Connect with us

Africa & Middle East

ဆော်ဒီ နှင့် ထိုင်း နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး အပြည့်အဝပြန်လည်ထူထောင်ရန် သဘောတူ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၂၀၂၀ ပြည့်နှစ် မတ်၂၄ ရက်တွင်ရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး ဖြစ်သည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်သော တရားဝင်ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၅ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးများအား အပြည့်အဝ ပြန်လည်ထူထောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman bin Abdulaziz Al Saud အား ရီယာ့ဒ်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၌ တွေ့ရစဉ်(ဆင်ဟွာ)

ပူးတွဲကြေညာချက်တွင် နှစ်ဘက်လုံးက အစိမ်းရောင် စီးပွားရေး ၊ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု ၊ ဆိုက်ဘာလုံခြုံရေး နှင့် အခြားကိစ္စရပ်များ နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ နှင့် သိပ်မကြာမီကာလအတွင်း သံအမတ်ကြီးများ အပြန်အလှန်ထားရှိရေးတို့ကို နှစ်ဖက်ကြေညာမှုပြုလုပ်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံသို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ခရီးစဉ်သည် ဆော်ဒီနိုင်ငံ၏ အိမ်ရှေ့မင်းသား Mohammed bin Salman bin Abdulaziz Al Saud ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် လက်ဝတ်ရတနာခိုးယူမှုတစ်ခုနှင့် ပတ်သက်၍ သံတမန်ရေးရာ အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ကြောင်း သိရသည်။ (Xinhua)

#SaudiArabia #Thailand #diplomaticties #ဆော်ဒီအာရေဗျနိုင်ငံ #ထိုင်းနိုင်ငံ #သံတမန်ဆက်ဆံရေး #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
———————————-
(English Version)
Saudi, Thailand agree to restore full diplomatic ties
RIYADH, Jan. 25 (Xinhua) — Saudi Arabia and Thailand agreed on Tuesday to restore full diplomatic relations during the official visit of Thai Prime Minister Prayut Chan-o-cha, the first of its kind in more than 30 years.
In a joint statement, the two sides announced the exchange of ambassadors in the near future and deepening of cooperation in the green economy, renewable energy, digital transformation, cybersecurity and others, the Saudi Press Agency reported.
The visit of Prayut to Saudi Arabia came at the invitation of the kingdom’s Crown Prince Mohammed bin Salman bin Abdulaziz Al Saud.
Saudi Arabia downgraded its relations with Thailand after a diplomatic row over a jewellery theft in 1989. ■
Photo 1 – Thai Prime Minister Prayut Chan-o-cha delivers a televised speech in Bangkok, Thailand, March 24, 2020. (Xinhua photo)
Photo 2 – Saudi Crown Prince Mohammed bin Salman Al Saud attends the G20 Leaders’ Summit in Riyadh, on Nov. 21, 2020. (Xinhua photo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.