Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်ရောက်

ခါတွန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok နှင့် ၎င်း၏ ဇနီးတို့သည် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးချုပ်၏ရုံးက အောက်တိုဘာ ၂၆ ရက်တွင် ဖေ့ဘွတ်ခ်အကောင့်၌ ရေးသားဖော်ပြခဲ့သည်။ဝန်ကြီးချုပ်သည် အချုပ်အခြာအာဏာပိုင်ကောင်စီတွင် ပါဝင်သည့် ၎င်း၏ အရပ်သား ဝန်ကြီးအချို့နှင့်အတူ အောက်တိုဘာ ၂၅ ရက်အစောပိုင်းမှစ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးစစ်ကောင်စီဥက္ကဋ္ဌ Abdel-Fattah Al-Burhan အား ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော လက်မှတ်ရေးထိုးပွဲတစ်ခု၌ တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ ခါတွန်မြို့ရှိ နေရာတစ်ခုမှ မီးခိုးလုံးများ လွင့်ပျံတက်လာသည်ကို အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အောက်တိုဘာ ၂၆ ရက်အစောပိုင်းတွင် ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က ဝန်ကြီးချုပ်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ငြင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်အား ဧည့်ဂေဟာရှိ Al-Burhan အိမ်တော်၌ ကောင်းစွာထားရှိကြောင်း ဆိုသည်။

ဆူဒန်နိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုကစ၍ အသွင်ကူးပြောင်းရေးအစိုးရ တာဝန်ယူထားသည့် အရပ်သားဝန်ထမ်းများနှင့် စစ်တပ်ဝန်ထမ်းများအကြား တင်းမာမှုသည် ဆက်လက် အရှိန်မြှင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)
Sudanese PM returns home under tight security — PM’s office

KHARTOUM, Oct. 27 (Xinhua) — Sudanese Prime Minister Abdalla Hamdok has returned home with his wife under tight security, the prime minister’s office said on its Facebook account on Tuesday.
Since early Monday, Hamdok and some of his ministers together with civilian members in the Sovereign Council were arrested.

Earlier on Tuesday, General Commander of the Sudanese Armed Forces Abdel Fattah Al-Burhan denied arrest of Hamdok, saying the prime minister is staying at Al-Burhan’s house at the Guest Palace.
Since a coup attempt on Sept. 21 in Sudan, the tensions between the military and civilian partners, who were assuming the transitional government, have continued to escalate. Enditem

Photo 1 – File photo shows Sudan’s Prime Minister Abdalla Hamdok speaking at a press conference in Khartoum, Sudan, Aug. 15, 2020. Sudanese Prime Minister Abdalla Hamdok, members of the Transitional Sovereignty Council’s civilian component and several ministers have been arrested by joint military forces, Sudan’s Ministry of Information and Communications said on Monday. (Photo by Mohamed Khidir/Xinhua)

Photo 2 – Chairman of Sudan’s Transitional Military Council Abdel-Fattah Al-Burhan speaks during the signing ceremony of the political and constitutional declarations to mark the beginning of the transitional rule, in Khartoum, Sudan, on Aug. 17, 2019. (Xinhua/Mohamed Khidir)

Photo 3 – Smoke rises from a site in Khartoum, Sudan, Oct. 25, 2021. Sudanese Prime Minister Abdalla Hamdok, members of the Transitional Sovereignty Council’s civilian component and several ministers have been arrested by joint military forces, Sudan’s Ministry of Information and Communications said on Monday. (Chinese medical expert team to Sudan/Handout via Xinhua)