reached,” Al-Burhan was quoted by Sudan TV as saying.

Zaki stressed the importance of dialogue among all Sudanese components to reach a satisfactory settlement for all parties.

He further expressed the Arab League’s readiness to help the Sudanese parties sit at the negotiating table.

Sudan has been suffering from a political crisis after Al-Burhan declared a state of emergency on Oct. 25 and dissolved the sovereign council and government.

The Forces of Freedom and Change alliance, the civilian component in the ruling coalition, accused Al-Burhan of carrying out a military coup. Enditem

Photo – Chairman of Sudan’s Transitional Military Council Abdel-Fattah Al-Burhan speaks during the signing ceremony of the political and constitutional declarations to mark the beginning of the transitional rule, in Khartoum, Sudan, on Aug. 17, 2019. (Xinhua/Mohamed Khidir)